မဟာ့အသံကိုနားထောင်ပြီး သူတခုခုဖြစ်ပြီ ဆိုတာကိုသိလိုက်သည်။
ဆိုင်ကယ်ကို စက်အမြန်နှိုးပြီး နန်းမြိုင်ခြံ ဘက်သို့ဦးတည်နေတာ ဘယ်အမြန်နှုန်းနဲ့မှန်းမသိ။မဟာက နာမည်သာ မဟာသွေးဖြစ်နေတာ လူက အကြမ်းမခံ နူးညံသည်ဟုပြောရမလား။
ထိုသို့ပြောလျှင်လဲ လုံးဝမကြိုက် သူ့ကိုမိန်းမဆန်သည်ပြောရကောင်းလားဟု လိုက်ထိုးတတ်သူ အသည်းသန်ငြင်းတတ်သည့်သူ။
လက်ဖဝါးတွေက နီရဲပြီး နူးညံနေသည်ကလွဲ၍အရေပြားပါးပါးက ဖြူလွန်း၍ ပန်းနုရောင် ပါးပြင်မှ သွေးကြော တွေယှက်နေပုံကိုမြင်နေရသည်ကလွဲ၍
ထိုသို့သောမဟာသည် အညိုဖျော့ဖျော့ မျက်ဝန်းများဖြင့်မိန်းကလေးတိုင်းကို နွေးထွေးစေသည့်သူမဟာ့လေသံအရတော့ သွေးထွက်သံယို ကိစ္စသည့်ပုံပင်။
ထိုပြသနာမှလွဲ၍ ကျန်သောကိစ္စတွေအားလုံးကို မဟာကိုယ်တိုင်ဖြေရှင်းနိုင်သည် ဖြေရှင်းခဲ့သည်ကိုလဲ ကျွန်တော် မြင်ပြီးသား
မဟာက မျက်နှာမြင်ချစ်ခင်ပါစေဆိုသော ဆုနှင့်ပြည့်သည့်သူ
ပိုက်ဆံညှစ်သည့်လူမိုက်ကတောင် ဘေးမသီရန်မခ အိမ်ပြန်ပို့ပေးစေနိုင်သည့် အစွမ်းအစ ရှိသူ။
အရှုပ်တွေကိုသူကိုယ်တိုင်ဖန်တီးတတ်ပြီး ထိုအရှုပ်တွေဖြေရှင်းရင်း ပျော်နေတတ်သူ ။
တခုပါပဲ သူ့မှာ phobia ရှိသည် ။သွေးကြောက်သည့်ရောဂါ။တွေ့ပါပြီ......
ခပ်သွက်သွက်သူ့နာမည်ကိုအော်ခေါ်ရင်း
ကျွန်တော် အနေထားကို သုံးသပ်ချိန်ပင်မရ လဲကျသွားသော မဟာ့ကို မြင်ရသည်။
ဆိုင်ကယ်ကိုပစ်ထားပြီး အပြေးလွှားပွေ့မိသည်။
ကျွန်တော့လက်ထဲက သူ့ကိုအသည်းသန်လှုပ်နှိုးရင်း ဘေးက လူကိုကြည့်မိတော့ လဲ နေရာမှ အားယူထနေသည်။
သူလား မဟာ့ကို ဆိုင်ကယ်နဲ့တိုက်တာပူထူုပြီးထိုလူ့ကို ဆွဲ ထိုးမည် ပြင်ပြီးမှ ဟဲလ်မက် ချွတ်သော သူ့မျက်နှာကိုအကြည့်
စက် အာ ဏာ
.
.
.ဟုတ်တယ် ငါပဲ
................
ကျွန်တော့ အတွေးကိုသိမြင်နေသည့်အလား
..............
မင်းဘော်ဒါကို ငါမတိုက်ဘူး သူဝင်လာတာ ငါ့လမ်းကြောင်းကို သူကပဲ မေ့လဲရတယ်
ယောက်ျားမဟုတ်တဲ့အတိုင်းပဲ
တောက် !
..........
တောက် ပြင်းပြင်းခေါက်သံကြောင့် ကျွန်တော် လန့်သွားမိသည်။
မတိုက်ဘူး ဆိုလဲ ပြီးတာပဲ သူက မေ့လဲတော့ ကျွန်တော်လဲ ထူပူသွားတာ ခင်များဘာဖြစ်သွားသေးလဲ။ ကျနော် ဆေးခန်းလိုက်ပို့ပေးရမလား
...........
မလိုဘူး မင်းကောင်သာ မင်းနှာနှပ်ယူလိုက်
...........
သူ့ခြေထောက်ထိသွားပုံရသည်
ဖုန်းခေါ်နေသော စက်အာဏာ ပုံစံကြောင့်စိတ်ချသွားရသည်
ဟုတ်သားပဲ နန်းမြိုင်ခြံနဲ့ နီးနေတာ သူ့လူတွေခေါ်မှာပေါ့။ ကျွန်တော် မဟာ့ကိုသာ ဆေးခန်းပို့ဖို့ ကျောပိုးဖို့ပြင်ရသည်။
...............
@$^$#^^#@
#%^#&=#*
ငါးမိနစ်လောက်သာ ကြာမည်ထင်သည်၊။ကားအဖြူနှစ်စီး ရပ်လာသည်
နန်းမြိုင်ခြံထဲက လူတွေ ရောက်လာကြသည်သခင်လေး ဘာဖြစ်သွားသေးလဲ
ပွေ့ကျ သခင်လေးကို
လူဆယ်ယောက်လောက် ဝိုင်းပြီး ခြံရံ နေကြတော့ စက် စိတ်ရှုပ်လာသည် ခြေထောက်အနာကတမျိုး
ငါ့ကို ကူဖို့နှစ်ယောက်ပဲ နေ
ဟို ကောင်လေးနှစ်ယောက်ကိုသွားကူလိုက် မင်းတို့နှစ်ယောက်ဦးစိုင်းက ခွန်နက် ကို ဖုန်းဆက်ပေး
အခုကိစ္စ
ကြီးမေ တို့မသိစေနဲ့
ကျနော့်ကိုအခန်းထဲပဲ ရွှေ့ပေး
ခွန်နက်ကို ကျနော့်အခန်းလွှတ်လိုက်
...............
ဟုတ်ကဲ့ခင်ဗျ ဟုပြောပြီး အလျှိုလျှို ခိုင်းတာတွေလုပ်နေကြသည် ။
ဒီက အကိုလေးတို့ ကျနော်တို့ ဘာလုပ်ပေးရမလဲ ဆေးရုံပို့ပေးရမလားခင်ဗျ
............
အာကာ မဟာ့ကိုပွေ့ရင်း
ကူညီပါဗျာ
ကျွန်တော့်သူ့ကိုချီရင်း ဆိုင်ကယ်မောင်းမရလို့အကိုလေးတို့ကိုပို့ပေးပါ့မယ်ခင်ဗျ
အထူးကု ဆေးခန်းသို့ မဟာ့ကို ပို့နိုင်မှသာ ကျနော် ဟင်း ချ နိုင်သည်။
ကုတင်ပေါ် ဆေးသွးရင်းလှဲနေသောဖြူဖျော့ဖျော့ မဟာ့ကိုကြည့်ရင်း နန်းမြိုင်ခြံက လူတွေ နဲ့ ပက်သက်ရသလား ဟုသာ တီးတိုးအပြစ်ဖွဲ့မိသည်။
စက်အာဏာ မင်းကြောင့် accident ဖြစ်တာကိုကြားရင် အဲ့ အိမ်ကလူကြီးတွေတုံ့ပြန်လာတာ မင်းခံနိုင်ပါ့မလား မဟာ.......
ဘာတွေပဲ ဖြစ်လာလာ ငါမင်းကို ကာကွယ်မှာ
YOU ARE READING
ဟိုး....ဝေးဝေးဆီမှာ
General Fictionကျွန်တော် အချစ်ကိုမယုံကြည်ဘူး တိတိကျကျပြောရရင် လူနှစ်ဦးကြားမှာ ရှိနေတဲ့အချစ်ကိုမယုံကြည်တာ။ အဲ့အတွက် ကျွန်တော့်ကိုရူးတယ်ပြောရင် ကျွန်တော်ရူးတယ်လက်ခံလိုက်မယ်။ & အကို့မျက်နှာကိုမြင်နေချင်တာ အကို့အနားမှာရှိနေချင်တယ် အ...