863 92 3
                                    

ဒီနေ့ရဲ့ မနက်ခင်းကတော့ အရင်နေ့
တွေလို ပြာလဲ့လဲ့ကောင်းကင်ကြီးမရှိနေ။
တိမ်တွေ အုံ့ဆိုင်းနေလို့ ကောင်းကင်ကြီး
ကမီးခိုးရောင်ဘက်သန်းနေသည်။

မနက်ခင်းတိုင်းကြားနေကျ ငှက်သံတွေ
ကိုလည်းမကြားရ။ ကြည့်ရတာ ငှက်က
လေးတွေ သည်းသည်းမည်းမည်းရွာနေ
တဲ့မိုးကြီးကို ကြောက်လို့ ပုန်းနေတယ်
ထင်ပါရဲ့။

Jong Inတို့ မိုးကလည်းမည်း နေရဲ့အ
လင်းရောင်ကလည်း မရှိတော့ ခါတိုင်း
ထက်နောက်ကျပြီးမှ အိပ်ယာကနိုးလာ
သည်။ ဘေးကိုကြည့်လိုက်တော့ မနေ့
ညက ကောင်လေးမရှိတော့ဘူး။

ကုတင်ဘေးမှာရှိတဲ့ စားပွဲခုံပုလေးပေါ်
မှာတော့ စာလေးတစ်စောင်ရှိနေသည်။

'ကျွန်တော့်ကို ဘာမှမလုပ်တဲ့ အတွက်
ကျေးဇူးတင်ပါတယ်... အစ်ကို့ကို သတိ
မပေးဘဲ ပြန်လိုက်တဲ့အတွက်လည်း
တောင်းပန်ပါတယ်... အလုပ်နောက်ကျ
လို့မဖြစ်လို့ပါ.... မနေ့ကအတွက်ကျေး
ဇူးတင်ပါတယ်'

*ဟ ဟ*

Jong Inအသံထွက်အောင်ကိုရယ်
လိုက်မိတယ်။ ဘာကြောင့်ဒီကောင်လေး
ဇွတ်ကျေးဇူးတင်နေလဲ သူနားမလည်။

'ငါ ဘာမှမလုပ်လို့များဒီလောက်ထိကျေး
ဇူးတင်နေတာလား hk'

စိတ်ထဲကနေ ရေရွတ်မိလိုက်တယ်။

Jong Inလိုလူတစ်ယောက်အတွက်
ဒီနေ့လဲ နေ့တာကရှည်ဦးမည်။

Jong Inက မကြာခင်Kim ကုမ္ပဏီရဲ့
အမွေဆက်ခံသူဖြစ်လာတော့မှာ။ဒါ
ကြောင့် တစ်နေ့ပြီးတစ်နေ့ ဆက်ခံသူ
နဲ့တူအောင်တန်အောင် အလုပ်တွေကို
ကြိုးစားရသည်။

အလုပ်ကို တစ်နေကုန် မနားတမ်းလုပ်
နေရတာ မဟုတ်ပေမယ့် တစ်ချို့ကိစ္စ
တွေက လုပ်ရင်မြန်သလောက် တာဝန်
ကြီးလွန်းတာမျိုးတွေလည်း ရှိတတ်သေး
သည်။စိတ်ရှုပ်လွန်းလို့ ဆက်မတွေးတော့ဘဲ ရေချိုးဖို့ပြင်လိုက်တယ်။

ရေမချိုးခင် ဖုန်းကိုကြည့်လိုက်တော့
Missed calls တွေက ၅၀ကျော်။သေ
ချာပေါက် ကုမ္ပဏီကဖုန်းတွေချည်းဘဲ။

*ဟူးးး*

လေပူတစ်ချက်ကို ပြင်းပြင်းလေးမှုတ်
ထုတ်လိုက်တယ်။ အဲ့ဒီလေထဲမှာ တစ်နေ့
တာအလုပ်တွေပါသွားရင် ကောင်းမယ်
လို့တောင် သူတွေးမိသည်။

ကြယ်တာရာWhere stories live. Discover now