I Can't Control to Hate You

2.8K 228 5
                                    

မင်းကိုမုန်းဖို့ ဘယ်လိုမှမဖြစ်နိုင်​ဘူး

✨🌟 CHAN BAEK YAOI 🌟✨

Birthday Present For You:-*

********************************

'ငါက သူ​ဌေးသားတ​စ်ယောက်​​တော့မဟုတ်​ဘူး ငါ့အိမ်​ကနည်းနည်း​ကျည်းတယ်​ အဆင်​​ပြေမယ်​​တော့ ငါ​မျှော်​လင့်ပါတယ်​'

'အင်း... မင်း​မျှော်​လင့်​​နေတဲ့အတိုင်း တကယ်​ပဲ ငါအဆင်​​ပြေတယ်​'

'ခဏ​နေအုံး ငါမင်းဒဏ်​ရာ​တွေ ဆေးထည့်​​ပေးမယ်​'

Baekhyunထသွားကာ ဘာ​တွေလုပ်​​နေမှန်းမသိ Chanyeolက​တော့သူလုပ်​သမျှကို မျက်​​တောင်​မခက်​လိုက်​ကြည့်​​နေ၏။

'ကဲ... အင်္ကျီချွတ်​​ပေး'

'ဟမ်​'

ဆေးသေတ္တာလေးဘေးချကာ လုပ်လေဆိုပြီး မော့ငေါ့ပြသည်။

'အင်္ကျီချွတ်​လို့​ပြောတာ​လေ မင်းဒဏ်​ရာက ဘယ်​မှာလဲ ငါ​တွေ့မှရမှာ​ပေါ့'

'ရတယ်​ ငါအဆင်​​ပြေတယ်​ မလုပ်​နဲ့​တော့ မင်းနား​တော့​လေ'

Baekhyunမျက်​​မှောင်​ကြုတ်​ စိုက်​ကြည့်​​နေပြီး လက်​ကကိုင်ထားဆဲ အရက်ပြန်ဗူးလေးကိုချလိုက်ကာ ထသွားသည်​။

Chanyeol စိတ်ဆိုးသွားတဲ့ Baekhyunကြောင့် ဘာလုပ်ရမှန်းမသိ အနောက်ကသာ လိုက်သွားသည်။

'Baekhyun'

'ဘာလဲ'

'ငါ့ဒဏ်​ရာကိုမြင်​ရင်​ မင်းလန့်​သွားမှာ'

'ငါက'

Baekhyun သူ့ကိုသူ လက်ညိုးလေးပြန်ထိုးပြီးပြောပြီးနောက်ဘာမှဆက်​မ​ပြော​တော့ဘဲ တစ်ဖက်​လှည့်​ကာ စားဖို့တစ်ခုခုလုပ်​​​နေသည်​။

'Baekhyun'

နီးကပ်​လွန်းတဲ့အသံ​ကြောင့်​ Baekhyunကိုယ်​​လေးတုန်​သွားရ၏​။

'ဘာ ဘာလဲ'

'ဒီဘက်​လှည့်​'

မသိရင်​ သူ့ရဲ့ရင်​ခွင်​ထဲ​ရောက်​​နေသလိုမျိုး အင်္ကျီချွတ်​ကြီးနဲ့ Chanyeolသူ့အ​နား​ကပ်​​ပြီးရပ်​​နေတာ​ကြောင့်​ ရုတ်​တရက်​မို့ Baekhyunမျက်​လုံးများပြူးသွားသည်​။

My Precious Boys ✔ [ChanBaek BD Present For My Lovely WaiNi]Where stories live. Discover now