ယွမ်ဧကရာဇ်နိုင်ငံတော်ကြီးအတွင်းသို့ မင်းသား Wang Jung ဦးဆောင်တဲ့ တပ်တော်ကြီးချီတက်လာကြသည်။
စစ်ရေးစစ်ရာမှာ ရှင်ဘုရင်တစ်ပါးဟုခေါ်ရလောက်အောင် ကျွမ်းကျင်ထက်မြက်လှတဲ့ မင်းသားလေး Wang Jung ကဂိုလျောနယ်စပ်တွေကိုသိမ်းပိုက်ကာ ထပ်မံစစ်အောင်နိုင်ခဲ့ပြီမို့
ပြည်သူပြည်သားတွေကလည်း ချီးကျူးထောပနာပြုကြကာ လမ်းတစ်လျှောက်ဝမ်းသာအားရဆီးကြိုကြလေသည်။စစ်ပွဲအောင်နိုင်လာသည်မို့ မြင်းပေါ်က မင်းသားလေး Wang Jung အပါအဝင် နောက်ကလမ်းလျှောက်ကာခရီးနှင်ခဲ့ရတဲ့ ရဲမက်တွေလည်းပျော်ရွှင်နေကြသည်။
ဒါပေမဲ့ တစ်လမ်းလုံးကြိုးတုပ်ကာ ရိုက်နှက်အခေါ်ခံလာရသည့် သုံ့ပန်းတွေကတော့ မိမိနိုင်ငံစစ်ရှုံးခဲ့ရသည့်အတွက် မခံချင်မှု ဒေါသထွက်မှု ကြောက်ရွံ့မှု ခံပြင်းမှု အမုန်းတရားတွေနဲ့အတူ သူတို့ဆွဲခေါ်ရာနောက်ကို ဒဏ်ရာအမြောက်အများ
သွေးအလိမ်းလိမ်းနဲ့လိုက်ပါခဲ့ရသည်။ထိုအထဲတွင်မှာထူးထူးခြားခြား သူများတွေလို ဒေါသမျက်ဝန်းတွေမပါဘဲ မျှော်လင့်ချက်မျက်ဝန်းတွေအပြည့်နဲ့လိုက်ပါလာခဲ့တဲ့ ကောင်လေးတစ်ယောက်လဲရှိသေးသည်။
သူ့မျက်ဝန်းထဲမှာတော့ အခြားသူတွေလိုအရိပ်အယောင်မရှိဘဲ
ပျော်ရွှင်မှု
ဝမ်းသာကြည်နူးမှု
မျှော်လင့်ချက် စတာတွေနဲ့ဖုံးလွှမ်းနေတော့သည်။မိမိနိုင်ငံစစ်ရှုံးခဲ့ရသည်ကို ဘာကြောင့်များ သူ့မျက်ဝန်းတွေက ပျော်ရွှင်မှုတွေပြည့်နှက်နေရပါသနည်း??
သူဟာ ဂိုလျောနိုင်ငံသားမဟုတ်လို့လား??
Aryni အဲ့လိုလဲမဟုတ်...သူတို့ကမျိုးရိုးစဉ်ဆက် ဂိုလျောနိုင်ငံသားတွေပါဘဲအဲ့တာဆိုဘာလို့များပျော်ရွှင်နေပါလိမ့်??
သုံ့ပန်းအားလုံး တစ်လမ်းလုံးရိုက်နှက်ခံခဲ့ရတဲ့ဒဏ်ရာတွေကြောင့် လမ်းမလျှောက်နိုင်လောက်အောင် အလူးအလဲခံစားနေရပေမဲ့ Park Chanyeol ဆိုတဲ့အနှီလူသားလေးကတော့ ဒဏ်ရာတွေကြားထဲကပြုံးလျက်ပင် ဟိုကြည့်ဒီကြည့်စပ်စုနေလေရဲ့...

ESTÁS LEYENDO
ချစ်ခြင်းဖွဲ့ အလင်္ကာ
Ficción históricaချစ်တယ်...အရာအားလုံးထက်ပေါ့... ကျန်တာဘာမှမလိုပါဘူး...မင်းနဲ့ငါ့ရဲ့ပတ်သတ်မှုမှာအချစ်ရှိနေရင်ဘဲပြီးပြည့်စုံပြီ ယွမ်နိုင်ငံရဲ့ အရေးပေးခံရဆုံးမင်းသားလေး Baekhyun နဲ့ ဂိုလျောနိုင်ငံက ဖမ်းဆီးရမိလာတဲ့ သုံ့ပန်းကောင်လေး Chanyeol တို့ရဲ့အချစ်ဇာတ်လမ်း အခြေအနေ အ...