ညတုန်းက မပျော်မရွှင်နဲ့ အိပ်ပျော်သွားလို့လား မသိ။ဒီနေ့ မနက်နိုးလာတော့ စိတ်ထဲမှာ လေးလံနေသည်။ကျောင်းမသွားလို့ကလည်း မဖြစ်။ဒီနေ့ ဆရာ ဦးဝင်းမြိုင် အချိန်ရှိသည်။ဒီနေ့ တခြား tutorial မရှိရင်တော့ ဆရာ့အချိန်ပဲ တက်ပြီး အိမ်ပြန်မယ်လို့ ဆုံးဖြတ်ကာ စားပွဲပေါ်တင်ထားတဲ့ ပြက္ခဒိန်ကို ကြည့်လိုက်သည်။ဒီနေ့က ဖေဖော်ဝါရီ ၂ ရက်နေ့ ဆိုတော့ ဘာမှ မရှိဘူး။
'ဟင် ဖေဖော်ဝါရီ ၂ ရက်'
ကျွန်တော်ရုတ်တရက် သူ့ဖုန်း password ကို သွားသတိရမိသည်။ 2281 ။ဒီနေ့က သူ့မွေးနေ့ပဲ'
ကျွန်တော်ကျောင်းသွားရန် ပြင်ဆင်ပြီးတော့ အောက်ကို ဆင်းလာခဲ့သည်။
ရဲထက်မရောက်သေး။ကျွန်တော် သူ့ကို ဖုန်းဆက်လိုက်သည်။
'ဟဲလို ရဲထက်'
'အေးပြော'
'မင်း ဒီနေ့လာရင် ကားပါ ယူလာခဲ့ကွာ။ငါ တစ်နေရာ သွားစရာရှိလို့။အဲ့ဒါ မင်းလိုက်ပို့လို့ ရတယ်မဟုတ်လား'
'ရတယ်လေ အဲ့ဒါဆို ယူလာခဲ့မယ်'
'ok'
--------
ခဏကြာတော့ ရဲထက် ရောက်လာသည်။
'ဟေ့ကောင် ငါရောက်ပြီ'
'အေး အဲ့ဒါဆို သွားမယ်'
'ကျောင်းအရင် သွားမှာမဟုတ်လား'
'ဟုတ်တယ် ဆရာ့အချိန်ပြီးတော့မှ သွားမှာ'
'ok let's go'
ကျွန်တော်တို့ နှစ်ယောက် ကျောင်းကို အရင်ထွက်လာခဲ့သည်။ပထမနှစ်ချိန် တက်ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် မြို့ ထဲဘက်သို့ ဆက်လက် ချီတက်ခဲ့ကြသည်။
'ကဲ ပြော ဘယ်သွားမှာလဲ'
'Pane Passon ကိုမောင်း'
'ဘာလဲ မင်းရေမွှေးကုန်သွားလို့လား'
'မဟုတ်ဘူး လက်ဆောင်ပေးစရာရှိလို့'
'ဘယ်သူ့ကိုလဲ'
'လိုက်စပ်စုမနေနဲ့ မောင်းစရာရှိတာမောင်း'
ဆိုင်ရှေ့ရောက်တော့ ကျွန်တော်တို့ နှစ်ယောက် ရေမွှေးဝယ်ဖို့ ဝင်လာခဲ့သည်။
YOU ARE READING
အလှသစ္စာတရား
Romanceအချစ်ရဲ့ အခြေခံဟာ သစ္စာတရားပဲ... ဒါပေမဲ့ ရင့်ကျက်ပြီးတဲ့သူတွေမှာပဲ သစ္စာစစ်ဆိုတာဖြစ်ပေါ်တာ... အဲ့ဒီ့နောက်မှာ အချစ်ဆိုတာ ဖြစ်ပေါ်လာတာ... ဒါပေမဲ့ ရင့်ကျက်ချင်ယောင်ဆောင်ထားတဲ့ ကောင်လေးတစ်ယောက်ရဲ့ သစ္စာတရားကရော ဘယ်လိုတွေဖြစ်လာမလဲ.. ရင့်ကျက်ချင်ယောင်ဆောင်ထားတ...