မဟာ ပြန်သတိရလာပြီး အကြောင်းစုံကို ပြောပြတော့ ကိုယ်တော်က အရှုပ်တစ်ခု ဖန်တီးခါနီးတိုင်းပြုံးနေကျ အပြုံးမျိုးပြုံးလာသည်
-အာကာကလည်း မင်းသိပါတယ် ငါ နန်းမြိုင်ကို ဘယ်လောက် စိတ်ဝင်စားလဲ ဆိုတာ
-ရှေးအဆက်ဆက်က စော်ဘွားတွေ နေလာတယ် ပြီးတော့ ပတ်ဝန်းကျင်ကလည်း အရမ်းရိုသေတယ် သရဲပဲ မွေးသလိုလို နဲ့ ကောလဟာလတွေ အများကြီးမို့ ငါ အရင် လာကတည်းက မျက်စ ပစ် နေတာလေကွာ
- အခုကြည့်စမ်း ဘယ်လောက်များ အခန့်သင့်သလဲ နန်းမြိုင်သခင်လေး စက်အာဏာ တဲ့
အဲ့လို သခင်လေး အထူးခံအခေါ်ခံ လူတန်းစားမျိုးကို ငါသိပ်စိတ်ဝင်စားတာပဲ-ပြီးတော့ အဲ့ဘဲကြီး ငါ့ကြောင့်ဒဏ်ရာရတာကွ
ငါ တောင်းပန်သင့်တယ်ဘဲကြီးတဲ့ ဟိုက ဖြင့်28 နှစ် သူ့လေးငယ်ထက် သုံးနှစ်ပဲ ငယ်သညိ
မဟာ ရာ ဘာမှ တောင်းပန်တွေဘာတွေနဲ့မရောစမ်းပါနဲ့ ကိစ္စက ပြီးပါစေတောင် မင်းဆုတောင်းနေရမှာ အခု အဲ့အိမ်ကလူကြီးတွေသိပြီး မင်းကို လာကောရင် ဘယ်လိုလုပ်မှာ
ပြီးတော့ စက်အာဏာ က မင်းအရှုပ်ဖန်တီးခွင့်ရဖို့နေနေသာသာ အကပ်တောင်ခံမှာမဟုတ်ဘူး-ခံနေမယ့် သူလားငါက
နန်းမြိုင်မက လို့ သမ္မတ အိမ်ကလူကြီးပဲ ဖြစ်ဖြစ် မတရားလာဟောက်ရင် ခံမှာမဟုတ်ဘူးဟျောင့် မဟာသွေးကွ အလကားကောင်မဟုတ်ဘူး
(*လက်သီးလက်မောင်းတန်းရင်း ခေါင်းတမော့မော့ ပြောနေပုံက ကျွန်တော့ နာမည်ခေါ်ပြီး လဲကျသွားတုန်းကနှင့်တခြားစီ မျက်နှာလေး နဲနဲ ပိန်ကျသွားသလားလို့*)
ဝိတ်ချနေတာလားမဟာ-အေး third yr တက်ရင် မေးရိုးထင်းထင်းနဲ့
မိုက်နေအောင်မင်းက ချောပြီးသားပါကွာ
-ထူးထူးဆန်းဆန်း စကားအကောင်းပြောလို့
YOU ARE READING
ဟိုး....ဝေးဝေးဆီမှာ
General Fictionကျွန်တော် အချစ်ကိုမယုံကြည်ဘူး တိတိကျကျပြောရရင် လူနှစ်ဦးကြားမှာ ရှိနေတဲ့အချစ်ကိုမယုံကြည်တာ။ အဲ့အတွက် ကျွန်တော့်ကိုရူးတယ်ပြောရင် ကျွန်တော်ရူးတယ်လက်ခံလိုက်မယ်။ & အကို့မျက်နှာကိုမြင်နေချင်တာ အကို့အနားမှာရှိနေချင်တယ် အ...