"Wow....ဒါ ကျနော့်အတွက်လား P'...?"
မကျယ့်တကျယ့်အခန်းလေးထဲ ဝေ့၀ဲကြည့်နေတဲ့ Baekhyunဆီက ရွှင်မြူးမြူးမေးသံလေးထွက်လာတယ်..။
"အရမ်းချစ်ဖို့ကောင်းတာပဲ.."
နှစ်ယောက်အိပ်ကုတင်လေးအစွန်းကို လက်ညိုးနဲ့ အသာတို့ထိကြည့်ပြီး ပြောလာတဲ့ ကောင်လေးစကားက အလိမ်အညာမဟုတ်ဘူးဆိုတာ သူ့အသံတွေကတဆင့် သိနိုင်ပါတယ်..။
Baekhyun...မင်းဟာ ရိုးသားဖြူစင်တဲ့ ကလေးတယောက်ဖြစ်နေပေမယ့်...ငါချစ်ရတဲ့ သူက မင်းကို ချစ်နေတယ်ဆိုတဲ့ အသိက...
တောင်းပန်ပါတယ် Baekhyun..၊ငါ မင်းအပေါ် ကြိုးစားပြီးခင်ပေးပါ့မယ်...။
"Yeol hyung...၊မိုက်တယ်နော်.."
အခန်းတွင်းက စာကြည့်စားပွဲလေးကို လက်ညိုးထိုးပြီး မြူးထူးထူးအသံလေးနဲ့ ပြောကာ အသာခုန်နေတဲ့ ကောင်လေးက ချစ်ရသူကို တမ်းတပြီး သတိတရပြောလာတာကြောင့် နဘေးနား ဆိတ်ငြိမ်ပြီး ရပ်နေတဲ့ Chanyeolကို ကျနော် လှမ်းကြည့်မိလိုက်တယ်..။
Chanyeolအကြည့်တွေက အခန်းတွင်းမှာ ကလေးတယောက်လို ပျော်ပါးနေတဲ့ သူနဲ့လူမျိုးတူ ကောင်လေးဆီရောက်နေသလို သူ့နှုတ်ခမ်းကလည်း လှလှပပကို ကော့တက်လို့...။
သြော်...သူ့အပြုံးတွေ မြင်တာနဲ့ မင်းပါ လိုက်ပြုံးတယ်လား Chanyeol...
"Baekhyunee...အဆင်ပြေပါ့မလား??"
ခပ်တိုးတိုးလေး ပြောလာတဲ့ သူ့စကားကြောင့် နားမလည်နိုင်စွာပဲ မျက်မှောင်ကြုတ်ကြည့်လိုက်မိတယ်..။
"အဲ့ဒါ ဘာပြောတာလဲ Chanyeol??"
ခေါင်းထဲသိချင်နေရင် ချက်ချင်းထုတ်မေးတတ်တဲ့ ဒီအကျင့်ဟာ မကောင်းပါလေ..။
"ဟင်..ဘာကိုလဲ Naung?"
ကျနော့်အမေးကို နားမလည်တဲ့ပုံလေးနဲ့ မျက်လုံးလေးဝိုင်းပြီး မေးလာတဲ့ သူ့ပုံစံလေးက ချစ်စရာအကောင်းသား...
أنت تقرأ
နှလုံးသားဖြင့် ကြည့်၍ မြင်သည်...(Baekhyun×Chanyeol×OC-Yaoi)
أدب الهواة....ငါမင်းကိုပေးနိုင်တဲ့ ပျော်ရွှင်မှုထက် သူမင်းကို ပေးနိုင်တဲ့ ပျော်ရွှင်မှုက ပိုများနေတဲ့အခါ..... ....အတ္တကြီးတယ်ဆိုဆို...တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော...ငါ..ငါ့ပျော်ရွှင်မှုကိုပဲ ရွေးချယ်ပါရစေ..... ....ဘယ်လောက်ပဲ ပေး...