#zawgyi
Taeyeonကြောင့် Fanyရဲ့ ခေါင်းမှာ ဘုလေး ထွက်နေတယ်လေ.... ဆရာဝန် နားနေခန်းမှာ
Sooyoungကတော့ Fanyရဲ့ ခေါင်းကို ကြပ်ပူထိုးပေးနေတယ်.....
"Taeyeon အဆင်ပြေရဲ့လား မသိဘူး....."
Fanyရဲ့ စကားကြောင့် ကြပ်ပူထိုးနေတဲ့ Sooyoung ရပ်လိုက်ပြီး
" နင့် ခေါင်းက ဘုကြီး ထွက်နေတာတောင် အဲ့ တစ်ယောက်ကို စိတ်ပူနေတယ်နော် မိဖန်နီ နင် ခေါင်းကို ထိသွားလို့များ ရူးသွားတာလား......"
စာဖတ်နေတဲ့ Joyလည်း ၀င်ထောက်ခံလိုက်တယ်
"ဖြစ်နိုင်တယ် Soo unnie....."
Joyကို Fany မျက်စောင်းထိုးလိုက်ပြီး
"ကြည့်စရာ လူနာမရှိဘူးလား Joy....."
"ခုနကမှ လူနာကြည့်ပြီး ပြန်လာတာ unnie..... "
"အဲ့တာဆိုလည်း စာကို အေးအေးဆေးဆေးဖတ်နေ 😒😒"
Fanyကို ကြည့်ပြီး Sooyoung ရယ်လိုက်တယ်
" ဘာရယ်တာတုံး...."
"အာညီး အာညီး ခေါင်းက ဘု သက်သာသွားပြီ
ထင်တယ်..... "
"ဘာလို့....."
"ရန်ထောင်နိုင်တာကို ကြည့်ခြင်းအားဖြင့် သက်သာသွားပြီဆိုတာ သိသွားတာပါ 😝😝"
Tiffanyကို Sooyoung စလိုက်တယ်.... အခန်းထဲမှာ Fanyကလိုက် ရိုက် Sooyoungက ပတ်ပြေးနေတာကို ကြည့်ပြီး စာဖတ်နေတဲ့ Joy တယောက် ခေါင်းခါပြီး
"မသိရင် ငါတို့ တစ်ဖွဲလုံးမှာ သူတို့နှစ်ယောက်က အငယ်ဆုံးလိုလို....."
Taeyeon သတိရလာပေမယ့် မျက်လုံး မဖွင့်သေးချေ..... သူမရဲ့ မျက်နှာနားမှာ အသက်ရှူ သံနဲ့ ရှူ ထုတ်လိုက်တဲ့ လေတွေက သူမ မျက်နှာကို လာရောက် ထိတွေ့ တိုက်ခတ် နေတာကို ခံစားရတယ်....
Taeyeon အားယူပြီး မျက်လုံးကို ဖွင့်လိုက်တော့ ခုန သူမ တွန်းထည့်လိုက်တဲ့ ဆရာဝန်မလေးကို တွေ့လိုက်ရတယ်
"သတိရပြီလား Taeyeon shii....."
ပါးနှစ်ဖက်လုံးက ခရမ်းချဉ်သီးလို နီရဲနေတဲ့ Fanyကို Taeyeon ကြည့်လိုက်ပြီး ခေါင်းညိတ်ပြတယ်....
"ခုန ငါ့မျက်နှာနားလေး ကပ်ပြီး သူမ ဘာလုပ်နေတာလည်း မသိဘူး 💭💭💭"
Taeyeon တွေးနေလိုက်သည်။
"တော်သေးတာပေါ့ သတိရလာလို့......"
Fany သူမရဲ့ Eye Smileလေးပေါ်အောင် Taeyeonကို ပြုံးပြလိုက်တယ်.. .
Fanyရဲ့ အပြုံးကို Taeyeon စိုက်ကြည့်နေရင်း
"ဒီလောက် ချစ်ဖို့ကောင်းအောင် ပြုံးပြတတ်တဲ့ ဆရာဝန်မလေးကို နာကျင်အောင် ငါ ဘာလို့ လုပ်ခဲ့မိတာလည်း 💭💭"
Taeyeon သူမကို စိုက်ကြည့်နေတာကို Fany သတိထားမိပြီး မနက်က အဖြစ်အပျက်ကို သတိရလာလို့ Taeyeonနဲ့ ခပ်ကွာကွာမှာ ရပ်နေလိုက်တယ်....
"ခုနက ကိစ္စအတွက် တောင်းပန်ပါတယ် ဆရာဝန်မလေး......."
Taeyeon ရဲ့ တောင်းပန်စကားကြောင့် Fany ပြုံးလိုက်ပြီး
"ရပါတယ်..... ကျွန်မ နားလည်ပါတယ်..."
"ငါ ဆရာဝန်မလေးကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး......"
"ရပါတယ်ဆို.... ဆရာဝန်မလေးလို့ မခေါ်ပါနဲ့.... မနေတတ်လို့......"
"ဒါဆို ဘယ်လိုခေါ်ရမှာလည်း....."
"ကျွန်မနာမည်က Tiffany Hwangပါ Tiffanyလို့လည်း ခေါ်လို့ရတယ့ Fanyလို့လည်း ခေါ်လို့ရတယ်....."
"Pany Tipany...."
Taeyeon ကို ကြည့်ပြီး Fany ရယ်လိုက်ရင်း
"Pany မဟုတ်ပါဘူး F.A.N.Y Fany ပါ Taeyeon shii....."
"Aww.... Fany shii..."
"Shiiဆိုတာကြီး မထည့်ဘဲ Fanyလို့ဘဲ ခေါ်ပါ့လား....."
Taeyeon နှုတ်ခမ်းလေး စူပြီး
"ဒါဆိုရင် ငါ့ကိုလည်း Taeyeon shiiလို့ မခေါ်နဲ့......"
Taeyeon ရဲ့ ခေါင်းကို Fany ပွတ်လိုက်ပြီး
"ဟုတ်ပါပြီ ဒါဆို Taeyeon shiiလို့ မခေါ်ဘဲ Tae Taeလို့ခေါ်မယ်လေ အဆင်ပြေလား.. ...."
Taeyeon ခေါင်းကို တစ်ချက်စောင်းပြီး စဉ်းစားဟန်ဆောင်တယ်...... ပြီးမှ
"Okလေ...... Fanyရဲ့ သဘောအတိုင်း Tae Taeလို့ ခေါ်လေ....."
Fany Eye smileလေးနဲ့ Taeyeonကို ထပ်ကြည့်နေပြန်တယ် Taeyeonလည်း မနေတတ်တာနဲ့
"ဗိုက်ဆာတယ် Fany...... ငါ နေ့လည်စာ မစားရသေးဘူး......"
Taeyeonရဲ့ စကားကြောင့် Fany သူ့ခေါင်းကို သာသာလေး ထုလိုက်ပြီး
"ဟုတ်သားဘဲ Tae Tae နေ့လည်စာ မစားရသေးဘူး Fany သွားယူလိုက်မယ်နော်......"
Taeyeonရဲ့ အနားက Fany ထွက်သွားတော့ Fanyရဲ့ လက်ကို Taeyeon လှမ်းဆွဲလိုက်ပြီး
"Fany..... ခုနကလို ကိုယ့်ခေါင်းကိုယ် မထုပါနဲ့
ငါ့အတွက်ကြောင့် Fany နာကျင်မှာ မလိုလားလို့ပါ...... ခုနကလည်း ငါ့ကြောင့် Fany နာကျင်ပြီးပြီလေ ....."
Taeyeonရဲ့ စကားကြောင့် Fany ရင်ထဲ လှိုက်ခနဲ ဖြစ်သွားတယ် Taeyeonရဲ့ လက်ကို ဖယ်ပြီး
" ဖွဖွလေး ထုတာပါ..... Tae Taeက မထုနဲ့ဆိုတော့လည်း မထုတော့ဘူးနော်....."
Fany ထိုသို့ပြောပြီး အခန်းထဲက အမြန်ထွက်လာလိုက်တယ်...... ဆေးရုံက kitchen ထဲတွင် Taeyeon အတွက် နေ့လည်စာကို Fany စောင့်နေတယ်.....Sooyoung အနောက်ကနေ ရောက်လာပြီး
"Fany.... ဘာလုပ်နေတာလည်း....."
"Aww Tae Taeက ဗိုက်ဆာတယ်ဆိုလို့လေ အဲ့တာ နေ့လည်စာ မှာပေးနေတာ....."
"Tae Tae?"
"လူနာ အသစ်လေဟာ နင်ကလည်း......"
"Aww သိပြီ နင့်ကို ဆောင့်တွန်းလိုက်တဲ့ လူနာအသစ်လား....."
Sooyoung လက်ဖျောက်တီးပြီး ပြောလိုက်တယ်.....
"Omm ဟုတ်တယ် သူမ....."
"Tae Taeလို့ ခေါ်ပုံကို ကြည့်ရရင် သူနဲ့ နင်က အဆင်ပြေသွားပြီလား ခုန လူနာသွားကြည့်မယ်ဆိုတာ သူ့ကို သွားကြည့်တာလား......"
"အင်း သူ့ကို သွားကြည့်တာ မေ့ဆေး အရှိန်ပြယ်ပြီး သတိရပြီလားလို့.... အခုချိန်မှာ သူက စိတ်ကောင်း ၀င်နေတော့ အဆင်ပြေနေပါတယ်......"
"ဘယ် အချိန်ထဖောက်မလည်းသာ စိုးရိမ်ရတာ....."
"Yrr နင်ကလည်း....."
Sooyoungရဲ့ လက်မောင်းကို Fany ရိုက်လိုက်တယ်..... Sooyoungကရှောင်လိုက်ပြီး
"နေပါအုံး နင်က ဘာလို့ စောင့်နေတာလည်း Nurseကို သွားပို့ခိုင်းလိုက်လေ..... ဘာလည် နင်က သူ့ကို ခွံ့ကျွေးမလို့လား......"
Sooyoungရဲ့ စကားကြောင့် Fany မျက်ခုံးပင့်ပြီး မကြားသလို ဟန်ဆောင်ကာ မျက်လုံးကစားနေလိုက်တယ်...... Fanyကို Sooyoung ကြည့်လိုက်ပြီး
"မဟုတ်မှ လွဲလို့ နင် သူမ အပေါ်မှာ ခံစားချက်ရှိနေတာလား "
"ဟာ မဟုတ်တရုတ်တွေ ပြောမနေနဲ့.... "
" မဟုတ်တရုတ် ပြောနေတာ မဟုတ်ဘူး အဲ့တယောက်နဲ့ ပတ်သက်ပြီး နင့် အမူအရာက ထူးခြားနေလို့ ပြောတာ......"
"ဒါက လူနာ တစ်ယောက်မို့လို့ ငါက ဂရုစိုက်တာပါ....."
Sooyoung ရယ်ပြီး လက်ခါပြကာ.....
"No No Tiffany ဆရာဝန်နဲ့ လူနာ ဆက်ဆံရေး မဟုတ်ဘူး အရင်က နင် ဘယ်လူနာကိုမှ ဒီလို မလုပ်ဖူးဘူး...... ငါ့ကို မလိမ်စမ်းပါနဲ့ ငါက နင့် သူငယ်ချင်းပါ နင် ဘာဖြစ်နေတယ်ဆိုတာ ငါ သိပါတယ်.. ...."
ထိုစဉ် Yeriရောက်လာပြီး
"Fany unnie......"
"Ommပြော ဘာဖြစ်လို့လည်း Yeri......."
" အသား ညိုညို အရပ်ရှည်ရှည်နဲ့ ကောင်လေး တစ်ယောက် Fany Unnieကို လာရှာနေတယ်......ဧည့်တွေ့ဆောင်မှ ထိုင်စောင့်ခိုင်းလိုက်တယ်........"
"Yul Oppa..... "
Fanyလည်း ထမင်းပန်ကန်းကို Nurseကို ပေးကာ Taeyeon ဆီကို သွားပို့ခိုင်းလိုက်တယ် သူမကတော့ Yulဆိုတဲ့ ကောင်လေးဆီကို အမြန်ပြေးသွားလိုက်တယ်......
Taeyeon အခန်းထဲမှာ ထိုင်နေရင်း Fanyကို စောင့်နေတယ်......
"Fany ထမင်းသွားယူတာလည်း ကြာလိုက်တာ.........."
ဧည့်တွေ့ခန်းထဲတွင်
"Yul oppa......"
Fany ပြေးလာပြီး Yulကို ဖက်လိုက်တယ်......
Yulလည်း Fanyကို ပြန်ဖက်လိုက်ပြီး
"Aigooo Oppaရဲ့ ၀က်မလေး....."
"Yrr ဘာ ၀က်မလေးလည်း တွေ့တာနဲ့ စနေပြန်ပြီ ရန်ဖြစ်ချင်တာလား come on ....."
Fany သူမရဲ့ လက်မောင်းကို ပုတ်ပြီး Yulကို စိန်ခေါ်လိုက်တယ်.....
"Ha Ha ရန်မဖြစ်ချင်ပါဘူးဗျာ.....တော်ကြာ ၀က်ပိလို့ သေတယ်ဆိုပြီး....."
"စနေပြန်ပြီ ပြန်တော့ သွား နိုင်ငံခြားကို ပြန်တော့......"
"ဟာ.... ခုမှ ပြန်လာတာကို....."
"မသိဘူး အခုချက်ချင်း ပြန်တော့......"
"Aww.... ဒီကတော့ Korea ကို ပြန်ရောက်ရောက်ချင်း မနားဘဲ သူ့ကို တွေ့ချင်လို့ ဆေးရုံကို လာတွေ့တာကို.... သူကတော့ ဇွတ် နှင်ထုတ်နေတယ်...... စိတ်တောင် မကောင်းဘူး "
" နှင်ထုတ်မခံချင်ရင် မစနဲ့ပေါ့ "
"ဟုတ်ပါပြီ မစတော့ပါဘူး နေ့လည်စာ စားပြီးပြီလား သွားစားကြမယ်လေ....."
"ခုတော့ Duty ရှိသေးတယ် ညနေမှ Dinner သွားစားကြမယ်လေ...."
"Okလေ ဒါဆိုလည်း Oppa hotel ပြန်ပြီး နားလိုက်အုံးမယ်.....ညနေမှ တွေ့ကြတာပေါ့.... "
"Ok See you soon Yul oppa...."
အခန်းတံခါး ဖွင့်လာတော့ Fany ထင်ပြီး Taeyeon ၀မ်းသာအားရ လှမ်းကြည့်လိုက်တယ်..... ဒါပေမယ့် Fany မဟုတ်ဘဲ Nurse တယောက် ဖြစ်နေတာကို တွေ့ပြီး Taeyeon မျက်နှာညှိုးသွားတယ် ထို့နောက် ကြမ်းတမ်းတဲ့ မျက်နှာ အဖြစ် ပြောင်းသွားပြီး
"ထွက်သွား....."
"နေ့လည်စာ လာပို့တာပါ ....."
"မစားချင်ဘူး ထွက်သွားလို့ ပြောနေတယ်နော် ...."
Nurse လည်း ကုတင်ဘေးနားက စားပွဲပေါ်ကို ထမင်းလင်ဗန်း တင်လိုက်တယ်..... Taeyeon ထို လင်ဗန်းကို ယူပြီး လွှင့်ပစ်လိုက်တယ်..... ထမင်းတွေ ဟင်းတွေ ပန်းကန်အကွဲစတွေက ကြမ်းပြင်မှာ ပြန့်ကျဲနေတယ်.....Taeyeonလည်း ဒေါသထွက်နေတော့ အော်ဟစ်သောင်းကျန်းနေတယ်
![](https://img.wattpad.com/cover/108075244-288-k46954.jpg)
YOU ARE READING
My Baby is Psycho
Fanfictionနင်လည်း ငါချစ်ခဲ့တဲ့ သူတွေလိုဘဲ တနေ့ကျ ငါ့ကို ထားခဲ့မှာ မဟုတ်လား Tiffany...... နင်ငါ့ကို ထားခဲ့ရင် ငါနင့်ကို သတ်ပစ်မှာနော် နင့်ကို ငါ့အနားကနေ ခေါ်သွားတဲ့ လူမှန်သမျှကို အကုန်သတ်မှာ #Taney #Myanmar နင်လည်း ငါချစ်ခဲ့တဲ့ သူတွေလိုဘဲ တ...