1K 105 4
                                    

*Kyung Sooရေ room နံပါတ်၂၀ကို
သွားပေးပါဦးကွာ ငါဒီမှာအလုပ်ရှုပ်နေ
လို့*

*ဟုတ်*

စီနီယာ Do Hyunရဲ့စကားကိုကြားတော့
အလျင်အမြန်ပဲ အခန်းနံပါတ်၂၀မှာထား
တဲ့ ဘီယာ ၃ပုလင်းကိုယူပြီးသွားလိုက်
တယ်။

သွားသာသွားရတာ Kyung Sooအရစ်ခံရ
မှာကို အလွန်ကြောက်သည်။

ကလပ်တွေရဲ့ထုံးစံအရ customerရဲ့
အလိုကိုလိုက်လျောပေးရသည်။ ကလပ်
ရဲ့စည်းကမ်းချက်တွေအားလုံးကို တစ်
သွေမတိမ်းလိုက်နာ နိုင်ပေမယ့် စိတ်တို
လွယ်တဲ့ Kyung Sooအတွက်တော့
သည်းခံရတာ မွန်းကြပ်လွန်းသည်လို့သူ
ထင်သည်။

အတွေးတွေနဲ့ လျှောက်တာ ထိုအခန်း
ရှေ့ကိုရောက်သွားသည်။

ဒေါက် ဒေါက်

*ဝင်ခဲ့*

အထဲက အမိန့်ပေးသလို ခပ်သြသြအသံ
တစ်ခုကို ကြားလိုက်ရလို့ တံခါးဖွင့်ပြီးဝင်
လိုက်သည်။

Kyung Sooဝင်သွားပြီး ပုလင်းတွေကို
စားပွဲပေါ်တင်လိုက်သည်။ သူပုလင်း
တစ်လုံးကို ဖွင့်နေတုန်းမှာဘဲ ထိုင်နေတဲ့
နှစ်ယောက်ထဲက အရပ်ရှည်ရှည်နဲ့
တစ်ယောက်က ထပြန်သွားသည်။

*Jong Inမင်းလည်းစောစောပြန်နော်*

တံခါးအပြင်ဘက်ကနေ လှမ်းပြောသွား
တယ်။ သူ့ဘေးနားမှာထိုင်နေတဲ့ Jong In
ဆီမျက်စိရောက်မိတော့ Jong Inတစ်
ယောင် Kyung Sooကို စိုက်ကြည့်နေတယ်။

*ခွင့် ခွင့်ပြုပါဦးဗျ*

*ငါမင်းကို သွားခိုင်းသေးလို့လား လာ ငါ
ဘေးမှာလာထိုင်*

Kyung Soo ခြေတွေလက်တွေတုန်နေပြီ။
Jong Inရဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို
ကြည့်ပြီးပိုတာင် ကြောက်လာတယ်။
မူးရူးကြီး ပြဿနာ ရှာမှ Kyung Sooတို့
ဒုက္ခတွေ့တော့မယ်လို့ တွေးနေမိတယ်။

Kyung Sooစိုးရိမ်စိတ်တွေများနေလို့သာ
ကြောက်နေပေမယ့် ၂ပုလင်းကုန်သွား
သည့်တိုင်အောင် သူ့ကိုဘာမှမလုပ်သေး။

*မင်းသောက်ဦးမလား*

Kyung Sooတစ်ယောက်မျက်လုံးပြူးသွား
သည်။ တစ်သက်နဲ့တစ်ကိုယ် ဝန်ထမ်းကို
သောက်ဦးမလားလို့မေးတဲ့ customerကို
Kyung Sooအခုမှကြုံဖူးတယ်။

ကြယ်တာရာWhere stories live. Discover now