!မိုင်ထောင်ချီတဲ့ခရီးတွေလည်းပဲ ခြေတလှမ်းကနေစခဲ့ကြတာပဲ....
ဘာအခက်ခဲပဲရှိရှိ အဲ့ခြေတလှမ်းကိုသာစလှမ်းနိုင်ရင် ကျန်ခရီးပြီးမြောက်ဖို့ကိုစိတ်ပူစရာမလိုဘူး။ အဲ့ဒါဟောဒီက မဟာသွေးရဲ့ theory ပဲ !
*ကိုယ်ကသာ အားရပါးရတွေပြောနေတာ အာကာက တူကိုင်မပြတ်စားမပြတ်....
ကိုယ့်မှာတော့ အရမ်းကြိုက်သည့်ဆိုင်က တို့ဟူးနွေးကို အရသာမခံနိုင်ပဲ အသားကုန်သွတ်ထားရတာ
ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုတော့ ခံပေါ့လေ*!အာကာ make me အဖက်လေ...နော်
ငါ့ကိုချေတာ များနေပြီလို့ မင်းမတွေးမိဘူးလား!ထိုအခါမှ တူချပြီး ကိုယ်တော်က မျက်နှာ ပင့်ကြည့်လာသည်။
-မင်းရော ငါ့ကို ချေတာများပြီမထင်ဘူးလား အဖက်မလုပ်တာ ငါဆိုတာရောသေချာလား
တပတ်ရှိပြီ...
မင်းရောက်တာ တပတ်နဲ့နှရက်ကို တပတ်တိတိ ငါမရှိချိန် မင်းပျောက်ပျောက်သွားတာ။မေ့မေ့ကိုလဲ ဟိုးနား ဒီနားနဲ့ ပတ်နေတာ
ဒီကိုငါရှိလို့လာတာရော ဟုတ်ရဲ့လား။!အော် မင်းက အာ့ကိုကောက်နေတာလား...
မင်းသင်တန်းတက်နေချိန် ငါပျင်းလို့ ဟိုနားဒီနား.....!စကားတောင်ဆုံးအောင်ပြောခွင့်မပေး ဆက်တိုက်ဖြတ်ပြောချလာသည်
-ဘာဟိုနားဒီနားလဲ
မပျင်းအောင်သင်တန်းတက်ပါဆိုလည်း no
ငါသင်တန်းမတက်တော့ဘူးဆိုတော့လဲ မေမေ့ကို တိုင်တယ် ။ ငါမသိအောင် တမင်ကို အချိန်တိုက်ပြီးထွက်နေတာ
ပြောစမ်း ဘယ်ကောင်မလေးလဲ ဟို ချယ်ရီဆိုင်က ပအိုဝ့်မ လား!ဟ မမ ကို အဲ့လိုမပြောပါနဲ့ မင်းကလည်း ရိုင်းလိုက်တာ ငါတို့ထက် ငါးနှ စ်တောင်ကြီးတဲ့ဟာ
-ရိုသေချင်လဲ မင်းပဲ ချေလွန်းပါတယ်ကွာ ဆိုတာလဲ မင်းပဲ

YOU ARE READING
ဟိုး....ဝေးဝေးဆီမှာ
Художественная прозаကျွန်တော် အချစ်ကိုမယုံကြည်ဘူး တိတိကျကျပြောရရင် လူနှစ်ဦးကြားမှာ ရှိနေတဲ့အချစ်ကိုမယုံကြည်တာ။ အဲ့အတွက် ကျွန်တော့်ကိုရူးတယ်ပြောရင် ကျွန်တော်ရူးတယ်လက်ခံလိုက်မယ်။ & အကို့မျက်နှာကိုမြင်နေချင်တာ အကို့အနားမှာရှိနေချင်တယ် အ...