"Naung...ထတော့ကွာ..၊မိုးလင်းနေပြီနော်..Naung!!!"
ယောက်ျားပီသတဲ့ အသံနဲ့အတူ ကျနော့်အခန်းထဲ ၀င်လာပြီး ကျနော့်ကို နှိုးလာတဲ့သူ....
မှန်ပြတင်း လိုက်ကာစကို ဆွဲဖွင့်လိုက်တော့ ထိုးဝင်လာတဲ့ မနက်ခင်း နေရောင်စက သူ့ကို ထင်ဟပ်လိုက်ချိန်မှာတော့ ကျနော့် နှုတ်ခမ်းထက် အပြုံးတပွင့် ချိတ်ဆွဲလို့...
"Naung..ထတော့ဆိုနေနော်..အေး..နိုးနေရဲ့သားနဲ့..စောင်ခြုံထဲခွေမနေနဲ့..ထ..ငါမနက်စာလုပ်ပြီးသွားပြီ.."
မျက်လုံးပွင့်ရက်သားနဲ့ သူ့ကိုငေးနေတာ မြင်တော့ အဖေတယောက်လို ဆူလာတဲ့ သူ...
"ငါအိပ်ချင်သေးတာ.."
သူဆွဲယူသွားတဲ့ စောင်ကို ပြန်ဆွဲယူလိုက်ပြီး ငြူငြူစူစူ ပြန်ပြောလိုက်တော့ အုန်းကနဲ ဆောင့်ကန်လာတဲ့ သူ့ခြေထောက်က ကျနော့် တင်ပါးထက်...
"တော်!!ထကွာ..အလုပ်ပိတ်ရက်လေး..အိမ်ကို သန့်ရှင်းရေးလုပ်ရအောင် Naungရာ..မဆိုးစမ်းနဲ့ကွာ.နော်..."
ဆူမလိုလုပ်ပြီးမှ အဆုံးသတ်ကျမှ ချော့ပြောလိုက်တာကြောင့် ကျနော် ပြုံးပြလိုက်ပြီး...
"Okခပ်..မျက်နှာသစ်ပြီးလိုက်ခဲ့မယ်နော်.."
အိပ်နေရာကနေ ထထိုင်လိုက်ပြီး ခေါင်းလေးစောင်းရင်း ပြောလိုက်တဲ့ ကျနော့် ဆံပင်တွေကို သူက ဆွဲဖွသွားကာ ပြုံးပြလာပြီး...
"Aigoo...Pali..Pali..ok??"
သူ့အမိမြေဘာသာစကားကို ပြောပြီး အခန်းထဲက ထွက်သွားတဲ့ ကောင်လေးကို ကြည့်ပြီး ကျနော်.... နှလုံးသားတည်ရှိရာလို ပြောကြတဲ့ ဘယ်ဘက်ရင်အုံကို လက်နဲ့အသာဖိလိုက်ပြီး...
"ငြိမ်ပါတော့ကွာ..နော်..လိမ္မာပါတယ်.."
Huk..ကျနော့် မနက်ခင်းဟာ သူ့အပြုံးနဲ့တင် ပြည့်စုံသွားပြန်ပြီ...
Noon Naung..Noon Naung...မင်းဟာလေ..Park Chanyeolကို ချစ်နေတာ ရူးမတတ်ပဲနော်...
YOU ARE READING
နှလုံးသားဖြင့် ကြည့်၍ မြင်သည်...(Baekhyun×Chanyeol×OC-Yaoi)
Fanfiction....ငါမင်းကိုပေးနိုင်တဲ့ ပျော်ရွှင်မှုထက် သူမင်းကို ပေးနိုင်တဲ့ ပျော်ရွှင်မှုက ပိုများနေတဲ့အခါ..... ....အတ္တကြီးတယ်ဆိုဆို...တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော...ငါ..ငါ့ပျော်ရွှင်မှုကိုပဲ ရွေးချယ်ပါရစေ..... ....ဘယ်လောက်ပဲ ပေး...