လှေကားထက်ကအဆင်း အမြင်တို့ပြာဝေပြီး ဦးခေါင်းက ခဲလုံးကြီးကြီးရွက်တင်ထားလိုက်ရသလိုမျိုး
မိုက်ခနဲဖြစ်လာသည်မို့ ဟန်ချက်ထိန်းရင်း..ဝါးပိုးလက်ရန်းဝဝကို ထိန်းကိုင်လိုက်ရတော့၏။အုံ့မှိုင်းမှိုင်းရာသီဥတုကြောင့် အလိုလိုပင် စိတ်ကပို
နောက်ကျိသည်။"မား...ဘယ်သူမှမရှိဘူးလား.."
တုံ့ပြန်သံမကြားရတဲ့ သစ်သားအိမ်လေးကပဲ့တင်သံမဲ့လျက် ။တဆစ်ဆစ်ထိုးကိုက်လာတဲ့ခေါင်းကြောင့် လှေကားရင်းမှာထိုင်ချပစ်မိသည်။တကယ်ဘယ်သူမှမရှိဘူးလား။အရွယ်ရောက်စပြုနေပြီဆိုပေမယ့် ကိုယ်ကအားနည်းနေချိန် စိတ်က မိခင်ကိုလိုအပ်သည်။ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဘ၀ရယ်မို့။မကျပါဘူးဟု စိတ်တင်းထားရင်းက မျက်ရည်ပူတို့ကအဖျားရှိန်ကိုအကြောင်းပြကာ လိမ့်ဆင်းလာကြသည်။ကျွန်တော်ငိုနေတာမဟုတ်ဘူး..။
"Yifan မင်းဘာဖြစ်လို့လဲဟမ်.."
မြင်းကုန်နှီးကို အပေါက်ဝမှာပဲချထားခဲ့ပြီး လှေကားရင်းနားခပ်မြန်မြန်ရောက်လာသူရယ်က မားညီမရဲ့သား ဝမ်းကွဲအစ်ကိုတော်သူ Chenအစ်ကို..။
"အစ်ကိုChen..မာမားရော.."
"လက်ဖက်ခူးလိုက်သွားတယ်...မိုးလွတ်ကောင်းကောင်းရအောင်လို့တဲ့..မသွားခင်အစ်ကို့ဆီလာပြီး fanလေးကိုကြည့်ပေးပါအုံးမှာသွားသေးတယ်..အခုတော့ ငါ့ညီဖျားနေပြီ.."
"ညနေမှပြန်လာမှာပေါ့.."
"မဟုတ်ဘူး မနက်ဖြန်နေ့ခင်းလောက်မှပြန်ရောက်မှာ.. အခုတလော တောခွေးအုပ်ကြောင့် ညဖက်မပြန်ပဲ ဟိုကစခန်းမှာပဲအိပ်မှာ"
ChenစကားအဆုံးYifanမျက်နှာက အင်္ကျီလက်ဖားဖားပေါ်မှောက်ချပစ်လိုက်သည်။လူရှေ့သူရှေ့ လူကြီးဆန်ချင်တဲ့ ဒီကလေးရဲ့မျက်ရည်စတစ်ချို့ကပ်ကျန်ခဲ့မယ်ဆိုတာ Chenတစ်ယောက်သိပါသည်။ဒီကောင်လေးက Wuမျိုးရိုးထဲက အငယ်ဆုံးသားယောကျာ်းလေးပေကိုး..။

DU LIEST GERADE
ညို့(ညို့)-_ -hiatus
ÜbernatürlichesJust like Oxymorons.We attracted each other.Actually,you are the one I can't escape from.Catch me even I wanna free from your shadow.