The Separation??

2.6K 150 48
                                    

ကြီးမားဝိုင်းစက်တဲ့ မျက်လုံးတွေ နှုတ်ခမ်းဖူးဖူးလေးနဲ့ သိပ်ကို ချောမောလှပတဲ့သူ…နောက်ကျောကမြင်ရတာကိုပင် ခါးသေးသေးနဲ့ သူ့ပုံစံလေးက ချစ်စရာကောင်းလွန်းနေသည်…နက်မှောင်ရှည်လျားပြီး နူးညံ့နေတဲ့ သူ့ဆံနွယ်လေးတွေကို ကျွန်တော် အသာနမ်းရှိုက်ရင်း နောက်ကနေ သိုင်းဖက်လိုက်တော့ သူရုတ်တရက် လန့်သွားပုံရသည်…ဒါပေမဲ့ ကျွန်တော်မှန်း သိသွားတဲ့ တခဏမှာပဲ သူသက်တောင့်သက်သာ ပြန်နေလိုက်သည်ကို ခံစားလိုက်ရသည်…

''နိုးပြီလား Chunnie''
မနက်ခင်းစောစောမှာ သူ့အသံချိုလွင်လွင်လေးကို ကြားရတာ တကယ် နားဝင်ပီယံရှိလှသည်…

''အင်းး…ဘာတွေ လုပ်နေတာလဲ Jae''
ကျွန်တော်တို့ နှစ်ယောက် ခုရောက်နေတာ မီးဖိုချောင်ထဲမှာပေါ့…ပုံမှန်ဆို စားတော်ကဲတွေနဲ့ အစေအပါးတွေကသာ မနက်စာပြင်ဆင်ပေးလေ့ရှိပေမယ့် Jaejoong ကိုယ်တိုင် မီးဖိုချောင် ရောက်နေတာကတော့ ထူးဆန်းနေသည်…

''မုန့်လုပ်နေတာလေ…ငါက မုန့်လုပ်တာပဲ ကျွမ်းတာ မင်းသိတာပဲကို''
Jaejoong က အပြုံးတစ်ပွင့်ခြွေကာ ပြန်ဖြေရင်း ပန်းကန်ပြားလေးထဲက မုန့်တစ်ခုကို လှမ်းခွံ့တော့ ကျွန်တော် ကြည်နူးစွာပင် ပါးစပ်ဟပေးမိသည်…

''အရမ်းကောင်းတယ်…ကိုယ်တို့ လက်ထပ်ပြီးသွားရင် ဒီလို အရသာရှိတာမျိုး နေ့တိုင်းစားရတော့မှာပေါ့''
တကယ်လည်း နတ်သုဒ္ဒါကဲ့သို့ လျှာပေါ် စွဲစွဲမြဲမြဲဖြစ်သွားသည့် မုန့်အရသာကြောင့် ကျွန်တော် သူ့ကို ချီးကျူးစကားဆိုရင်း ပိုမိုတင်းတင်းကြပ်ကြပ် ဖက်ထားခဲ့သည်…Jaejoong နဲ့ ကျွန်တော်က လက်မထပ်ရသေးဘူး ဆိုပေမယ့် အစတည်းက ငယ်သူငယ်ချင်းတွေ ဖြစ်တာကြောင့် သူကျွန်တော့်အိမ်ကို ညအိပ်ညနေ လာလည်တတ်လို့သာ ခုလို မနက်စောစောစီးစီး သူ့လက်ရာ မုန့်တွေ စားနေရတာ ဖြစ်သည်…ကျွန်တော့် စကားကြောင့် သူရှက်ပြုံးလေး ပြုံးသွားပြီး မျက်နှာလေးပင် ရဲတတ်လာသည်…တကယ်ကို ယောကျာ်းလေးထဲမှာပင် မပြောနှင့် မိန်းကလေးအများစုထက်ပင် ချောမောလှပသူ တစ်ယောက်ပင်ဖြစ်သည်…

''မနက်စာ သွားစားကြမယ်လေ Chunnie…ခုလောက်ဆို စားတော်ကဲကြီးကလည်း မနက်စာ ပြင်ပေးထားပြီးလောက်ပြီ''

စတော်ဘယ်ရီချစ်သည်းရှင်Where stories live. Discover now