ဘာတွေဘယ်လိုဖြစ်သွားလဲ ကျနော်မသိလိုက်
ကျနော်သတိဝင်လာတော့ ဒူးတွေမခိုင်ပဲ လဲကျနေပြီးသား....
တော်တော်ဝေးဝေးကိုရောက်နေတဲ့ ဆိုင်ကယ်က စက်ပင်မသေသေး၊ ဆိုင်ကယ်မီးရောင် နဲ့ကြည့်မိမှ လူ ဟုတ်သည် လူ။ ကျနော် အားတင်း၍မတ်မတ်ရပ်ကာ ထိုလူ့ဆီပြေးသွားမိသည်။
သေ သွားပြီလား? ??
နှချက်သုံးချက် လှုပ်နှိုးသော်လည်း လှုပ်မလာချေ
ကျနော့်ကြောင့်လူတစိယောက်ကိုမသေစေချင်ပါ။
ထိုသူ့နားဒူးထောက်ရင်း ကျနော်ဘာလုပ်ရမှန်းမသိ ။စေ့စေ့မကြည့်ရဲ သွေးတွေရှိလားမသိ။ တွေးမိလိုက်သည်နှင့်မူးချင်လာသည်။
ဖုန်းဆက်ရမည် ဖုန်း... ကျနော့်ဖုန်း
အာကာ ဖုန်းကိုင်ပါကွာ pleaseကျနော် ကားဂိတ်ရောက်ချိန်လာကြိုမည် ပြောရက်နှင့် မနက်အစောကြီးဒုက္ခမပေးချင်သောကြောင့် ကိုယ့်ဘာသာထွက်လာခြင်းဖြစ်သည်။
ငါမှားတာပါကွာ ။ကားဂိတ်ရပ်ရာ ဘီယာဆိုင်တွင်လဲ မထိုင်နေချင်။ပြီးတော့ ကျနော် နှစ်ခေါက်လောက်ရောက်ဖူးကတည်းက စိတ်ဝင်စားနေသည့် ဟိုခြံကြီးကို ကြည့်ချင်စိတ်တို့ကြောင့် လမ်းလျှောက်ထွက်လာမိတာ မဟာအမှား ဖြစ်သွားသည်။ မဟာသွေး မင်းအမှား မင်းရှေ့မကြည့်နောက်မကြည့် ဖြတ်ကူးတာ မင့်ကြောင့်ဒီလူ ဒီလိုဖြစ်တာ...အာကာ့ဆီဖုန်းခေါ်တာ သုံးခေါက်မြောက်မှာ ဒီလူ့ကို ဒီတိုင်းကြည့်နေရင် ပိုဆိုးမှာ ဆိုးသည်။
ငါယောက်ျား ငါ့ကြောင့် ဒီလူ မသေစေရဘူး။ဆိုင်ကယ်မီးရောင်ဖြင့်မြင်ရသော ဒီဘက် အခြမ်းတော့ ဘာမှမဖြင့်
ပါလာသော ဖုန်းဖလ်ရှ်မီးဖြင့် မှောင်ရိပ်ကျသည့် ခန္ဓာကိုယ်တဖက်ခြမ်းကိုကြည့်မိသည်။
သားရေ ဂျာကင် လက်တဖက် စုတ်ပြဲသွားသည် ပြီးတော့ ကျနော်ရွံသည့် သွေးက ဟိုတစ ဒီတစ ပွန်းပဲ့သွားယုံ ထင်သည်။
ပြီးတော့ ခြေထောက်ကိုကြည့်မိကာမှ မျက်လုံးတွေပင်ပြာချင်သွားသည် သွေးတွေ အရိုးဖြူ ပေါ်နေတာလား။ သွေးက စိမ့်ထွက်နေသည်။
အဝတ်တခု အဝတ်သန့်နဲ့ စည်းရမှာ အိမ်က ထွက်လာကတည်း က အဝတ်တထည်ကိုယ်တခု နဲ့ ကျနော် မေမေ့ လက်ရာ မာဖလာ လေးပတ်ထားမိသည်က ကံကောင်းသည်လား
ကျနော် အဲ့တာတွေ မထိချင်ပေမယ် သွေးတိတ်လိုတိတ်ငြား ထိုလူ့ခြေထောက်ကို စည်းမိသည်။အာကာဖုန်းပြန်ခေါ်ပြီ
မဟာ ငါ ကားဂိတ်မှာ ...သူ့စကားဆုံးအောင် ကျနော်စောင့်မနေနိုင် အာစေးကပ်နေသလို ဖစ်နေသော်လဲ အားတင်းပြီး....
အာကာ နန်းမြိုင် အသွားတောင်ဆင်းလမ်းကိုအခုလာဖုန်းချုပြီးကြည့်မိတော့ ကျနော့်လက်မှာ သွေးတွေ ဘာလုပ်ရမှန်းမသိ သွေးညှီနံဖြင့်မူးလဲ ချင်လာသည် ဟိုလူ့လက်လှုပ်လာတာလား
ဟဲလ်မက်မှ မျက်လုံးအကာကို ချွတ်ကြည့်မိစဉ် ပွင့်လာသည့် မျက်လုံးတွေ မျက်တောင် စင်းစင်းတွေ။
ဆိုင်ကယ်မီး အထိုး မဟာဆိုသည့် အာကာ့ခေါ်သံအကြားမှာ ကျနော် စိတ်ချလိုက်မိသည်။
ဒီလူ မသေဘူး ။
လွတ်မြောက်ခွင့်ပေးပါတော့ သွေးညှီနံတွေ ကြားက....
YOU ARE READING
ဟိုး....ဝေးဝေးဆီမှာ
פרוזהကျွန်တော် အချစ်ကိုမယုံကြည်ဘူး တိတိကျကျပြောရရင် လူနှစ်ဦးကြားမှာ ရှိနေတဲ့အချစ်ကိုမယုံကြည်တာ။ အဲ့အတွက် ကျွန်တော့်ကိုရူးတယ်ပြောရင် ကျွန်တော်ရူးတယ်လက်ခံလိုက်မယ်။ & အကို့မျက်နှာကိုမြင်နေချင်တာ အကို့အနားမှာရှိနေချင်တယ် အ...