Title-11

2.6K 227 16
                                    

|| မင်း တရုတ်ကိုထွက်သွားတုန်းက မင်းမသိခဲ့တဲ့ အဖြစ်အပျက်ရှိခဲ့တယ် Yi Fan။ ဒါက...တော်တော်လေးကို ဆိုးရွားခဲ့တယ်။||

|| Chanyeol က ဖွင့်သာမပြောတာ မင်းကိုသူ့ကိုယ်သူထက် ပိုချစ်တာ...။ မင်းထွက်သွားတုန်းက ငါတို့သူစိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီး Club က Na Ringဆိုတဲ့ကောင်မလေးနဲ့ ချိတ်ပေးခဲ့ကြတယ် ။ ဒါ... ငါတို့ပယောဂမကင်းဘူး Yi Fanရာ ။ ကားပါကင်မှာသူတို့ဖြစ်ကြရင်း Chanyeol လွန်သွားခဲ့တာ ... ။ Na Ring ...သေဆုံးသွားတဲ့အထိပဲကွာ။||

|| နောက်မှငါတို့သိခဲ့ရတာ Na Ring က သူ့ကိုအပိုင်ရယူဖို့အထိ ကြံခဲ့တာ။ ဆေးသုံးတာကြောင့်ကော ၊ မင်းကို တွေးမိတာကြောင့်ကော သူမထိန်းနိုင်ခဲ့ဘူး။||

||ဒါ ပထမဆုံးနဲ့နောက်ဆုံးလို့ ငါတို့ထင်ခဲ့ကြပေမယ့်...ဒုတိယအကြိမ်အဖြစ် Cherry ကို မသေရုံတမယ် ဖြစ်ခဲ့ပြန်ပြီ။ ငါတို့ မင်းကို ခေါ်တွေ့တာ ဒီအကြောင်းတွေကို သိစေချင်လို့။ Na Ring ကိစ္စဖြစ်ရတာလည်း မင်းထွက်သွားတာကြောင့်ပဲ။ အခု Cherryရဲ့ကိစ္စကိုလည်း သူနဲ့ မင်းပြဿနာတစ်ခုခုရှိနေတာလို့ ငါတို့သိထားတယ်

Yi Fan... Cha Eun Rae ရဲ့နှလုံးအစားထိုးခံရတဲ့ တစ်ယောက်နဲ့ ပက်သက်နေတယ်မလား။||

ညနေက Soohyuk နှင့် JongWoo ထံမှ စကားတို့အား ပြန်တွေးမိရင်းYi Fan ဘေး၌ အိပ်မောကျနေသည့် Chanyeol ကို ကြည့်လိုက်သည်။

" ငါဘာလုပ်သင့်လဲ Chan...? "

Yi Fan အိပ်မပျော်နိုင်စွာ ကုတင်ဘောင်ကိုမှီ၍ ထိုင်လိုက်သည်။ အိပ်မပျော်နိုင်သူအဖို့ ညတာသည် ရှည်လျားလွန်းသော်လည်း Yi Fan မိုးမလင်းချင်ပေ။

Yi Fan မင်္ဂလာဓါတ်ပုံအားလှမ်းကြည့်ရင်း...။

"အဲဒီနေ့က...ငါတို့နှစ်ယောက်လုံး သိပ်ကိုပျော်ရွှင်ခဲ့ရတယ် ။ မင်းသိလား...? မင်းကို မတွေ့ခင်အထိ ဒီလိုလက်ထပ်ပွဲမျိုးဆိုတာ ငါ စိတ်ကူးတောင် မယဉ်ခဲ့ဖူးဘူး။ "

နှုတ်ခမ်းတွန့်ရုံသာပြုံးလိုက်သည့်အပြုံးတွင်ကြည်နူးမှုများပါဝင်သည်။ ချစ်ခင်မှုများ ရောယှက်သည်။ မြတ်နိုးမှုများ ခြယ်လှယ်သည်။

မညီမျှခြင်း [Completed] { Unicode Only }Où les histoires vivent. Découvrez maintenant