3.I will kill you

509 38 10
                                    

ညင်းသဲ့သဲ့​တိုက်​​နေတဲ့​လေ​အေး​တွေက ထပ်​ခိုးခန်း​လေး
ထဲကို ပြတင်း​ပေါက်​ငယ်​မှတဆင့်​ အပြည့်​​နေရာယူလာ
သည်​။တစ်​စတစ်​စ ပြင်းလာတဲ့ရနံ့နဲ့အတူ မျက်​​တောင်
ထူထူတို့ကလှုပ်​ခတ်​လာသည်​။ ဘယ်​လိုရနံ့မျိုးပါလိမ့်​။

မျက်​လုံး​တွေကိုပွတ်​ဆွဲကာ အိပ်​ရာခင်း​ပေါ်လက်
ထောက်​ကာ ထကြည့်​မိ​တော့ ညဦးကပိတ်​ထားခဲ့သည်​ထင်​တဲ့ ဝါးကန့်​လန့်​ကာ​နောက်​က တံခါးရွက်​ကပွင့်​​နေခဲ့
တာမို့ ဝါး​ချောင်းချင်းရိုက်​ခတ်​သံသဲ့သဲ့ ထွက်​​နေ​လေ
သည်​။ ကန့်​လန့်​ကာကိုလိပ်​တင်​လိုက်​​တော့ ​ငွေ​ရောင်
ဖွေး​နေတဲ့ လ​ရောင်​ကပိုင်​စိုးပိုင်​နင်းပင်​ အခန်းငယ်​ထဲ
နယ်​ချဲ့​လေသည်​။

သုတ်​ခနဲ​ဝှေ့သည့်​​လေ​ပြေမှာ ဆံစညို​တွေပါလိုက်​ပါ
ကစားသည်​။ နဖူးထက်​ဖရိုဖရဲကျလာသည့်​ဆံစ​တွေကို
သပ်​တင်​လိုက်​ရင်း အလိုမကျစွာပါး​စောင်​တစ်​ဖက်​မှာ 
လေစုထည့်​လိုက်​​တော့ ပန်းနု​ရောင်​သမ်းတဲ့ပါးဖြူဖြူက
ဖောင်းအိအိ..။

တော်​ရုံဆို အိပ်​ရာကမနိုးတက်​ပါပဲနှင့်​အ​ကြောင်းမဲ့နိုးလာ
ခြင်း​အ​ပေါ် မကြည်​မသာဖြစ်​မိ​နေတုန်း ရလိုက်​တဲ့
အကျွမ်းဝင်​စရနံ့​​ကြောင့်​ Yifanမျက်​ဝန်းရှည်​ရှည်​တို့်
ဝိုင်းစက်​သွားကြသည်​။ဒါ..ခရမ်း​ရောင်​ပန်းပွင့်​ခဲ​တွေဆီ
ကရတဲ့အနံ.။

ပြတင်းက​နေ​ခေါင်းပြူကြည့်​​မိ​တော့ ဝိုင်းစက်​စက်​လပြည့်​ဝန်းကသာ သူ့အားငုံ့ကြည့်​ပြုံးပြ​နေသ​ယောင်​။
ရနံကအခန်းထဲမှာသာမို့ လှည့်​ပတ်​ရှာ​ပေမယ့်​မ​တွေ့။
တစ်​စ တစ်​စ ပြင်းလာ​သောရနံ့သာ အခန်းငယ်​ထဲ​လှောင်
နေခဲ့သည်​။ အခန်းအတွင်းပိုင်​ကိုလည်​ပြန်​ကြည့်​ရင်း
အိပ်​ရာ​ပေါ်အထိုင်​ ..တိုးတိုက်​သွားတဲ့​လေ​ငွေ့အပြင်
ဆဋ္ဌမအာရုံကခံစားလိုက်​မိသည်​က သူ့အိပ်​ရာထက်​မှာ
ရောက်​ရှိ​နေတဲ့ တစ်​စုံတစ်​ရာ..။

"ခင်​များ....."

"ကိုယ်​​ပြောခဲ့သားပဲ ကိုယ်​တိုင်​လာပါမယ်​ဆို..ကိုယ့်​လက်​​ဆောင်​​လေး​ရော ​သေချာသိမ်းထားရဲ့မလား"

ညို့(ညို့)-_ -hiatusTempat cerita menjadi hidup. Temukan sekarang