2.ဒုတိယညို့ကြိုး

501 37 2
                                    


သစ်​ပင်​မြစ်​ဆုံကြီးတစ်​ခုက ဒီ​လောက်​​ပျော့သလား။
သူထိုင်​ခဲ့ဖူးတဲ့ မြက်​ခင်းနုနု​လေးနူးညံ့မှန်းသိ​ပေမယ့်
ဒီ​လောက်​​တော့ အိစက်​​နေမယ်​မထင်​ပါဘူး။

ဝေ​ဝေဝါးဝါး​တွေးရင်း ​ကျော​အောက်​ကအရာကိုစမ်းကြည့်​ရင်း မျက်​ခွံကိုဆွဲဖွင့်​​တော့ အလင်း​ရောင်​ကစူးခနဲ
ဝင်​လာတာမို့ မျက်​​တောင်​ရှည်​​တွေကို နှစ်​ချက်​သုံးချက်​ခတ်​လိုက်​ရသည်​။

နောက်​မှသစ်​သားအမိုးမည်းမည်းကိုမြင်​လိုက်​ရသည်​။
ဒါသူမနက်​ခင်းတိုင်း​တွေ့​နေကျမြင်​ကွင်း​ပေပဲ။အ​မေ့အိမ်
...​နေခြည်​​နွေး​နွေးကလည်းခပ်​စူးစူး...​နေ့ခင်း​အချိန်​မှာ
တွေ့ရ​တော့ ​ခေါင်​မိုးကအညို​ရောင်​ဘက်​သန်း​နေသလား
လို့။ဝါးခင်းကပ်​​ကို​ခေါက်​သိမ်းကာ ​ခင်းထားတဲ့ဂွမ်း​စ​စောင်ကိုပါလိပ်သိမ်း​​​ပြီး ထပ်​ခိုးက​နေဆင်းခဲ့​တော့..​လက်​ဖက်​​ခြောက်​ဖြန့်​​နေတဲ့ မား က ကျက်​သ​ရေရှိ
တဲ့အပြုံးနုနုနဲ့။

"​ကောင်း​သောမနက်​ခင်းပါ မား"

"ထိုင်​​လေ စွပ်​ပြုတ်​​သောက်​မယ်​မလား"

ခေါင်းနှစ်​ချက်​​လောက်​ငြိမ့်​ပြမိပြီး စားပွဲပုပုမှာဝင်​ထိုင်​မိ​တော့ သစ်​သားပြားနဲ့ဒူးကတိုက်​ချင်​ချင်​။အခုတ​လော
အရွယ်​​ရောက်​ခြင်းက မြန်​​နေသလိုပဲ။သ​ဘောတကျ​တွေးမိရင်း ပြုံးမိ​နေတုန်း ​ရောက်​လာ​တဲ့အ​ငွေ့တလူလူ
နဲ့​ကြွေပန်းကန်​ဖြူ။။

"မားမ​နေ့က​လေ..မ​နေ့က..သား.."

"အပြင်​​လျှောက်​သွားပြီး.. မသန့်​စင်​ပဲခိုးအိပ်​တယ်​မလား
နောက်​တစ်​ခါဆိုမလွယ်​ဘူး​နော်​ ​ကောင်​​လေး''

နဖူးကိုလက်​ဖျားနဲ့ခပ်​ဆတ်​ဆတ်​​လေးရိုက်​ပြီး​ပြော​တော့
သူ​ယောင်​နနနဲ့သာ ပြုံးလိုက်​ရသည်​။ဘယ်​လို??
ဒါဆို သူအိပ်​ယာထဲကိုဘယ်​လို​ရောက်​​နေခဲ့တာလဲ?
သူ​ကောင်း​ကောင်းကြီးမှတ်​မိသည်​က သူလမ်း​လျှောက်​ပြီး ပြန်​ခဲ့တယ်​ဆိုတာ။လိပ်​ပြာခရမ်းရင့်​နဲ့ပန်းပွင့်​ခဲ​တွေ..
ကတ္တီပါ​ငွေနားကွပ်​ဝတ်​ရုံ​ရော..ဒါ​တွေအိပ်​မက်​မဟုတ်​တာ သူအသိ။လည်​ပင်းကိုပွတ်​စမ်းမိ​တော့လည်း
ထူးခြားတာဘာမှမရှိ။ အခု​နေ မားကို​ပြောရင်​​ကော ယုံမှာလား။ဟင့်​အင်း မထင်​ဘူး။

ညို့(ညို့)-_ -hiatusWhere stories live. Discover now