အပိုင်း (၁)

945 18 0
                                    

2016 ခုနှစ်  ဒီဇင်ဘာလ နံနက်ခင်း...

လွန်စွာမှ ချမ်းအေးလွန်းလှသောကြောင့် စောင်ထူထူကို ကိုယ်ပေါ်သို့ဆွဲတင်လိုက်သည်..
နာရီနိုးစက်သံကြောင့် နိုးလာခဲ့ပြီး အေးလွန်းသောကြောင့် ခဏလောက်မှေးရန် ကြံရွယ်လိုက်သော်လည်း..

' မဖြစ်သေးပါဘူး.. ဒီနေ့ ကျောင်းစဖွင့်တဲ့ နေ့ကို နောက်ကျနေလို့ မဖြစ်သေးပါဘူး '

အိပ်ရာမှ ကမန်းကတန်းထကာ မီးဖိုချောင်ဘက်ကို လျှောက်လာခဲ့သည်။
ကော်ဖီဖျော်စက်ထဲ အသင့်ဖြစ်နေသော ကော်ဖီကိုထည့်
ပေါင်မုန့်လေးကို ထောပတ်သုတ်ပြီး အသားပြားညှပ်ကာ sandwich သဘောမျိုးလေး လုပ်ပြီး စားပွဲပေါ်တင်ထားလိုက်သည်။

ထို့နောက် ရေချိုးခန်းထဲဝင်ကာ ရေချိုးပြီး အသင့်ပြင်ထားသော မနက်စာကိုစားကာ မီးပူတိုက်ထားသော ဝတ်စုံကို ဝတ်ကာ ကျောင်းသို့ထွက်လာခဲ့သည်။

ကျွန်တော့ရဲ့ တစ်မနက်တာကတော့ နေ့တိုင်း ဒီလိုပဲ ရိုးစင်းစွာ ပြီးဆုံးခဲ့သည်ကများသည်။တစ်ယောက်တည်းနေရတော့ တစ်ယောက်တည်းနေသားကျအောင်လုပ်ရင်း တစ်မနက်ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသည်ကများသည်။

ကျွန်တော့နာမည်က ' ကြယ်စင်မင်းဝေ ' ...
တက္ကသိုလ်တစ်ခုက ဓာတုဗေဒပါမောက္ခ..
ငယ်စဉ်ကတည်းကအမေဆုံးပါးသွားပြီး အဖေနဲ့ အတူနေခဲ့ရာက ကျွန်တော် တက္ကသိုလ် နောက်ဆုံးနှစ်မှာပဲ အဖေဟာ အိပ်ရာထဲလဲပြီး မကြာမှာပဲ ကွယ်လွန်ခဲ့တယ်.
ဒီလိုနဲ့ တယောက်တည်းနေပြီးကျောင်းတက်ရင်း အခု ပါမောက္ခဖြစ်လာခဲ့တယ်ဆိုပါတော့ဗျာ...
ပါမောက္ခဆိုလို့ အသက်အရမ်းအကြီးကြီးလို့မထင်လိုက်ပါနဲ့။ ၃၃ နှစ်ပဲ ရှိသေးတာဗျ။

ကျောင်းနားရောက်ခါနီးတော့ ကျွန်တော့်ကို လှမ်းခေါ်သံ ကြားလိုက်သည်။

'ဆရာ ဆရာ...'

' သြော် နှင်းဝေ ပါလား '

သူ့နာမည်က ဆောင်းနှင်းဝေ ..
ကျွန်တော့်ထက်နှစ်နှစ်ငယ်တဲ့ ဂျူနီယာမလေးပေါ့..

' ဆရာ ဒီနေ့ ကျောင်းလာတာ စောတယ်နော်'

' ဟုတ်တယ်.. ဒီနေ့ ကျောင်းစဖွင့်ရက်လေ ကျောင်းသားတွေကိုလည်း နှုတ်ဆက်ရဦးမယ်လေ..'

အလှသစ္စာတရားWhere stories live. Discover now