Title-1

8.8K 449 53
                                    

......ခလွမ်း......

စားပွဲထက်တင်ထားသည့် 1980ပြင်သစ်ဝိုင်ပုလင်းသည် ကြမ်းပြင်ထက် အပိုင်းပိုင်းအစစပြန့်ကျဲလျက် ...။

မိုးပြာရောင်မွေ့ယာထက် ချစ်ရည်လူးနေသည့် ကျွန်တော်က အာရုံပျက်သည် ဟူသော မျက်နှာပေးဖြင့် လှည့်ကြည့်လာသော်လည်း ကိုယ်ပေါ်စောင်အုပ်ထားသည့် အမျိုးသမီးငယ်သည်ကား အလန့်တကြား ထကြည့်လာသည်။

" ဟင်း .... ပြန်လာတာစောသားပဲ။"

မွေ့ယာထက်က ကျွန်တော်ဟာ မချင့်မရဲရယ်မောရင်း တန်းလန်းဖြစ်သွားသည့် အလုပ်ကို ပြန်ဆက်ဖို့ ကြိုးစားနေသည်။

"မင်းတော်သင့်ပြီ Park Chanyeol"

မွေ့ယာပေါ်က ကျွန်တော့်ကို ဆွဲထူကာ ပုခုံးနှစ်ဖက်ရမ်းရင်း သြရှရှအသံတို့ကို ထုတ်လွှတ်လိုက်သည့် ကြမ်းပြင်ပေါ်က ဝိုင်ပုလင်းအကွဲတို့၏ ကွဲကြေခြင်း တရားခံ ။ သူ ။

"ဟက် ..."

Park Chanyeol ဟူသည့် ကျွန်တော်က ခြောက်ကပ်ကပ်ရယ်ဖြစ်သည်။ ထို့နောက် အမျိုးသမီးငယ်ရှိရာသို့လှည့်ကာ

"ပြန်တော့ Kella"

"Ok "

Kellaက မျက်စိတစ်ဖက်မှိတ်ပြရင်း သူစိမ်းယောကျ်ားနှစ်ဦးရှေ့တွင် ရှက်ရွံခြင်း အလျဉ်းမရှိ အဝတ်အစား ကောက်ဝတ်ပြီး ကျွန်တော့်ကို တစ်ချက်နမ်း၍ ထွက်သွားသည်။

" အချိန်ကောင်းကိုပြန်လာတာပဲ Yi Fan"

ကျွတ်လက်စ ဂျင်းဘောင်းဘီကို ဆွဲတင်ကာ ဝတ်ရင်း မချိတင်ကဲပြောမိသည်။

"ငါအခုချိန်မင်းကိုဆွဲထိုးချင်စိတ်ဖြစ်နေတယ် Chanyeol ...သိပ်စကားနာမထိုးနဲ့။"

"Hol~ ဘာလို့လဲYi Fan "

ကျွန်တော်ဘောင်းဘီဝတ်ပြီး၍Yi Fan ရှေ့၌ ရပ်လိုက်သည်။

" မင်းနဲ့ငါရဲ့ သဘောတူညီချက်မှာ အိမ်ကိုမခေါ်လာရဘူးဆိုတာမေ့နေလား။"

"ဟားဟား..."

ကျွန်တော်ရယ်မိသည်။ အသံထွက်သည်အထိ ။ ဟားတိုက်သည့် အနေဖြင့် ရယ်မောပစ်လိုက်သည်။

"ဘာလဲ Wu Yi Fan.... အိမ်ကို ငါပထမဆုံး ခေါ်လာတာကြောင့် မကျေနပ်ဘူး ဖြစ်သွားလား။"

မညီမျှခြင်း [Completed] { Unicode Only }Onde histórias criam vida. Descubra agora