ဒီနေ့ Baekhyun ရဲ့တစ်ဦးတည်းသောအကိုဖြစ်တဲ့ Yifan တစ်ယောက် အားနေတာကြောင့်ရော ညီတွေကိုသတိရတာကြောင့်ပါ Baekhyun တို့အိမ်ဆီလာခဲ့သည်။
အိမ်ထဲဝင်ဝင်ချင်းကြားလိုက်ရတာက Baekhyun ရဲ့ဆူပူနေတဲ့အသံနဲ့ Chanyeol ရဲ့ချော့နေတဲ့အသံ
"Baek ရယ်လိမ္မာပါတယ်ကွာ...ကိုယ်ဘဲနေ့တိုင်းချက်ကျွေးနေကြကို...မချက်ပါနဲ့နော် Baek လက်ကလေးအပူလောင်သွားမှာစိုးလို့ပါ"
"မရဘူးချက်မှာဘဲ...yeol ကဘဲအမြဲချက်ကျွေးနေရတာ မမျှတဘူး BaekBaek လေးလဲချက်ကျွေးဦးမှာပေါ့"
"Baek လေးအပူလောင်မှာစိုးလို့ပါကလေးရယ်"
Yifan အပြင်ဘက်ကနားထောင်နေရင်းနဲ့ဘာတွေဖြစ်နေမှန်းသိလိုက်ပြီလေ...
Baekhyun, Chanyeol ကိုသက်သက်ဂျီကျနေတာ ထမင်းဟင်းချက်ကျွေးဦးမယ်တဲ့ ခွီး ချက်တတ်တာလဲမဟုတ်ဘဲနဲ့
"Baekhyun ငါ့ယောက်ဖကိုဘာတွေဂျီကျနေတာလဲ?"
Kris ဝင်သွားတော့ Baekhyun သူ့ကိုမျက်စောင်းထိုးပြီးကြည့်လာတယ်လေ
"Hyung ဘာသိလို့လဲ ဘာမှဂျီမကျဘူး...BaekBaek လေးကဒီနေ့နေ့လည်စာချက်ကျွေးပါ့မယ်လို့ပြောနေတာကို ဒီyoda ကျိကမချက်ခိုင်းဘူးလေ"
"သူ့လက်လေးတွေအပူလောင်ကုန်မှာစိုးလို့ပါ hyung ရယ်"
သူ့ကိုကြည့်ကာ မျက်နှာငယ်လေးနဲဖြေရှင်းချက်ပေးလာတဲ့ Chanyeol ကို Kris တစ်ချက်ကြည့်လိုက်ပြီးမှ Baekhyun ကိုပြန်ကြည့်ကာ
"နေစမ်းပါဦး Baekhyun မင်းကချက်ကျွေးမယ်ပြောရအောင်ချက်တတ်လို့လား???"
Yifan စကားကြောင့် Baekhyun မျက်နှာလေးငိုမဲ့မဲ့ဖြစ်ကာ Chanyeol ရင်ခွင်ထဲတိုးဝင်သည်။
"မချက်တတ်ပေမဲ့ ချက်တတ်အောင်ချက်မှာပေါ့လို့....yeol ကဘဲအမြဲတမ်းချက်ကျွေးနေရတာ BaekBaek လေးကတာဝန်မကျေသလိုဖြစ်နေတာကိုလို့ ဟင့်~~"
"Aigoo ကလေးရယ် ကိုယ်ကဒီကလေးလေးကိုလက်ထပ်ထားတာအဲ့လိုတွေခိုင်းဖို့မဟုတ်ပါဘူးဆို...Baek လေးသာကိုယ့်နားရှိရင်အရာအားလုံးပြည့်စုံပြီ ဘာမှမလိုဘူး"
"ဟိ အဲ့တာကြောင့် ချစ်နေရတာ...အရမ်ချစ်တယ် yeobo shi ~mwak~"
Baekhyun ပြောလည်းပြော Chanyeol ပါးလေးကိုလည်းလှမ်းနမ်းလိုက်တော့ သူတို့ရှေ့ထိုင်နေတဲ့လူပျိုကြီး Yifan ရှက်သွေးဖြာရပြီလေ
ВЫ ЧИТАЕТЕ
ရင်ခုန်သံစည်းချက်(Complete)
Любовные романыYaoi couple တစ်ခုရဲ့အိမ်ထောင်ရေးအချစ်ဇာတ်လမ်းလေးပါ လုံးဝ sweetပါ ဘာမုန်တိုင်းမှမရှိဘဲ sweet သက်သက်ဖတ်ချင်သူများအတွက် sweet fic လေးပါနော် #Chanbaek #Yaoi Start date>>>22.4.2017 End date>>>>18.5.2017