#Zawgyi
သူမကို ကျောခိုင်းသွားတဲ့ Fanyရဲ့ နောက်ကျောကို Taeyeon ငေးကြည့်နေမိသည်..... သူမနဲ့ Fany တစ်ဖြည်းဖြည်း ဝေးကွာသွားပြီနောက် အပြာရောင် အခန်းတံခါးက Taeyeonရဲ့ မြင်ကွင်းကို ပိတ်ပစ်လိုက်သည်......
"Fany....... နင်နဲ့ငါ ဝေးကွာသွားပြီလား....... နင်က ငါ့ကို နှုတ်ဆက်သွားတာလား......ငါ.... နင့်ကို စွန့်လွှတ်ရမှာလား....... အရင်ထဲက Kim Taeyeonဆိုတဲ့ ငါ့မှာ ဘာဆိုဘာမှ မရှိခဲ့ဘူး..... ဒါပေမယ့် နင့်ကိုတော့ ငါ ပိုင်ဆိုင်ချင်တယ် Fany......"
Taeyeonရဲ့ မျက်ရည်စက်တွေ ခေါင်းအုံးတစ်ခုလုံးမှာ စိုရွှဲသွားတယ်......
ညနေခင်း တစ်ခုတွင် Taeyeon ခေါင်းအုံးလေး ပိုက်ပြီး အပြင်ကို ငေးနေသည်..... အခန်းတံခါး ဖွင့်သံကြားရလို့ လှမ်းကြည့်တော့ Fany မရှိတဲ့နောက် သူ့ကို ကုသပေးနေတဲ့ ဆရာဝန်ပင် ဖြစ်သည်.....
Taeyeonကို စမ်းသပ်မှုပြုနေစဉ် nurse တစ်ယောက် ဖုန်းကိုကိုင်ပြီး အထဲ ၀င်လာတယ်.....
"ဆေးရုံအုပ်ကြီး... ph လာလို့ပါ...."Nurseရဲ့ စကားကြောင့် Taeyeon တစ်ခုခုကို သတိရသွားတယ်......
"ဆေးရုံအုပ်ကြီးဆိုပါလား.......Sooyoung ကပြောဖူးတယ် ငါတို့နှစ်ယောက် ပေးတွေ့လို့ ဆူခံရမယ်ဆိုပြီး.....ဒါဆို သူက ငါနဲ့ Fanyကို မတွေ့ရအောင် လုပ်တဲ့သူလား ....... တွေ့ကြသေးတာပေါ့ 💭💭💭💭💭"Kim Young Min phပြောလို့ ပြီးနောက်
"Taeyeon..... အခု တစ်လောငြိမ်နေပါ့လား......
ခံစားချက်တွေ ကောင်းလာပြီ ထင်တယ်......."Kim Young Minရဲ့ စကားကြောင့် Taeyeon မဲ့ပြုံးပြုံးလိုက်သည်......
"ခေါင်းမူးလား....."
Kim Young Min မေးခွန်းကို Taeyeon ခေါင်းခါပြလိုက်သည်....."အစာစားချင် စိတ်ရော ဖြစ်လာလား.....အရင်က ဘာမှသိပ်မစားလို့လေ......"
Taeyeon ခေါင်းညိတ်ပြလိုက်သည်....."များများစားပါ..... ဒါမှ Taeyeonရဲ့ ပါးလေးက ဖောင်းလာပြီး ချစ်ဖို့ကောင်းမှာ....'
Kim Young Min ပြောရင်း Taeyeonရဲ့ ပါးကို ဆွဲညှစ်လိုက်သည်.....

ESTÁS LEYENDO
My Baby is Psycho
Fanfictionနင်လည်း ငါချစ်ခဲ့တဲ့ သူတွေလိုဘဲ တနေ့ကျ ငါ့ကို ထားခဲ့မှာ မဟုတ်လား Tiffany...... နင်ငါ့ကို ထားခဲ့ရင် ငါနင့်ကို သတ်ပစ်မှာနော် နင့်ကို ငါ့အနားကနေ ခေါ်သွားတဲ့ လူမှန်သမျှကို အကုန်သတ်မှာ #Taney #Myanmar နင်လည်း ငါချစ်ခဲ့တဲ့ သူတွေလိုဘဲ တ...