အရမ်းကြီး ကြီးလွန်းတယ်မဟုတ်ဘဲ လူနှစ်ယောက်အတွက်တော့ ကြီးမားကျယ်ဝန်းနေတဲ့ အိမ်တစ်လုံးထဲ ဖွယ်ဖွယ်ရာရာ အမျိုးစုံလင်စွာဖြင့် ချက်ပြုတ်ပြင်ဆင်ထားသည့် ထမင်းဝိုင်းတွင် အိမ်ပိုင်ရှင် ကောင်လေးနှစ်ယောက်က ခုံ၏ ဟိုဘက်သည်ဘက်ထိုင်ကာ မျက်နှာချင်းဆိုင် ထိုင်ပြီးစားသောက်နေကြ၏။
'ကိုကို'
ဒီအသံလေး
နူးညံ့လွန်းတဲ့ အသာယာဆုံးထိုအသံလေးနဲ့ ခေါ်လာသူသည် သူ့အားချွဲတော့မည်ကို ရိပ်မိပြီး စားနေရင်းပြုံးမိလာသည်။
'အင်း ပြောလေ'
ငယ်ငယ်ထဲက တယုတယနဲ့ အရိပ်တကြည့်ကြည့် ကြည့်ပြီးနေလာတာမို့ တစ်ခုခုတောင်းဆိုတော့မည်ကို စိတ်က အလိုလို အသိပေးနေခဲ့သည်။
'ကျွန်တော်လေ ဟို ကျွန်တော် ချစ်ရမဲ့သူတွေ့နေပြီ'
'ဘယ်လို'
ကိုယ်ကတော့ ကိုယ့်မျက်စိရှေ့မှာ ငယ်သေးတယ်ပဲ ထင်နေခဲ့မိတာ တကယ်တော့သူက အရွယ်ရောက်နေခဲ့ပြီပဲ။
'ဟုတ်တယ်ကိုကို ကျွန်တော်သူ့ကို တကယ်ချစ်တာ ဒါပေမဲ့လေ သူက အချစ်ရေးကိုစိတ်မဝင်စားဘူးလားမသိပာဘူး တွေ့လိုက်တိုင်း အေးတိအေးစက်ကြီးနဲ့'
သူမကြားနိုင်လောက်အောင်ပဲ သက်ပြင်းတိုးတိုးချကာ လက်မှာကိုင်ထားတဲ့ ဇွန်းခရင်းတွေအား ချလိုက်ပြီး မော့ကြည့်လာသည်။
'ဘယ်သူလဲသူက ဘာလုပ်လဲ၊ ဘယ်မှာနေလဲ'
စားသောက်နေတာကို လက်စသတ်ကာ မော့ကြည့်လာတဲ့ ကိုကိုကြောင့် ကိုကိုမေးတဲ့အခာ လိုရမယ်ရဆိုပြီး ကြိုတင်လေ့လာခဲ့တဲ့ သူ့အကြောင်းတွေကြောင့် ပြန်တွေးမိရင်းကိုယ့်လုပ်ရပ်ကို ကိုယ့်ပါ့နေတောင် ဂုဏ်ဆာချင်လာပြီ။
ကောင်လေးကရယ်ကာ ပြုံးပြီး ပြန်ကြည့်နေခဲ့သည်။
'သူက ဆရာတစ်ယောက်ပါကိုကို ဆရာဆိုတာ SM Entertainmentက သင်ကြားရေးဆရာပါ'
'SM Entertainmentက '
Hunရယ် ဘယ်လိုလုပ် သူ့လိုလူမျိုးနဲ့မှ တွေ့သွားရတာလဲကွာ။
YOU ARE READING
My Precious Boys ✔ [ChanBaek BD Present For My Lovely WaiNi]
Romance//ChanBaek Yaoi// I wish you to be happy & healthy in your life and whatever your everything is Okay March 31 day' s [Book]