သူနဲ့ ပတ်သတ်ပြီး ပြောရရင် သူ့ရဲ့ ပထမဆုံး fansite လေး သူ့နောက်လိုက်လာတာ မြင်တဲ့အခါ ကျန်တဲ့ညီအစ်ကိုတွေက ၀ိုင်းစ လို့ ရှက်ရမ်း ရမ်းနေတဲ့ ပုံလေးကို မြင်ယောင်တယ်
အရမ်းပျော်နေတဲ့ ပုံလေး။
အခုချိန် ကိုရီးယားမှာ သူ့အောင်မြင်မှုဆိုတာက အထွတ်အထိပ်မှာ ရောက်နေတာမို့ အရင်က ကိစ္စတွေကို ပြောပြရင်း မျက်ရည်ချူတာလဲမဟုတ်ဘူး။
Growl နဲ့ ၀က်ဝက်ကွဲအောင်မြင်ပြီးမှ exotic ဖြစ်လာတဲ့လူတွေရော၊ အခုနောက်ပိုင်းနှစ်တွေမှ kpopper ဖြစ်လာတဲ့ တခြား fandom က လူတွေရော သိအောင် ပြောပြချင်တာ။
Big 3 က လာတယ်ဆိုပြီး ရွှေဇွန်းကိုက်မွေးလာသယောင်တွေ ထင်နေမှာစိုးလို့။
ကိုယ့် ကလေး ဆိုတာ သူ့ fansite ကလေး တစ်ခု တွေ့ရင်ကို သကြားလုံးရတဲ့ ကလေးလို ပျော်ရွှင်အူမြူးနေခဲ့ရတဲ့ ဘ၀ကလေးက လာရတာ။
လူလေးနဲနဲ နဲ့ လုပ်ခဲ့ရတဲ့ fansign တွေမှာတောင် သူ့ fansite တွေကို မျှော်လင့်တကြီး လိုက်ရှာနေခဲ့ရဖူးတာ။
တရုတ်မှာ variety show ရိုက်တဲ့အခါ သူ့နံမည်လေး အော်သံကြားရင်ကို ခေါင်းလေးကို မော့မော့ပြီး လိုက်လိုက်ရှာနေခဲ့တာ။
သူ အမြဲပြောတဲ့ စကားတွေကတဆင့် အဲ့သည့်ဘ၀လေးကို သူလုံးဝ မမေ့ဘူးဆိုတာ ယုံတယ်။
အဲ့တာမို့ အဲ့သည့် ဘ၀ကလေးကတည်းက တရိပ်တကြည့်ကြည့်နဲ့ ချစ်လာရတဲ့ သူ့ fan တွေကိုလဲ သူချစ်မယ်ဆိုတာ အမြဲယုံတယ်။
အနာဂါတ်မှာ ဒီအတိုင်းလေး အမြဲတမ်း အသက်တွေကြီးသွားတဲ့အထိ အောင်မြင်ချင်လဲ အောင်မြင်နေလိမ့်မယ်။
တနေ့တချိန် သူ့ထက်သူ တော်တဲ့ ကလေးတွေကို နေရာဖယ်ပေးချင်လဲ ဖယ်ပေးရလိမ့်မယ်။
ကိုယ်ကတော့ ဟိုးအရင် အနောက်နားမှာ အမြဲရပ်နေတဲ့ ရှက်တတ်တဲ့ ပါးဖောင်းဖောင်းနဲ့ကောင်လေးကိုလဲ ချစ်တယ်။
အခုချိန် အအောင်မြင်ဆုံးဖြစ်နေတဲ့ ကောင်လေးကိုလဲ ချစ်တယ်။
နောက်ဆို fan တွေက သူ့ကို မေ့သွားတဲ့ အဖိုးကြီး ဖြစ်သွားလဲ ချစ်ဦးမှာပဲ။
ဟောသည့် သံသရာစက်ဝိုင်းကြီးထဲ အဆုံးမရှိတာဆိုလို့ မော့ကြည့်ရင် မြင်ရမဲ့ စကြာဝဋ္ဌာကြီးရယ်၊ သူ့အပေါ်ထားတဲ့ ကိုယ့်အချစ်ရယ်ပဲ ရှိလိမ့်မယ်။
#7yearswithXiumin
PS. အဲ့နေ့က fancam လေး ကြည့်ချင်ရင် facebook account မှာသာ သွားကြည့်ကြပါ။
ဒီမှာ တင်ပေးလို့ မရလို့
KAMU SEDANG MEMBACA
My Snow Fairy (သို့) ကိုယ့်လက်နှင့် မဖမ်းဆုပ်နိုင်သော တိမ်ဆိုင်တွေကြားက လူသား
Nonfiksiသူက သူ့ကိုယ်သူ snow fairy လို့ ခေါ်တာကို ကြိုက်သတဲ့။ ဟုတ်တယ်လေ။ တကယ်လဲ သူက snow fairy လေးပဲ။ ကိုယ် လက်လှမ်းလိုက်ရင်တောင် အရေပျော် ပျောက်ကွယ်သွားလောက်အောင် နူးညံ့တဲ့ ကိုယ့်ရဲ့ နှင်းပွင့် fairy လေးပေါ့။