ချစ်ခြင်းနဲ့ အကြောက်တရားက တိုက်ရိုက် အချိုးကျသလား မသိပါဘူး။
တခုခုဆို သိပ်ကြောက်ပြီး ဆိုက်ကို ၀င်နေတာ သင်းနဲ့ပတ်သတ်ရာက စတယ်။
ဆဲသမျှကို မျက်မြင်ထားတော့.. ပြောတဲ့လူတွေက ပြောပြီးပေမဲ့ ခံရတဲ့ကိုယ်က တနုံ့နုံ့နဲ့ ခံစားတတ်တာမို့ တခုခုဆို တကယ်...
ကိုယ့်ကိုဆဲမှာထက် သူ့ကို ဆဲမှာ သိပ်ကြောက်တာပဲ။
အဲ့သည့် ခံစားချက်ကနေပြီး အဓိပ္ပါယ်မရှိတဲ့ အတွေးချော်တဲ့ဟာမျိုးတွေ ပြောပြရဦးမယ်။
(1)
တခါတခါ မခံချင်စိတ်နဲ့ ပြောချင်တာတွေရှိတယ်။
ဒါပေမဲ့ အကုန် မြိုချတယ်။
ငါများပြောလိုက်လို့ ငါ့ကိုမုန်းတာနဲ့ ဆက်စပ်ပြီး မင်ဆော့ကို မုန်းမှာစိုးလွန်းလို့။
(2)
တခါတခါ မင်ဆော့ကို ချစ်တယ် ပြောလွန်းရင်လဲ ဒီဟာမ အဖြစ်သိပ်သည်းတာပဲ ဆိုတဲ့ စိတ်နဲ့ မင်ဆော့ကို အမြင်ကတ်မလား တွေးကြောက်တယ်။ တကယ်က ဘယ်သူမှ အဲ့လိုမဟုတ်ပါဘူး။
ကိုယ်ကကျတော့ စ မြင်ကတည်းက မင်ဆော့က ခပ်အေးအေး လှုပ်စိလှုပ်စိလေးမို့ (အခုချိန်ထိလဲ ဒီအတိုင်းပဲ) .. အဲ့လို over protective အချစ်မျိုးနဲ့ ချစ်တာ။
အဲ့ကို အမြင်ကတ်ရင်း သူ့ကိုပါ မုန်းမှာ ကြောက်လာပြန်ရော။ (ဘာမှ မဆိုင်နော်)
(3)
တခါတခါ သူ့မှာ Fan နည်းတယ် ဆို ကြားရတဲ့အခါ မပြီးနိုင်မစီးနိုင် ပေါက်ကွဲချင်ပါတယ်။
ဒါမဲ့ အရမ်းကို ထိန်းချုပ်ထားရတယ်။
မျက်ရည်ချူတယ် တွေးပြီး သူ့ကို မုန်းမှာစိုးလို့။ (ဆိုက်ကိုမှ တကယ့် ဆိုက်ကိုပါဆို)
(4)
ကိုယ်က တခုခုဆို သူ့ကို တအား စိတ်ပူပြတဲ့အခါ တခြား မန်ဘာ stan တွေက သူ့ဟာမှ သူ့ဟာ အမြင်ကတ်လိုက်တာဟယ် ဆိုပီး တွေးရာကနေ သူ့ကို မုန်းမှာ ကြောက်တယ်။
ဥပမာ ပြောရရင် အခုဆို လေဆာနဲ့ မျက်လုံးတည့်တည့်အထိုးခံရတယ်ပေါ့နော်။ အမှန်တိုင်းပြောရင် သိပ်စိတ်ပူတာပဲ။ ဒါမဲ့ စိတ်ပူကြောင်း မပြောရဲဘူး။ အကဲပိုတယ် ထင်ရင်း သူ့ကို မုန်းမှာစိုးတာလေ။
(အန်နာ့ဝေါလ်ပေါ်မယ် လေဆာကြောင့် သူ့ကို စိတ်ပူတဲ့ စကား တစ်ခုမှကို မတင်ထားတာ။)
တကယ်တော့ ဒီဖက်မှာ တယောက်တည်း ကမ္ဘာတွေပျက်။
အဲ့လိုတွေ.. အဲ့လိုတွေ...
ချစ်ခြင်းဟာ အကြောက်တရားနဲ့များ တိုက်ရိုက်အချိုးကျသလားမသိကွယ်။
အသက် နှစ်ဆယ်နား နီးလာတဲ့အခါ ..
အရင်တုန်းကလို ပြောချင်တာရှိတာ ရဲရဲရင့်ရင့်နဲ့ ဘယ်သူ့ကိုမှ မကြောက်ပဲ ပြောချလိုက်တဲ့ ဆယ့်ခြောက်နှစ်သမီးလေးကိုပဲ လွမ်းပါတယ်။
أنت تقرأ
My Snow Fairy (သို့) ကိုယ့်လက်နှင့် မဖမ်းဆုပ်နိုင်သော တိမ်ဆိုင်တွေကြားက လူသား
غير روائيသူက သူ့ကိုယ်သူ snow fairy လို့ ခေါ်တာကို ကြိုက်သတဲ့။ ဟုတ်တယ်လေ။ တကယ်လဲ သူက snow fairy လေးပဲ။ ကိုယ် လက်လှမ်းလိုက်ရင်တောင် အရေပျော် ပျောက်ကွယ်သွားလောက်အောင် နူးညံ့တဲ့ ကိုယ့်ရဲ့ နှင်းပွင့် fairy လေးပေါ့။