Coffin

51 11 0
                                    

Jessica သူမ့ အပေါ်လဲကျနေသော သူအားတွန်းထုတ်၍ အခန်းမီးကို ပြေးဖွင့်လေသည်။အမှောင်ကို အလင်းခွင်းသွားကာမှ သူမြင်ဖူးသော အင်္ကျီတစ်စုံ ဝတ်ထားသည့် နက်မှောင်ရှည်လျားသည့် ဆံနွယ်ပိုင်ရှင်က သူ့ရှေ့၌ တုပ်တုပ်မလှုပ်ပဲ လဲနေလေသည်။မျက်ရည်များဖြင့် ပြည့်နေသော Jessica မျက်လုံးအိမ်မှာ ဝေဝါးလာလေခဲ့သည်။ ကြမ်းပြင်၌ပြန့်ကျဲနေသော သူလက်ဆောင်အဖြစ်ပေးခဲ့တဲ့ မှန်အပိုင်းအစလေးတွေကို ကြည့်ရင်း သနားစရာကျိန်စာသင့်မင်းသမီးလေးအား မြင်ရသည့်မှာ ရင်ထဲသံမှို စိုက်သည့်အလား နာကျင်ရလေသည်။ သဲကန္တာရ သူပိုင်သောနေရာကို စွန့်ပြီးလာရလောက်အောင် ဘာတွေက အရေးကြီးနေလဲမှန်း မသိတော့ပေ။ငိုသံမထွက်အောင် ပါးစပ်ကိုအုပ်ထားသော သူမလက်အားအသာခွာ၍ မေ့မြောနေသူ သူမအနား လျှောက်လှမ်းလာခဲ့သည်။တစ်လကျော် သတင်းမကြား ဘာမကြားနဲ့ ဖြစ်နေသော သူမအားမမျှော်လင့်ဘဲ မြင်တွေ့လိုက်ရသဖြင့် Jessica အရမ်း ပျော်မိလေသည်။Yuri ရဲ့ရှင်းသန့်ကြော့ရှင်းသော မျက်နှာကို အုပ်နေသော ဆံနွယ်လေးများကို သပ်တင်ပေးရင်း

[Jessica] Anacamusuu!!!!

တီးတိုးခေါ်သံကြောင့် မေ့မြောနေသူ Yuriမှာ သတိရလာခဲ့သည်။

[Jessica] Anacamusuu!!!သတိရလာပြီလား

[Yuri] ဘာလို့ Yuri လို့ မခေါ်တာလဲ Anacamusuu ဆိုတဲ့နာမည်ကြောင့် နင် ဒုက္ခရောက်နေတယ်ဆို နောက်အဲနာမည် မခေါ်နဲ့တော့ ငါနင် ဒုက္ခရောက်တာ မမြင်ချင်ဘူး

ဒီလောက် သူကိုယ်တိုင် ဒုက္ခရောက်နေတာတောင် သူမကို တွေးပူပေးနေသော Yuri ရဲ့ ဖြူစင်မှုကို Jessica ချစ်မိလေသည်။

[Jessica] Yuri ahh!!!
Jessica Yuri နာမည်ကို ခေါ်ရင်း သူမရင်ခွင်ထဲဆွဲသွင်းလိုက်လေသည်။ကြောင်တောင်တောင်ဖြစ်နေသော မင်းသမီးလေးမှာ ငိုနေသူ သူမကျောပြင်လေးအား ပုတ်ရင်း တိတ်တော့ဟူသော စကားကို ထပ်တလဲလဲပြောနေရှာသည်။

[Jessica] နင် ဘယိလိုရောက်လာတာလဲ

[Yuri] ငါ ကျိန်စာသင့်နေတုန်းအလောင်းကို လူတစ်စု ရှာတွေ့ပြီး ဒီနေ့လိုမျိုး အဲလိုပွဲတွေ လုပ်ပြီး ငါအခေါင်းကို ရောင်းစားနေကျတာ ငါဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ ဖြစ်နေတာ။ငါအစွမ်းသုံးပြီးထွက်ပြေးရင်ရတယ် ဒါပေမဲ့ နင်နဲ့များတွေ့ရမလားဆိုပြီး မျှော်လင့်ချက်လေးနဲ့နေနေတာ ခုတော့တကယ်ဖြစ်လာပြီ။ငါ ဒီရောက်တည်းက နင့်စိတ်ထဲက အသံကြားနေရတယ်။နင်ငါ့နားမှာရှိနေတာငါသိတယ်

Egypt CodeWhere stories live. Discover now