My Fault

54 11 0
                                    

Jessica's POV
ကျွန်မ အလွန်တုံးသည်။Yuri ညဘက်ဆိုလျှင် ကျိန်စာခံရတာကို မေ့နေလေသည်။ကျွန်မ တကယ် မကောင်းတဲ့သူပါ။ဒီလောကကြီးအကြောင်း ဘာမှ မသိသေးတဲ့သူမကို ခေါ်တုန်းကခေါ်ထားပြီး ဂရုမစိုက်သည်အပြင် တယောက်တည်းပစ်ထားခဲ့မိသည်။အလျင်လိုနေပါသည်ဆိုမှကားလမ်းကလည်း ကျွန်မအားပြစ်ဒဏ်ပေးသည့်အလား တစီတတန်းကြီးမှ ပိတ်နေလေသည်။သက်ပြင်းချရုံမှလွှဲ၍ဘာမှ မလုပ်နိုင်။
[Jessica] Oppa တခြားလမိးကသွားလို့မရဘူးလား

[Donghae] ကိုယ်ကြည့်ကြည့်မယ်

[Jessica] ရလာ:oppa

[Donghae] ကားလှည့်ထွက်ဖို့တောင် အဆင်မပြေဘူး sica

[Jessica] Yuri ကို ဘယ်လို လုပ်ရပါ့မလဲ သူဝမ်းနည်းနေမှာပဲ

[Donghae] အော် ဘာဖြစ်မှာမို့လို့လဲ Sicaရယ် Sica စိတ်ထင်နေတာပါ

[Jessica] စိတ်ထင်နေတာမဟုတ်ဘူး Oppa ညီမသိတယ်

[Donghae] sicaအဲ့ သူငယ်ချင်းကို အဲလောက်ခင်လား Oppa နဲ့ အဲ့သူငယ်ချင်းဆို ဘယ်သူရွေးမှာလဲ

oppa ရဲ့ ပေါကြောင်ကြောင် စကားများက စလာပြန်လေပြီ။ချစ်သူနဲ့ သူငယ်ချင်းကြား သဝန်တိုနေသော Oppa ကို အံ့သြမိသည်။ကျွန်မလဲလမ်းပိတ်လို့ စိတ်ညစ်ရတဲ့ကြားထဲ Oppa မေးခွန်းကြောင့် Oppa အားအရွဲ့တိုက်ရန်တွေးလိုက်သည်။

[Jessica] ခုလောလောဆယ် Oppa ကအကောင်းတိုင်းကြီး ညီမဘေးမှာရှိတော့ သူ့ကို ရွေးတယ်

[Donghae] သူငယ်ချင်းပဲဟာ အဲလောက်တောင်လား

"သူငယ်ချင်းပဲဟာ"oppa မို့လို့ပြောရက်တယ်။စိတ်ရှုပ်နေတော့ကျွန်မလည်း oppa နဲ့ရန်မဖြစ်ချင်ပေ။စိတ်ထဲသာတွေးပြီး ဒီအတိုင်းသာပေးကျော် လိုက်သည်။
[Donghae]sica...အဲ့သူငယ်ချင်းနဲ့ ဘယ်လိုသိတာလဲ
sicaအရမ်းခင်တဲ့ပုံပဲ

[Jessica] Yuriကသူငယ်ချင်းထက်ပိုတယ်
ကျွန်မစကားကြောင့်oppaကားဘရိတ်ကို တအားနင်းချလိုက်သည်။ရုတ်တရပ် ကားမှာစောင့်ရပ်သွားကြောင့် ကျွန်မအား ကိုင်စောင့်လိုက်သလို ဖြစ်သွားသည်။
[Jessica]ahh

[Donghae] sicaနဲ့သူနဲ့က ဘယ်လိုဆက်ဆံရေးလဲ

[Jessica]oppa ကဘာပြောချင်တာလဲ

Egypt CodeWhere stories live. Discover now