#5yearswithXiumin
သူများတွေက ငါးနှစ်ဆိုလို့သာ ငါးနှစ်အော်လိုက်ရတယ်။
တကယ်တမ်း သူနဲ့ သူ့ကိုချစ်တဲ့လူတွေနဲ့ တသားထဲကျခဲ့တာက လေးနှစ်ခွဲ စွန်းစွန်းလေးလောက်ပဲရှိဦးမှာထင်တယ်။
တကယ်တမ်း မြင်စက သူက ကျွန်မမျက်လုံးထဲ တည့်တည့်မလာခဲ့ဖူး။
ပြီးတော့ တကယ့်အကျင့်ကလဲ ကြိုက်တဲ့အဖွဲ့ဆိုရင် Bias ကို တော်ရုံမျက်စိအမြင်နဲ့မရွေးပဲ အချိန်ကြာကြာစောင့်ကြည့်တတ်တဲ့သဘောရှိပါတယ်။
သူများတွေတော့ ဘယ်လိုရွေးတယ်မသိပေမဲ့ ကျွန်မကတော့ Bias ရွေးရင် ရုပ်ရည်ထက် အကျင့်စရိုက်၊ Music skill တွေပေါ်မူတည်ပီး ရွေးလေ့ရှိပါတယ်။
တကယ်တော့ သူက ဘာနဲ့ တူသလဲဆိုရင် ဟိုးအပင်မြင့်ပေါ်က လူတွေမမြင်မိအောင် အရွက်တွေနဲ့ ဖုံးထားတဲ့ အသီးလေးနဲ့ တူပါတယ်။ အေးအေးနေတတ်တဲ့ သူ့စရိုက်က Fan တွေနဲ့ သိပ်မနီးစပ်စေပဲ ရှက်တတ်တဲ့ အကျင့်ကလေးကလဲ သူ့ကို Fan တွေ သတိမထားမိစေဖို့ အရွက်ကလေးတွေနဲ့ ဖုံးထားသလိုပေါ့။
ဒါကလဲ သူ့ Stan တွေအတွက် ကံကောင်းခြင်းတပါးပါပဲ။
အလုံးစုံ မြင်နေရတဲ့ ပန်းချီကားတချပ်ဆိုရင် အလှအပကို အလွယ်တကူခံစားလို့ရပေမဲ့ လျှို့ဝှက်နက်နဲခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ ပန်းချီကားတချပ်ဆိုခဲ့လျှင် သူ့အလှအပနဲ့ သူပေးချင်တဲ့ မက်ဆေ့ခ်ျတွေဟာ မျက်စိရှေ့ကို မထင်မှတ်တဲ့ သဘောတွေနဲ့ ရောက်လာရတဲ့အခါ အလှအပ တခုတည်းကိုသာ ခံစားရတဲ့ ရသ မဟုတ်တော့ပဲ စိတ်ရွှင်လန်းခြင်း၊ တတ်ကြွခြင်း၊ အံ့သြဝမ်းသာခြင်း အစရှိတဲ့ ရသပေါင်းစုံကို ပေးစွမ်းနိုင်ပါတယ်။
သူ့ကို ချစ်ခဲ့ရတာ လေးနှစ်ခွဲကျော်ရှိပေမဲ့လဲ ဒီကောင်လေးဟာ သူ့ Stan တွေကို တနေ့တလေလေးတောင်မှ ပျင်းအောင် မထားတတ်ပါဘူး။
အမြဲ မထင်မှတ်တဲ့ နေရာကနေ ဘက်စုံထောင့်စုံ တိုက်ခိုက်တတ်ပါတယ်။
ပထမဆုံး ပြင်ပ သွင်ပြင်။
ဖြူဖြူဖောင်းဖောင်းလေးနဲ့ အမြဲ နောက်ကွယ်ကနေ မျက်နှာလေးနီပီး ရပ်နေတတ်တဲ့ ကောင်လေးက မျက်စိအောက်က ပျောက်သွားပြီး ရုတ်တရက်ပြန်ထွက်ပေါ်လာတဲ့အခါ အရိုးငေါက်ငက်နဲ့ သူ ဟုတ်လို့လားလို့ နှစ်ခါပြန်ကြည့်ရတဲ့ သူ ဖြစ်လာတယ်။
أنت تقرأ
My Snow Fairy (သို့) ကိုယ့်လက်နှင့် မဖမ်းဆုပ်နိုင်သော တိမ်ဆိုင်တွေကြားက လူသား
غير روائيသူက သူ့ကိုယ်သူ snow fairy လို့ ခေါ်တာကို ကြိုက်သတဲ့။ ဟုတ်တယ်လေ။ တကယ်လဲ သူက snow fairy လေးပဲ။ ကိုယ် လက်လှမ်းလိုက်ရင်တောင် အရေပျော် ပျောက်ကွယ်သွားလောက်အောင် နူးညံ့တဲ့ ကိုယ့်ရဲ့ နှင်းပွင့် fairy လေးပေါ့။