အပိုင်း(၁၀)

232 9 0
                                    

'နိုးပြီလား'

'အင်း နိုးပြီ'

ချစ်သူရဲ့ အသံလေးနဲ့ စတင် နိုးထလာရတဲ့ ဒီနေ့ အဖို့တော့ ပျော်ရွှင်ဖွယ် ကြည်နူးဖွယ် ကောင်းနေလေပြီ။

'အိပ်လို့ရော အဆင်ပြေရဲ့လား'

'ဆိုဖာက နည်းနည်းတောင့်တောင့် ကြီးဆိုတော့ ခါးနည်းနည်းနာတယ်။နောက်နေ့တွေ မင်းဘေးနားမှာ လာအိပ်မယ်။ကုတင်က အကျယ်ကြီးပဲကို'

'ကို ဒီနေ့ပြန်မှာ မဟုတ်ဘူးလား'

'မပြန်တော့ဘူး မင်း ဆေးရုံဆင်းတဲ့အထိ ကိုယ်စောင့်ပေးမယ်'

'ရပါတယ် အလုပ်ရှုပ်နေဦးမယ် ရဲထက်ရှိတယ် သူစောင့်လိမ့်မယ်'

'မရပါဘူး သူ့ကို မစောင့်ခိုင်းတော့ဘူး။ကိုယ်ပဲ စောင့်မယ်'

သူ သဝန်တိုနေပုံကို ကြည့်ပြီး ကျွန်တော်ရယ်ချင်မိသည်။

'အခုမှ ချစ်သူအသစ်ကလေးကို အူတိုနေတယ်ပေါ့'

-----------

'ဒေါက် ဒေါက် ဒေါက်။မင်းဝေ ငါ ရဲထက်ပါ ဝင်လာခဲ့ပြီ'

'အေး အေး ဝင်လာခဲ့'

'ပြောရင်း ဆိုရင်း ရန်သူတော်ကြီး ရောက်လာပြီ'

သူမကျေမနပ်နဲ့ မျက်မှောင် တစ်ချက်ကျုံ့ ကာ ပြောလိုက်သည်။

'သြော် ကိုထက်မြတ်လည်း မပြန်သေးဘူးကိုး'

'ဟုတ်တယ် ပြီးတော့ သူက ငါဆေးရုံဆင်းတဲ့ အထိ သူပဲစောင့်ပေးမယ်တဲ့'

'ဟာ အဆင်သင့်လိုက်တာ။အဲ့လို မဟုတ်တောင် ငါ့အမေနောက်လိုက်ပြီး သူ့အလုပ်တွေ ကူညီတာ မပြီးပြတ်သေးတာနဲ့ မင်းကို စောင့်ပေးဖို့ အခက်တွေ့တာ။ငါတောင် အကို့ကို ဖြစ်နိုင်ရင် ထပ်စောင့်ပေးပါလို့ ပြောမလို့ ။ အခုတော့ အဆင်ပြေသွားတာပေါ့'

'ဆရာဝန်က လေလည်မှ ဆေးရုံက ဆင်းလို့ရမှာတဲ့။လေကလည်း အခုထိ မလည်သေးဘူး'

'ဘယ်လည်မလဲ။မင်း အစာမှ သိပ်မစားတာ။ငါဆန်ပြုတ်ပြုတ်လာတယ်။ဗိုက်ဆာရင် အဲ့ဒါလေး စားလိုက်'

ကျွန်တော်တို့ နှစ်ယောက် စကားပြောနေတော့ သူ ဆိုဖာပေါ် သွားထိုင်နေသည်။

အလှသစ္စာတရားDonde viven las historias. Descúbrelo ahora