701 79 0
                                    

သူက....ကျွန်တော့်ကို မချစ်ဘူးတဲ့ ။
သူအဲ့ဒီလိုပြောတဲ့ အချိန်တုန်းက ကျွန်တော့်
ရင်တွေ ပူလောင်နေခဲ့တာ ။ သူပြန်မေး
လာတယ် ။ သူ့ကိုချစ်လားတဲ့ ။

မသိဘူး ။ အဲ့ဒီမေးခွန်းရဲ့ အဖြေကို
ကျွန်တော် တကယ်မသိဘူး ။ သူသာ
ကျွန်တော့်ကို ချစ်တယ်လို့ပြောခဲ့ရင်
ကျွန်တော့်ရဲ့ အဖြေကလည်း သူနဲ့အတူတူ
ဖြစ်ခဲ့မှာ ။

ဒါပေမယ့် သူက မချစ်ဘူး ဆိုတော့
ကျွန်တော် စဉ်းစားသွားတယ် ။ ကျွန်တော်
ရော သူ့ကိုချစ်သင့်ရဲ့လား ။ ကျွန်တော်
ယောကျာ်းလေးချင်း ချစ်သင့်ရဲ့လား ။

# #

Kyung Sooအလုပ်လုပ်တဲ့ clubက
ညဘက်သာ ဖွင့်တာဖြစ်လို့ Jong In
ကနေ့ဘက်ဆိုရင် အလုပ်တွေကိုပြီးအောင်
လုပ်ပြီး အလုပ်စောစောဆင်းကာ ထို
Clubကို မရောက်ရောက်အောင်သွား
သည် ။

ဒီနေ့တော့ Chanyeolပါလိုက်ခဲ့သည် ။
Clubကိုရောက်ရောက်ချင်း Kyung Soo
ကိုလိုက်ရှာပေမယ့် မတွေ့။ တခြားလူ
တွေကို မေးကြည့်တော့လည်း ဘယ်သူ့
မှ Kyung Sooဘယ်သွားသည်ကို မသိကြ။

ရှာမရတဲ့အဆုံးကျမှChanyeolနဲ့အခန်း
ထဲမှာ ထိုင်စောင့်နေလိုက်သည် ။

*မင်းဟိုကောင်လေးကို ရှာနေတာလား*

ဖုန်းသုံးရင်း Chanyeolကလှမ်းမေး
လိုက်သည် ။

*အေး*

*မင်းသူ့ကိုကြိုက်နေတာလား*

'အဟွတ် အဟွတ်'

Chanyeolရဲ့မေးခွန်းကြောင့် သောက်
နေတဲ့ဘီယာတောင်သီးသွားသည် ။

*မကြိုက်ပါဘူး မင်းသိပါတယ် ငါလူတစ်
ယောက်အပေါ်လွယ်လွယ်စိတ်မယိုင်
တတ်တာကို*

Chanyeol ထားပါတော့ဆိုတဲ့ အကြည့်
နဲ့ဘာမှဆက်မပြောတော့ဘူး ။

######

'ချောက်'

Jong In's point of view;
ဟော.. သူဝင်လာပြီ ။ တွေ့တွေ့ချင်း
ဘယ်တွေသွားနေတာလဲလို့ မေးဖို့ဆုံး
ဖြတ်ထားပေမယ့် သူ့ရဲ့မျက်နှာထား
ကြောင့် ကျွန်တော်စိတ်ပြောင်းသွားတယ်။

ကြယ်တာရာWhere stories live. Discover now