နဖူးပေါ် လက်တင်အိပ်လို့ စောစောက Chanyeol ပြောခဲ့တဲ့စကားကိုသာ နားထဲထပ်တလဲလဲ ကြားနေမိတယ်။
..မတူဘူးကာကွယ်ပေးရမယ်..တဲ့လား...။
ဟုတ်မှာပေါ့..ကျနော်က သူ့ သူငယ်ချင်း..ဟိုကလေးက သူချစ်ရတဲ့ သူ့ချစ်သူ...။
Byun Baekhyun ကိုတော့ မနာလိုဖြစ်မိသား...။
"Huk..Huuuu~~~~"
သက်ပြင်းမောတခုကို မှုတ်ထုတ်လိုက်ပြီး ကိုယ့်ဆံပင်တွေကို ဆွဲဖွလိုက်မိချိန်မှာပဲ အိမ်ရှေ့ခန်းဆီက ဘဲလ်တီးသံ ကြားလိုက်ရတယ်...။
စောစောကမှာထားတဲ့ အစားအသောက်တွေ လာပို့ပြီနေမှာ.။
Bedsideပေါ်က ပိုက်ဆံအိတ်ကို ကောက်ဆွဲပြီး အခန်းပြင် ထွက်လာခဲ့တော့ Baekhyunက သူ့ပိုက်ဆံသူ ထုတ်ရှင်းပေးနေပြီ...။
"Thank u.."
အစားအစာပန်းကန်ချပ်တွေကို စားပွဲပေါ် တင်ပေးပြီး အနားကထွက်သွားတော့မယ့် Deliveryကောင်လေးကို ကျေးဇူးတင်စကားပြောပြီးတာနဲ့ ချက်ချင်းဆိုသလို Baekhyun အကြည့်တွေက စားပွဲပေါ်က ပန်းကန်ချပ်လေးတွဆီ ရောက်သွားပြီး ခပ်ပြုံးပြုံးအနေအထားနဲ့ ငေးကြည့်နေတယ်...။
အရာရာကို ပြုံးကြည့်တတ်တာ ဒီကောင်လေး အကျင့်များလား...။
ကျနော် သူ့နားရပ်နေတာတောင် သတိမထားမိသေးဘဲ ကောင်လေးက သူ့ကိုယ်ပိုင်ဖုန်းကို ထုတ်ပြီး စားပွဲပေါ်က ညစာတွေကို ဓာတ်ပုံရိုက်ယူနေလေရဲ့...။
ဓာတ်ပုံရိုက်ဖို့ သူ့လက်ထဲ ကိုင်ထားတဲ့ walletလေးကို စားပွဲပေါ်တင်လိုက်တာနဲ့ ကျနော် အဓိပ္ပါယ်မဲ့စွာပဲ ပြုံးလိုက်မိတယ်...။
အမည်းရောင်အောက်ခံပေါ်မှာ ပိုက်ဆံအိတ်ထောင့်ကနေအနီ အဖြူ အမည်း သုံးလိုင်းစလေး designဆင်ထားတဲ့ Thom Browne Walletလေးကို ကျနော် ခပ်တွေတွေငေးကြည့်နေမိတယ်...။
$500ကျော်600နီးနီးပေးရတဲ့ walletလေးကို ကျနော် သေသေချာချာကို မှတ်မိတာပေါ့...။
လွန်ခဲ့တဲ့ ၈လကျော်လောက်က Mallတစ်ခုမှာ Chanyeolရဲ့ လှတယ်မလား အမေးကို ကျနော် ခေါင်းငြိမ့်ထောက်ခံခဲ့တဲ့ walletလေး...။
ရူးကြောင်ကြောင်နိုင်စွာနဲ့ အဲ့အချိန်တုန်းက ကျနော့်ကို ပေးဖို့ ၀ယ်လာခဲ့တယ် မှတ်နေခဲ့တာ...။၁လကျော်တဲ့အထိ လက်ထဲမရောက်လာခဲ့မှ သူ သုံးဖို့ဝယ်လာတာမှန်း ရိပ်မိသွားပြီး သဘောတကျရယ်ခဲ့မိသေးတာပဲ...။
![](https://img.wattpad.com/cover/108062312-288-k794826.jpg)
YOU ARE READING
နှလုံးသားဖြင့် ကြည့်၍ မြင်သည်...(Baekhyun×Chanyeol×OC-Yaoi)
Fanfiction....ငါမင်းကိုပေးနိုင်တဲ့ ပျော်ရွှင်မှုထက် သူမင်းကို ပေးနိုင်တဲ့ ပျော်ရွှင်မှုက ပိုများနေတဲ့အခါ..... ....အတ္တကြီးတယ်ဆိုဆို...တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော...ငါ..ငါ့ပျော်ရွှင်မှုကိုပဲ ရွေးချယ်ပါရစေ..... ....ဘယ်လောက်ပဲ ပေး...