749 79 7
                                    

  Kyung Sooတစ်စုံတစ်ယောက်ကိုမျှော်
နေခဲ့တာ ၃ရက်တောင်ကြာခဲ့ပြီ။ ထိုတစ်
စုံတစ်ယောက်ကတော့ Kyung Sooရှေ့
မှာ အရိပ်အဖြစ်တောင် ပေါ်မလာသေး။

အသိစိတ်ကတော့ အလုပ်ထဲမှာ နှစ်မြှုပ်
ထားသော်လည်း မသိစိတ်က သူရောက်
လာမယ့် အချိန်ကိုသာ စောင့်နေသည်။

*အ*

*မင်းဘယ်လိုလုပ်လိုက်တာလဲ!*

စိတ်နဲ့လူနဲ့ မကပ်မိလိုက်တဲ့ခဏလေးအ
တွင်းမှာဘဲ Kyung Sooရှေ့က ကောင်မ
လေးရဲ့ စကပ်ပေါ်မှာ ရေနွေးတွေကျသွား
ပြီ။

*ဟေ့ကောင် မင်းစိတ်နဲ့လူနဲ့ကပ်စမ်းပါ
လူကြီးမင်းတို့ကို ကျွန်တော် တကယ်
တောင်းပန်ပါတယ်ဗျာ သူ့ကိုကျွန်တော်
ကောင်းကောင်းဆုံးမပြီး အပြစ်ပေးလိုက်
ပါ့မယ် နောက်တစ်ခါဒီလို မဖြစ်စေရပါဘူး*

Do Hyun. Kyung Sooရဲ့လက်ကိုကိုင်
ကာ အခန်းပြင်ကိုဆွဲခေါ်သွားလိုက်သည်။

*Kyung Sooမင်းကွာ ရေနွေးလေးငှဲ့
တာတောင် ခွက်ထဲရောက်အောင်မငှဲ့
နိုင်တော့ဘူးလား အရင်လို အလုပ်မှာ
စိတ်ပါပါနဲ့ လုပ်စမ်းပါကွာ*

*ဟုတ်*

သူဘာဖြေရှင်းချက်မှလည်း မပေးလို။
ရင်ထဲမှာဘာတွေဖြစ်နေမှန်းတော့ မသိ
ပေမယ့် ဦးနှောက်ထဲမှာ ကွက်လပ်ကြီး
တစ်ခုလိုသာဖြစ်နေသည်။ ဘာကြောင့်
ရယ်လို့ သူမသိ။ သူသိတာက သူအခု
လွန်ခဲ့တဲ့၃ရက်က တွေ့ခဲ့တဲ့၊ သူနဲ့အတူ
အိပ်ခဲ့တဲ့ ထိုလူကိုပြန်တွေ့ချင်သည်။

သွားတွေ့ရအောင်ကလည်း အိမ်ကိုမမှတ်
မိတော့။ စုံစမ်းဖို့ကလည်း နာမည်တောင်
မသိတော့ ဘယ်မှာများ ဘယ်လိုသွား
စုံစမ်းမလဲ ။ ဘာကြောင့်များ တစ်ညတည်း
အတူ အိပ်မိရုံနဲ့ စိတ်ထဲမှာ စွဲပြီးကျန်ခဲ့လဲ
သူနားမလည်နိုင်ဖြစ်နေသည်။

နှစ်ပေါင်းများစွာ ရင်းနှီးခဲ့လို့လား ဆိုတော့
လည်းမဟုတ်၊ တစ်ခါသာ တွေ့ဖူးတာ။
မြင်မြင်ချင်း ချစ်သွားတာလား ဆိုတော့
လည်း မဖြစ်နိုင်၊ ထိုနေ့က ကြောက်လွန်း
လို့ မျက်လုံးချင်းစုံအောင်တောင် မကြည့်
နိုင်ခဲ့ဘူးမဟုတ်လား။

ကြယ်တာရာWhere stories live. Discover now