"Yeol Hyungရောဟင်??"
ပေါင်မုန့်ချပ်တွေပေါ် creamတချို့သုတ်နေတုန်း နောက်ကနေ ထွက်လာတဲ့ အသံကြောင့် စောင်းငဲ့ကြည့်ရင်း ဖြေလိုက်မိတယ်...
"အခန်းထဲမှာ.."
မနေ့ညက သူပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် Chanyeol စိတ်ထိခိုက်သွားပြီး အခန်းထဲဝင်သွားတာက အခုမိုးလင်းတဲ့အထိ ထွက်မလာသေး...။
"P'တို့ရုံးက ၉နာရီ စတာနော့.."
အတည်ပြုဟန်နဲ့ ဆက်မေးလာတဲ့ Baekhyunစကားကြောင့် ကျနော် အသံတိတ် တုန့်ပြန်တဲ့အနေနဲ့ ခေါင်းငြိမ့်ပြလိုက်မိတယ်...။
"P' Noon Naung.."
နဘေးကိုလာရပ်ကာ နာမည်ပါတပ်ခေါ်လာတဲ့ ကောင်လေးကြောင့် ကျနော့်အကြည့်တွေ သူ့ဆီပို့လိုက်တော့ တီရှပ်အဖြူရောင်ကို အမည်းရောင်short pantတစ်ထည်နဲ့ တွဲဝတ်ထားတဲ့ Baekhyunက မျက်နှာပေါ်မှာ ခပ်ဝိုင်းဝိုင်းမျက်မှန်တစ်လက်ကိုပါ အဆစ်တပ်ထားပြီး ကျနော့်ကို ပြုံးကြည့်နေတာကြောင့်...
"ဘာလို့လဲ..Baekhyun,Breakfastစားချင်လို့လား??"
Chanyeolပြောပြထားတဲ့ Baekhyunရဲ့ မနက်စာမစားတတ်တဲ့အကျင့်ကို သိနေသော်ငြား မသိဟန်ဆောင်ကာ ကျနော်မေးလိုက်မိတယ်...။
"ဟင့်အင်း...ကျနော် မနက်စာစားလေ့မရှိဘူး..၊P' ကျနော့်ကို စိတ်ဆိုးနေတာမလား??"
အရိပ်အကဲဖတ်တတ်သူကြောင့် ကျနော် မျက်နှာပူစွာနဲ့ သူ့ဆီက အကြည့်တွေကို ဖယ်ခွာလိုက်မိတယ်...။
"စိတ်ဆိုးရတဲ့အကြောင်းရင်းကိုလည်း ကျနော် သိတယ် P'."
ဆတ်ကနဲ ကြည့်လိုက်မိတဲ့ ကျနော့်မျက်ဝန်း...
ကျနော် Chanyeolအပေါ် သဘောကျနေတာကို ဒီကောင်လေးသိများသွားပြီလား??
"စိတ်တော့မဆိုးပါနဲ့...အိမ်ရှင်က စိတ်ဆိုးနေရင် ကျနော်က နေရခက်ပြီးအားနာလို့ပါ..၊P'သူငယ်ချင်းကို တွေ့တွေ့ချင်း စိတ်မကောင်းဖြစ်အောင် တမင်လုပ်လိုက်တာ မဟုတ်ပါဘူး...ဒီတိုင်း....ကျနော်က..."
YOU ARE READING
နှလုံးသားဖြင့် ကြည့်၍ မြင်သည်...(Baekhyun×Chanyeol×OC-Yaoi)
Fanfiction....ငါမင်းကိုပေးနိုင်တဲ့ ပျော်ရွှင်မှုထက် သူမင်းကို ပေးနိုင်တဲ့ ပျော်ရွှင်မှုက ပိုများနေတဲ့အခါ..... ....အတ္တကြီးတယ်ဆိုဆို...တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော...ငါ..ငါ့ပျော်ရွှင်မှုကိုပဲ ရွေးချယ်ပါရစေ..... ....ဘယ်လောက်ပဲ ပေး...