2017

59 9 0
                                    

[Jessica] ဘာာာ အစေခံ
Jessica မှာ ဟားတိုက်ကာ ရယ်ရင်း

[Jessica] လဲသေလိုက်...
သူမလဲ ချက်ချင်း ပြောနေသည့်နေရာမှ ထထွက်လာခဲ့သည်။သို့သော် ပူနွေးသော လက်တစ်စုံက သူမ လက်ကို ဖမ်းဆုပ်ခြင်းခံလိုက်ရသည်

[Anacamusuu] မသွားနဲ့ အန္တရာယ်ရှိတယ်

Jessica မှာသူမ၏လက်ကို ရိုင်းစိုင်းစွာ ပုတ်ချရင်း

[Jessica] နင်နဲ့နေမှ ငါရူးပြီး သေမှာ နင်လိမ်ဆင်တွေရပ်သင့်နေပြီ

[Anacamusuu] တော်ဝင်မင်းသမီးတို့သည် လိမ်လည်သောသကားကို မဆိုရာ၏ ငါလိမ်မပြောတက်ဘူး

Jessica တယောက် သူခေါင်းမှ ဆံပင်ကို အကြိမ်ကြိမ် ဖွရင်း
[Jessica] နင်မရူးဘူး ငါရူးတာ ငါရူးနေတာ

ပြောပြောဆိုဆို ဖြင့် Jessica တယောက် Anacamuusuu နှင့်ဝေးရာသို့ ထွက်ပြေးလေသည်။

[Anacamusuu] နားမထောင်ရင် အန္တရာယ်နဲ ကြုံရလိမ့်မယ်

သူမလည်းJessica နှင့်မျက်နှာချင်းဆိုင်အရပ်ကို မျက်နှာမူကာ သက်ပြင်းချလိုက်လေသည်။

[Anacamusuu] နင်က ငါ့ကို နှိုးခဲ့တဲ့သူပဲ ငါ့လိုအဖြစ်မျိုး ခံစားရဦးမဲ့ တဦးတည်းသောသူမဖြစ်ပါစေနဲ့

------------------------------

[Amber] Soojung ahh ထတော့ အိမ် ပြန်ရောက်နေပြီ

[Krystal] ...
Krystal မှာတော့ နိုးနေပေမဲ့ အသက်မရှိသူလို မတုန့်ပြန်ပေ။

[Amber] ငါတောင်းပန်ပါတယ် တော်ပါတော့ဟာ

[Krystal].....

[Amber] နင်တယောက်ထဲ နေချင်နေပါ ငါထွက်သွားပေးပါ့မယ်

[Krystal] ငါ့ကို

Amber တယောက် Krystal စကား ကြောင့် သူမ ခြေလှမ်းများအား ရပ်တန့်သွားလေသည်

[Krysal] တယောက်ထဲ မထားခဲ့ပါနဲ့ ငါ ငါ

Amber မှာ Krystalဦး ခေါင်းကိုရင်ခွင်ထဲ ဆွဲသွင်းကာ တောင်းပန် စကား အထပ်ထပ် ပြောရုံမှ လွှဲ၍ ဘာမှ မတတ်နိုင်ပေ

[Krystal] ငါ့မှာ ဆွေမျိုးဆိုလို့ သူပဲ ရှိတော့တာ အမေမရှိပဲကြီးပြင်းလာပေမဲ့ အမေမရှိဘူးလိုမခံစားရတာ သူကြောင့် ငါ့ကိုအမြဲအလိုလိုက်ခဲ့တာ ကာကွယ်ပေးခဲ့တာ သူလိုအပ်တဲ့အချိန်မှာ ငါမရှိနေခဲ့ဘူး

Egypt CodeWhere stories live. Discover now