CBX <3

149 39 2
                                    

မင်ဆော့လေးဟာ အပေါင်းအသင်းနဲ့ ပတ်သတ်ရင် အရမ်းကံကောင်းတဲ့လူလို့ စိတ်ထဲမှာ ထင်နေတယ်။

ပထမဆုံး EXO ကို စစဝင်တုန်းက အရင်ဆုံး သူငယ်ချင်းအဖြစ် ရင်းရင်းနှီးနှီး နေခဲ့တဲ့ Luhan

Shipping တွေ ဖယ်ထားပြီး လက်တွေ့ဆန်ဆန်ပြောရရင် Luhan ဟာ သူ့သူငယ်ချင်းအပေါ် တော်တော်ကို ဂရုစိုက်တဲ့လူဆိုတာ သိလိမ့်မယ်။

မင်ဆော့ကို အရိပ်လိုကြည့်ပြီး ဘယ်နေရာမဆို မင်ဆော့ပါမှ။ မင်ဆော့နဲ့မှ လုပ်တယ်ဆိုတာမျိုး။ ဒါဟာ သူတယောက်တည်း မလုပ်နိုင်လို့၊ အဖော်လိုချင်လို့ ဆွဲခေါ်တာမျိုး မဟုတ်ပါဘူး။

Luhan Type ဟာ သဲကန္တာရထဲ တယောက်တည်း သွားထားတောင် အထီးကျန်မဲ့လူမျိုးမဟုတ်ဘူး။

သူ့ဟာသူကို ပျော်အောင်နေမဲ့လူမျိုး။

မင်ဆော့ တယောက်တည်း ဖြစ် ဖြစ်နေတာကို သိလို့ တမင်ကို သူ ဆွဲသွင်းတာမျိုး။

(ဥပမာ Weekly Idol မှာ Screen time ပေးပါမယ်။ တခုခုလုပ်ပါဆိုတုန်းက မင်ဆော့ကို အတင်းလက်ဆွဲပီး မင်ဆော့နဲ့ တူတူလုပ်မယ် ပြောတာမျိုး)

မင်ဆော့ဟာ သူ့နှလုံးသားကို ရေခဲနံရံကြီးနဲ့ ကာထားသူသာ ဖြစ်ခဲ့မယ်ဆိုရင် အဲ့သည့်နံရံကြီးကို ပထမဆုံး ဖြိုခွဲခဲ့သူက Luhan ပါ။

မင်ဆော့ဟာ အတော်ကို မျက်နှာပြောင်သူပါ၊ သူ့ကို ခနခန လိုက်စ ပါတယ် လို့ Luhan က ပြောခဲ့တုန်းကဆိုရင် တဖွဲ့သား အချင်းချင်းတောင် မယုံခဲ့ကြဘူး။

ဟုတ်လို့လား။ မဖြစ်နိုင်ဘူး။ မင်ဆော့ Type က ဒါမျိုးမဟုတ်ဘူးလို့ ခံ ငြင်းကြတာ ရှိဖူးတယ်။

အဲ့သည့်အချိန်တုန်းက မင်ဆော့ပြောလိုက်တာလေးက အန်နာ့ကို Ultimate shipping ရွေးပေးလိုက်သလိုပါပဲ။

"ငါက မင်းကိုမို့။ မင်းက ငါ့အတွက်တော့ တန်ဖိုးရှိလို့ အဲ့လို လုပ်တာ" ပါတဲ့

သင်းလို ရေခဲတုံး ဖင်ခုထိုင်ဆီက အဲ့တုန်းက ဒီလိုစကားမျိုးကြားရတာဟာ တကယ့် shock ပါ။

စိတ်ထဲမှာ ဘယ်တော့မဆို ယုံကြည်နေခဲ့တဲ့ အချက်ကလေးက သူတို့ဟာ သူငယ်ချင်းထက်ပိုတဲ့ သံယောဇဉ်တခုကို တည်ဆောက်ခဲ့ကြပါတယ်။ အဲ့သည့် သံယောဇဉ်ဆိုတာက ကိုယ်တွေ ဖြစ်စေချင်သလို (ဒချိ ဒချိ သံယောဇဉ်) မျိုးမဟုတ်တောင် ညီအစ်ကိုလို ခင်တွယ်တဲ့ သံယောဇဉ်မျိုးဖြစ်နေခဲ့မှာပါ။

ဒါကြောင့် ကိုယ့် Bias ဘယ်လိုပဲ အဆဲခံရပါစေ။

သူတို့ နှစ်ယောက်စလုံး အချိန်တွေ ကြာလာတာနဲ့ အမျှ ဘယ်လိုပဲ ပြောင်းလဲ သွားပါစေ ဒီ shipping လေးကို မစွန့်လွှတ်နိုင်ရတဲ့ တခုတည်းသော အကြောင်းပြချက်ပါ။

အနာဂါတ်မှာ တစုံတခု မျှော်လင့်စရာမရှိခဲ့ရင်တောင် အတိတ်က လှပခဲ့တာတွေနဲ့တင် ကြည်နူးနေနိုင်ပါတယ်။

နောက်တော့...

Luhan ထွက်သွားတယ်။

သူ့အနားမှာ မရှိတော့ဘူး။

မင်ဆော့ ဘယ်လိုခံစားရမလဲဆိုတာတော့ သူ့အနားမှာ မနေရတဲ့သူဖြစ်တဲ့အတွက် ကျွန်မ သေချာမသိပါဘူး။

ဒါပေမဲ့ သူ့အတွက်တော့ ပြင်းထန်တဲ့ ထိုးနှက်ချက်တခု ဖြစ်ခဲ့မယ်ဆိုတာတော့ ပရိသတ်တွေရှေ့မှာ ပထမဆုံး မျက်ရည်ဝဲခဲ့တဲ့ အဖြစ်ကလေးကို ကြည့်ရင်း သိနိုင်ပါတယ်။

နောက်တော့ EXO ဟာ K နဲ့ M ပေါင်းသွားတယ်။

သူတို့ တစ်စုတစ်စည်းထဲပြန် ဖြစ်သွားတယ်။

Baekhyun ဟာ M room မှာ ပြောင်းလာနေသလိုတောင် ဖြစ်နေတယ်။

Luhan ဟာ သူ့နှလုံးသားကို ကာထားတဲ့ နံရံကြီးကို ဖြိုခွဲခဲ့သူသာဆိုရင် BaekChen ဟာ အဲ့သည့်နှလုံးသား ဆက်လက်နွေးထွေးအောင် စွမ်းဆောင်နိုင်သူတွေပါ။

Chen ဟာ ဘယ်လောက်အထိ စိတ်ထားဖြူစင်တယ်ဆိုတာ အားလုံးအသိပဲမို့ သူဟာ မင်ဆော့ကို ဘယ်လောက်ေတာင် စောင့်ရှောက်မလဲ ဆိုတာ တွေးကြည့်တာနဲ့တင် သိနိုင်ပါတယ်။

အဲ့သည့်အချိန် သူ့ကို မပျင်းအောင် လုပ်ပေးနိုင်တာ Baekhyun ပါ။

တကယ်ပြောတာ။

ကျွန်မတို့ ဘဝမှာလေ ကျွန်မတို့ကို တယောက်တည်း မငိုခိုင်း၊ တယောက်တည်း မပျော်ခိုင်းတဲ့ Baekhyun လို သူငယ်ချင်းမျိုး အရမ်း လိုအပ်ပါတယ်။

အချစ်ဆုံးသူငယ်ချင်းထွက်သွားပြီးတဲ့နောက် ပြန်အေးစက်သွားတဲ့ မင်ဆော့ရဲ့ နှလုံးသားဟာ Baekchen ဆိုတဲ့ လူသားနှစ်ယောက်ကြောင့်သာ ပန်းတွေပြန်ပွင့်ရတယ်လို့ ယုံကြည်ပါတယ်။

တကယ်တော့ သူတို့သုံးယောက်ကို ကြည့်နေရတာဟာ အဖြူရောင်ရေခဲပြင်ကြီးထဲက ပွင့်ဖူးလာတဲ့ အနီရောင်နှင်းဆီပွင့်ကလေးကို ကြည့်နေရသလိုပဲ တကယ်ကို ကြည်နူးရပါတယ်။

My Snow Fairy  (သို့)  ကိုယ့်လက်နှင့် မဖမ်းဆုပ်နိုင်သော တိမ်ဆိုင်တွေကြားက လူသားWhere stories live. Discover now