The Bid

44 8 0
                                    

Jessica's POV

ကျွန်မ Amber ဆီက ဖုန်းရတာနဲ့ အိမ်ကို အပြေးပြန်ခဲ့မှာ boyfriend ဖြစ်သူ Donghae Oppa ပင် ထားခဲ့သည် အထိ စိတ်လှုပ်ရှားနေသည်။Oppa ကျွန်မအပေါ် အနစ်နာခံသည်မှာ အခြားသူတွေ ရှုံးလောက်အောင်ပင် သို့သော်လည်း တခါတလေ မူ သူရဲ့ သဝန်တိုမှုကို ကြောက်မိသလို ချုပ်ချယ် တယ်ဟုပဲပြောရမလားထိုသို့သော စိတ်ဓာတ်ကိုလည်း မကြိုက်ပေ။ကျွန်မဘဝ ကျွန်မလမ်း ကို ကျွန်မဖောက်နေချိန်မှာ ဘေးသူရဲ့ ချုပ်ချယ်မှုနှင့် မနာလိုမှုများကို မလိုချင်သည်မှာ ကျွန်မလို ကိုယ့်ဒူးကိုယ်ချွနိနေသော မိန်းမများ၏စိတ်ဓာတ်တစ်ခုပင်ဖြစ်သည်။ထိုသို့သော အတွေးများဖြင့် ကားမောင်းလာသည်မှာ အိမ်ရှေ့ပင် ရောက်ခဲ့လေပြီ။ ကျွန်မလည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ရန် စိတ်လောနေ၏။မှောင်ခို သမားဖြစ်ရသည်မှာ အန္တရာယ်လည်းများသလို လူတို့၏ကောင်ကျစ်မှုတွေကိုလည်းအနိုင်စဉ်းစားထားနိုင်မှတော်ရာကျသည်။။ကျွန်မဒီလောကထဲ ကျင်လည်နေသည်မှာ အဖေရှိစဉ်ငယ်စဉ်ကလေးတည်းကဆိုတော့ အထာနက်သင့်သလောက်လည်းနက်နေပြီဖြစ်သည်။

[Amber] Unnie မြန်လှချည်လားပွဲက ညမှလေ ဒါနဲ့ ဒီမှာ လေလံပစ္စည်းရဲ့ ပုံ
Amberရဲ့လက်ပ်တော့၌ပေါ်နေသောပုံအားကျွန်မမြင်လိုက်သည်နှင့် Yuri မှန်း တပ်အပ်ပြောနိုင်လေသည်။အကြောင်းအရင်းမှာ အခေါင်းပေါ်၌ရေးထားသော "ပြန်လည်နိုးထခြင်း"ဟူသောစာသားကြောင့်ပင်။
[Jessica]Yuri...
ကျွန်မလည်း တွေဝေမှုမရှိ လျှို့ဝှက်ခန်းငယ်လေးထဲမှ pistol လက်နက် အစုံလိုက်ဆွဲထုတ်လာလေသည်။ထို အရာကို အံ့သြတကြီး ကြည့်နေသော Amber မှာ ကျွန်မဘာတွေးနေသည်ကို သူမစဉ်းစားနေလေသည်။Pistol ကတော့ ကျွန်မတို့လို လောကသားတွေအတွက် မရှိမဖြစ်အရာဖြစ်သည်။ကျွန်မ လေလံမဆွဲနိုင်ရင်တောင် Yuri ကိုတော့ ထိုသူတွေ လက်ထဲ မထားခဲ့ချင်သည်မှာအမှန်ပင်။ကျွန်မ ချမ်းသာသည်မှာမှန်သော်လည်း ကိုယ်ထက်ချမ်းသာသူက လေလံနိုင်သွားလျှင် Yuri ပါသွားမည်ကိုလည်း စိုးရိမ်သည်။ကျွန်မ မနိုင်ရင်တောင် လေလံပွဲ ဖျက်နိုင်ရလိမ့်မည်။ထိုသို့မဟုတ်သောအကြောင်းအရာ တွေးနေသော ကျွန်မအား Amber လှမ်းတားလိုက်လေသည်။

Egypt CodeWhere stories live. Discover now