အပိုင်း (၃)

345 12 0
                                    

(၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား

၂၀၀၆ ခုနှစ် ဇန်နဝါရီလ (၂၃) ရက် စနေနေ့

ဆိုင်းဘုတ်ကြီးက သစ်လွင်လျက်ရှိသည်။ဘွဲ့ယူကြမည့် မောင်မယ်များကလည်း ဖြူ နီပြာဝါ ရောင်သွေးစုံ တဖွဲဖွဲနှင့် ရောက်လာကြသည်။

ဒီနေ့ ဓာတ်ပုံရိုက်ရမယ်ဆိုသောကြောင့် ကျွန်တော်မနက်အစောကြီးကတည်းကထကာ ပြင်ဆင်ပြီးကျောင်းဘက်ကို ထွက်လာခဲ့သည်။ဓာတ်ပုံရိုက်ရမည့်သူမှာ ဟိုတနေ့က နည်းနည်းမြင်ဖူးထားတော့ အဆင်ပြေမယ်လို့တော့ ထင်မိသည်။

ကျောင်းရှေ့ခရေပင်အောက်မှာစောင့်နေမယ် ဆိုသောစကားကြောင့် ကျွန်တော့်ခြေလှမ်းတွေခရေပင်ကြီး ရှိရာဆီသို့ ဦးတည်လိုက်သည်။

ခရေပင်နားမရောက်ခင် လှမ်းကြည့်လိုက်တော့ စောသေး၍လားမသိ ခရေပင်ကြီးအောက်မှာ တယောက်နှစ်ယောက်သာ။အဲ့ဒီ့အထဲ သူမပါသေး။ ကျွန်တော်လည်း ခရေပင်အောက်မှာ စောင့်နေလိုက်သည်။

ခဏကြာတော့ ကားလေးတစ်စီး ခရေပင်ရှေ့နားသို့ ကားအမည်းရောင် အသစ်ကလေး တစ်စီး ထိုးစိုက်လာသည်။ ကားနောက်ခန်းမှာတော့ ရှိုးအပြည့်နှင့် အဒေါ်ကြီးနှစ်ယောက်....
ရှေ့ခန်းမှာတော့ ကျော့ရှင်းသပ်ရပ်နေသော အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော ယောကျာ်းလေးတစ်ယောက်။ သူကိုယ်တိုင်ကားကို မောင်းလာခဲ့သည်နှင့်တူသည်။

ကားရပ်လိုက်တော့ နောက်ခန်းက အဒေါ်ကြီးနှစ်ယောက်ဆင်းလာတော့ ရှေ့ခန်းက ထိုကောင်လေးက လှမ်းပြောလိုက်သည်။

'အမေနဲ့ အန်တီ ...ဟိုဘက် ကျောင်းအဆောင်ရှေ့က အရိပ်ရတဲ့ တစ်နေရာရာမှာ ခဏစောင့်နေနော်။ ကျွန်တော် တခြားတစ်ယောက်ကို စောင့်စရာရှိလို့။'

' အဲ့ဒါဆို အမေတို့ ကျောင်းခန်းမမှာပဲစောင့်နေတော့မယ်။ ကားကိုလည်း ဖြေးဖြေးချင်း မောင်းလာခဲ့ဦး။'

'ဟုတ်ကဲ့ အမေ'

သူပြောရင်းဆိုရင် ကားကို စက်သတ်လိုက်သည်။ပြီးတော့ ခရေပင်အောက်ကို ဝင်လာခဲ့သည်။သူလျှောက်လာတော့ ကျွန်တော်သေချာ ကြည့်နေမိသည်။

အလှသစ္စာတရားDonde viven las historias. Descúbrelo ahora