[Zawgyi]
At ICN Airport,
2017.6.15 (6:00,A.M )"ကျေးဇူးပြု၍နားဆင်ပါရှင် ဆိုးလ်အပြည်အပြည်ဆိုင်ရာလေဆိပ်မှ America New York သို့တိုက်ရိုက်ပျံသန်းမည့် လေယာဉ်အမှတ် NW 8812 သည် ရာသီဥတုအနည်းငယ်ဖောက်ပြန်နေပါသဖြင့်သတ်မှတ်ထားချိန်ထက် နာရီဝက်နောက်ကျပြီးမှ ထွက်မည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင် "
×××××××××××
"ဒေါက် .. ဒေါက် "
"KyungSoo !! KyungSoo "
အခန်းအပြင်ဘက်ကတံခါးကိုအဆက်မပြတ်ထုပြီးအော်ခေါ်နေသံကြောင့် KyungSoo ကုတင်ပေါ်ကနေဆင်းလိုက်ရင်းတံခါးသွားဖွင့်လိုက်တယ်။ဘေးမှာ Jongin ကမရှိ။နာရီက မနက်စောစော ၅နာရီခွဲကိုညွှန်ပြလို့ .. ။
"KyungSoo ! "
"ဘာဖြစ်လို့လဲ .. BaekHyunee ရဲ့ "
တံခါးဖွင့်ဖွင့်ချင်း BaekHyunee နဲ့ Chanyeollie ရဲ့ ဝမ်းနည်းဟန်မြင်လိုက်ရတာမို့ အမြန်ပင်မေးလိုက်တယ်။
"Jongin .. Jongin လေ "
"Jongin ကဘာဖြစ်လို့လဲ "
မျက်ရည်ဝဲရင်း Chanyeol က ပြောနေတာမို့ စိုးရိမ်စိတ်ကကြီးစိုးလာတယ်။
"သူ .. သူ ဒီနေ့မနက် New York ကိုသွားတော့မယ် "
"ဘာ !!! "
"ဟုတ်တယ် .. KyungSoo သူ New York ကိုသွားတော့မယ် "
အမှန်ကိုပြောနေကြတဲ့ ပုံမို့ စိတ်တွေက တင်းကြပ်လာကာ ဒူးတွေက ညွှတ်ကျချင်လာတယ်။
"မဖြစ်နိုင်ဘူး ! .. မဟုတ်ဘူး ! "
အဝတ်ဘီရို ကိုအပြေးသွားကြည့်မိတော့ လွတ်လပ်နေတဲ့ နေရာအချို့။ စာရွက်စာတန်းတွေကြည့်မိတော့ Jongin နဲ့ ပတ်သတ်ပြီးမရှိတော့တဲ့စာရွက်များ။
မယုံလို့မရတော့တဲ့ အခြေအနေမို့ ! ကြမ်းပြင်ပေါ်တွင်ထိုင်ချကာ ငိုလိုက်မိတယ်။
ဘာလို့လဲ .. ဘာလို့ကြိုမပြောပြခဲ့တာလဲ ? နည်းနည်းလေးလောက်များ ကြိုပြောပြခဲ့ရင် အတူတူရှိနေခဲ့တဲ့အချိန်တွေကိုစိတ်မဆိုး ရန်မဖြစ်ဘဲ နေခဲ့မှာ .. ဘာလို့လဲကွာ !!
စိတ်ထဲမှာအော်ဟစ်သောင်းကျန်းနေပေမယ့် အပြင်မှတော့ စကားတစ်ခွန်းတောင်ပြောဖို့အားမရှိစွာနဲ့အသည်းအသန်ငိုနေမိတယ်။
YOU ARE READING
ချစ်တယ်[ချစ်တယ်]
Fanfiction[Unicode]💜 အဆိုးဘဲဖြစ်ဖြစ် ~ အကောင်းဘဲဖြစ်ဖြစ် တို့နှစ်ယောက်အတူတူကျော်ဖြတ်ကြတာပေါ့💜 [Zawgyi]💜 အဆိုးဘဲဖြစ်ဖြစ် ~ အကောင်းဘဲဖြစ်ဖြစ် တို့နှစ်ယောက်အတူတူကျော်ဖြတ်ကြတာပေါ့💜 💜 Kaisoo 💜