နိဒါန်း

1.7K 96 0
                                    

ချစ်သူစုံတွဲတွေမှာ ယောကျာ်းလေးအများ
စု သုံးဖြစ်တဲ့စကား.......

*မင်းအတွက်ဆို ကိုယ်ကောင်းကင်ပေါ်
ကကြယ်ကိုတောင် တက်ခူးပေးနိုင်တယ်*

ကျွန်တော့်အတွက်တော့ ဒါက ဟာသ
သက်သက်သာဖြစ်တယ်။ ကောင်းကင်
ပေါ်တက်ဖို့မပြောနဲ့ ကြယ်ရဲ့ဖြစ်တည်
မှုကိုတောင် သေချာမသိဘဲနဲ့ တက်ခူးဦး
မယ်တဲ့လား။

ဆယ်ကျော်သက် ကောင်မလေးတချို့
ပြောဖြစ်တဲ့စကား.......

*တစ်နေ့ကျရင် ကျွန်မချစ်သူနဲ့အတူတူ
ကြယ်တွေဆီကိုသွားမှာ*

ကျွန်တော်သိသလောက်တော့ ဒါဟာ
စိတ်ကူး ဒါမှမဟုတ် အိပ်မက်ထဲမှာဘဲ
ဖြစ်နိုင်တယ်။ သူတို့သွားချင်တိုင်း ကြယ်
တွေက 'မင်္ဂလာပါ' ဆိုပြီး ကြိုဆိုကြတာမှ
မဟုတ်တာ။

*ကြယ်ကြွေတဲ့အချိန် ဆုတောင်းရင်
ပြည့်တယ်*

တကယ်တော့မပြည့်ဘူး....ပြည့်ခဲ့ရင်
တော့ ဒါကတိုက်ဆိုင်မှုတစ်ခုသာဖြစ်
လိမ့်မယ်။ ကြယ်ကြွေရင် တောင်းတဲ့ဆု
တိုင်းသာပြည့်ရင် ကျွန်တော်သာဆို
အလုပ်မလုပ်တော့ဘူး ပိုက်ဆံတွေ
အလိုလို အချိန်တိုင်းဝင်လာပါစေ
လို့သာထိုင်ဆုတောင်းနေမှာ။

ဒီလိုပြောတာတွေက ကြယ်တွေကိုမုန်း
လို့မဟုတ်ဘူး။

ကျွန်တော်ချစ်တဲ့သူ့ကိုမုန်းလို့။

ကျွန်တော့်ကိုဘေးမှာထားပြီး ကြယ်တွေ
ရဲ့ လှကြောင်းပကြောင်းတွေကို ကဗျာ
တွေ စာတွေနဲ့ခိုင်းနှိုင်းပြီးပြောတယ်။

အဲ့ဒီအစား ကျွန်တော့်ကိုဘယ်လောက်
ချစ်ကြောင်းကို စာတွေပေတွေ ဖွဲ့နွဲ့ပြီး
ပြောတာလေးကို ကြားချင်တာ။

သူသိလားတော့ မသိပေမယ့် ကြယ်ဆို
တာ ကျောက်ခဲအပိုင်းအစတစ်ခုသာ။

အဲ့ဒီ အပိုင်းအစလေးကို လူအမျိုးမျိုးက
အတွေးအမျိုးမျိုးနဲ့ တန်ဖိုးဖြတ်ကြတာ။

သူနဲ့ကျွန်တော့်ကိုဘဲ ကြည့်လေ
ကျွန်တော်က ကြယ်ကိုကျောက်တုံး
လို့ဆိုပေမယ့် သူကတော့ ကြယ်ကို
ကောင်းကင်ပေါ်မှာတောက်ပနေတဲ့
စိန်ပွင့်လေးလို့ မြင်ချင်မြင်နေမှာ။

တွေးမိတယ်.......

ခပ်ကြောင်ကြောင်အတွေးလေးတစ်
ခုကို ခဏခဏတွေးဖူးတယ်.......

ငါကသူ့အတွက် အသက်မဲ့နေတဲ့ ကြယ်
လေးတွေလောက်တောင် တန်ဖိုးမရှိဘူး
လား............

✨ကြယ်တာရာ✨

Author's note

ဒီficက အနော်ပထမဆုံးရေးဖူးတဲ့Yaoi
ပါ။ ပထမဆုံးမို့လို့ တခြားYaoi ficတွေ
လောက်မကောင်းတာကိုသည်းခံပေး
ကြပါ😁 အကောင်းဆုံးအတတ်နိုင်ဆုံး
တော့ ကြိုးစားထားပါတယ်<3
Ficတွေမရေးတာလည်း လတွေချီနေ
ပြီမို့လို့ အမှားတွေပါခဲ့ရင် DKSကိုလွှတ်
ပေးပါ😁😁

Written by ExolKpopperSu

ကြယ်တာရာWhere stories live. Discover now