အသံတွေ
ကျွန်တော်အဲ့အသံတွေကိုမုန်းတယ်မား လား အဲ့ဒါမားလား မားကိုမရိုက်ပါနဲ့
ကျွန်တော်ပြောနေတယ် မားကိုမရိုက်နဲ့။
ပါးက ဘာလို့လဲ
ဘာလို့.
ဟင် ပါးငိုနေတယ်။ကျေး ဇူး ပြု ပြီး မ. သွား ပါ နဲ့။
......................။....................
စားပွဲတင်နာရီက မနက်3နာရီ
အလန့်တကြားနိုးလားတာ ချွေးတွေရွှဲနေ ပြန်ပြီ။ စောင်ကိုဆွဲဖယ်ပြီး ရေခဲသေတ္တာထဲက ရေဗူးကိုအလောတကြီးမော့သောက်မိသည်။
လက်စွဲတော် စီးကရက်ကိုမီးငြှိပြီး ရှိုက်မိတော့
ဟားးးး မောဟိုက်နေဆဲရင်ဘတ်က ရပ်မသွားShit ဘယ်တော့မှ အဲ့အရေးမပါတဲ့အိက်မက်တွေရပ်မလဲ။ အရာရာကိုမေ့ပြီး ခြံကိစ္စတွေနဲ့လုံးပန်းနေတာတောင် ဒီအတိတ်က အခုထိ............။
ဝရံတာ တံခါးကိုဆွဲဖွင့်ကာ နှင်းဆွတ်နေသော လေအေးကို တဝကြီးရှူရှိုက်လိုက်မိသည်။
အိပ်မောကျနေဆဲ အောင်ပန်းမြို့လေးကို အပေါ်စီးက ကြည့်ရတာ အနဲငယ်တော့ စိတ်ငြိမ်သွားသလိုပင်။ နှင်းငွေ့ကြောင့်လန်းဆန်းသွားသောစိတ်ကို ပြန်မညစ်ညူးစေရန် ကျွန်တော့် အချစ်တော်လေးကို နဲနဲ သွေးပူလေ့ကျင့်ခန်းလုပ်လိုက်အုံးမှပါ။အောင်ပန်းမြို့လေးကိုကျနော် ချစ်သည်။ဟုတ်တယ် ဒီမြို့လေးကိုချစ်တယ်။ အရေးမပါတဲ့ လူအချင်းချင်း ချစ်မည့်အစား ကျနော်မျက်စိပသာဒဖစ်တဲ့အရာတွေကို ချစ်မိသည်။
အခု ကျနော်နဲ့အတူပါလာတဲ့ ကျနော့်အချစ်တော်နဲ့အတူ ဒီတောင်ပတ်လမ်းတွေကို ပတ်ရတာ ကျနော့်အိပ်မက်ဆိုးတွေက ခနတာ လွတ်မြောက်စေသည်။
တပတ်တွင်သုံးကြိမ်လောက် ဒီအချိန်တိုင်း ကျနော် မြို့ကိုဆင်းဖြစ်သည်။ မနက် သုံးချက်ခွဲဆိုတာ ဆိုင်ကယ်သိပ်မောင်းလို့ကောင်းတဲ့အချိန်ပဲ... စိတ်ပျက်စရာ ကားရှုပ်ခြင်းတွေ လူရှောင်ရခြင်းတွေ ရှိမနေ။ဟဲလ်မက် နဲ့ သားရေလက်အိတ်တွကြာင့် အအေးဒဏ်က အရမ်းမဆိုးဝါးပေမယ့် သိသာနေသည်။ အေးစက်ခြင်း.... ကျွန်တော်အေးစက်ခြင်းကိုလဲ သဘောကျမိသည်။
ကလောကွေ့သို့ပင် ရောက်တော့မည်။ ကျနော့်မွေးရပ်မြေ ကလော.... သိပ်လှသည့်မြို့လေးဖြစ်သည်။ ထိုအလှပထဲမှာ နန်းမြိုင်ြံခံတော့မပါ။
သိပ်အကျည်းတန်သည့်အိမ်ကြီး လောဘတွေ ဒေါသတွေ အချစ်ဟုခေါင်းစဉ်တပ်သော အတ္တတွေ..... မဟုတ်ဘူး အဲ့တာ အချစ်ပါပဲ ။
နောက်ကျိလာသော စိတ်နဲ့အတူ လီဗာကို ဆွတ်တင် လာရင်း......အရိပ်တစ်ခု.ဝုန်း
သွားပြီ......
ကျနော့်ဘေဘီကို လွှတ်ပေးလိုက်ရပြီ
လိမ့်ထွက်သွားသော ကျနော့်ခန္ဓာကိုယ်
Ha ha နန်းမြိုင်က ဆက်ခံသူ စက်အာဏာ accident ဖြစ်သည် ကြားရင်............. ။ကျနော့် ကမ္ဘာ ခေတ္တအမှောင်မကျမီ ထိုမှုန်ဖျော့ဖျော့အရိပ်ကလေးသည် ပုံလျက်သား။
YOU ARE READING
ဟိုး....ဝေးဝေးဆီမှာ
General Fictionကျွန်တော် အချစ်ကိုမယုံကြည်ဘူး တိတိကျကျပြောရရင် လူနှစ်ဦးကြားမှာ ရှိနေတဲ့အချစ်ကိုမယုံကြည်တာ။ အဲ့အတွက် ကျွန်တော့်ကိုရူးတယ်ပြောရင် ကျွန်တော်ရူးတယ်လက်ခံလိုက်မယ်။ & အကို့မျက်နှာကိုမြင်နေချင်တာ အကို့အနားမှာရှိနေချင်တယ် အ...