My Baby Is Psycho (Part-9) Z+U

2.1K 189 26
                                    

#zawgyi

Tiffanyရဲ့ နဖူးက ​သွေး​တွေ အများကြီး ကျ​နေ​သော်​လည်း Taeyeon နားက ထွက်​မသွား​သေးဘဲ
"Tae Tae စိတ်​ထိန်းပါအုံး........ "
"နင့်​ကို ငါ​ပြော​နေတယ်​​လေ ထွက်​သွားစမ်း......"

ထိုမြင်​ကွင်းကို အစအဆုံးမြင်​သွားတဲ့ Yeriမှာနား​နေခန်းသို့ အမြန်​ဆုံး​ ​ပြေးသွား​လေသည်
"Unnie Unnie Sooyoung unnie......... Fany Unnie ဖန်​ဘူးနဲ့ ထုခံရပြီး နဖူးကွဲသွားပြီ....."

Sooyoungလည်း ဖတ်​လက်​စ စာအုပ်​ကို ပိတ်​ကာ
"ထင်​တယ်​ ဒီလိုဖြစ်​မယ်​ဆိုတာ ငါ သိတယ်​ ဟိုဖန်​ဘူးမကလည်း ​ပြောစကား နားမ​ထောင်​ဘူး ဖန်​ဘူးနဲ့ အထုခံရတာ နည်း​သေး Minho..... စိတ်​ငြိမ်​​ဆေး ယူခဲ့......."

Yeriနဲ့ Minhoက စိတ်​​ဖောက်​​နေတဲ့ Taeyeonကို ချုပ်​ပြီး Sooyoungမှာ စိတ်ငြိမ်​​ဆေးထိုး​ပေးလိုက်​သည်​...... စိတ်​ငြိမ်​​ဆေး အစွမ်း​ကြောင့်​ Taeyeon ငြိမ်​သွား​လေသည်​....
ထိုအခါမှ Minhoတို့ သက်​ပြင်းချနိုင်​​တော့သည်​.....Sooyoungက​တော့ ​သွေး​တွေစက်​လက်​နဲ့ Fanyကို မျက်​​စောင်းထိုးပြီး ကြည့်​​နေ​လေရဲ့......

Fanyမှာ Sooyoungကို Eyesmile​လေးဖြင့်​ ရယ်​ပြ​နေသည်​......Sooyoungက​ မသိချင်​​ယောင်​​ချောင်​ပြီး ထွက်​သွား​တော့ Minoနဲ့ Yeriမှာ Fanyကို တွဲပြီး နား​နေခန်းထဲသို့ ​ခေါ်လာ​လေသည်​......

နား​နေခန်းထဲ ​ရောက်​​သောအခါ ​သွေးစက်​လက်​နဲ့ Fanyကို ကြည့်​ပြီး Onew တစ်​​ယောက်​ ​မေ့လဲသွား​လေ၏......Sooyoungမှာ ကြမ်းပြင်​​ပေါ် ​မေ့လဲ​နေတဲ့ Onewကို ကြည့်​ပြီး သူ့နဖူးကို သူကိုင်​ကာ
"Minho​ရေ နင့်​ သတ္တိခဲကြီးကို သတိရ​အောင်​ လုပ်​​ပေးလိုက်​အုံး Joy နင်​ ချုပ်​တတ်​တယ်​မဟုတ်​လား ဟို Fanyရဲ့ နဖူးကို ချုပ်​​ပေးလိုက်​အုံး"

Joyလည်း ​ဆေး​သေတ္တာဘူးကိုင်​ပြီး ​ရောက်​လာတယ်​........

"ဖြည်းဖြည်း​နော်​ Joy....."
Fany စပ်​ဖြီးဖြီးနဲ့ ​ပြောလိုက်​​တော့ Sooyoungမှာ ခါး​ထောက်​ပြီး
"ဟိုတ​စ်​​ယောက်​ထု​တုံးက​တော့ မနာဘဲ Tae Tae Tae Taeနဲ့ ​ခေါင်းပါ ​ပေါက်​​အောင်​ ထုလွှတ်​လိုက်​ရ သိပ်​ကြည့်​မရ​တော့ဘူး​နော်​ Fany......"

My Baby is PsychoDonde viven las historias. Descúbrelo ahora