#zawgyi
Fany အလုပ်က ဆင်းပြီး အိမ်မှာ ရေချိုးနေတယ်..... ရေချိုးပြီး Tv ဖွင့်နေတုံး ph မြည်လာတယ်.....
"Hello Oppaပြော......"
"Fany duty ပြီးပြီ မဟုတ်လား...... Oppaတို့ Dinner စားရအောင်လေ......"
"Okလေ ဘယ်ကို လာခဲ့ရမလည်း......"
"Lion Heart restaurantကို လာခဲ့လိုက်......."
Fanyလည်း Yul ချိန်းတဲ့ Restaurant ကို ထွက်လာလိုက်တယ်...... Yulနဲ့ အတူ ညစာစားရင်း
"Oppa အခု ဘယ်မှာနေနေတာလည်း......."
"Hotelမှာဘဲပေါ့ တစ်ပတ်စာ အခန်းငှါးထားတယ်...... "
"ဟာ ပိုက်ဆံတွေကုန်မှာပေါ့...... Fany အိမ်လာနေလေ......"
"မလာချင်ပါဘူး သူများတွေ တမျိုးထင်ကုန်လိမ့်မယ်......"
"မောင်နှမ အချင်းချင်းကို ဘယ်သူက ဘာထင်မှာလည်း Hwang Yulyuk"
Yulဆိုသည်မှာ Fanyရဲ့ အကို တစ်ဦး ဖြစ်သည်။ သူကတော့ Fanyလို ဆရာဝန် မဖြစ်ချင် Fashionကိုသာ စိတ်ဝင်စားသူ တစ်ဦးဖြစ်သည်။ နိုင်ငံခြားက Fashion company တစ်ခုမှာ Share ၀င်ထားသူလည်း ဖြစ်သည်။
"Aww Fanyရော Oppaရော အရွယ်ရောက်လာပြီလေ...... မသင့်တော်......."
"Oppaရဲ့ စကားတွေက သူစိမ်းဆန်နေသလိုဘဲ နိုင်ငံခြား သွားပြီး တော်တော်လေး ပြောင်းလဲနေတာဘဲ......"
"အဲ့လို မဟုတ်ပါဘူး Fany...... Fany နေစေချင်တယ်ဆိုရင်လည်း Oppaနေပေးပါမယ်....."
"တော်ပါ တော်ပါ အခုမှလာပြီး အပိုတွေ ပြောမနေနဲ့......"
Yulကို မပြောတော့ဘဲ Fany အသားကို လှီးစားနေလိုက်တယ်..... Yulကတော့ သူ့ထဲ ၀င်လာတဲ့ Messageကို ဖတ်ပြီး ပြုံးနေတယ်....
"ဘယ်သူ့ဆီက Message မို့လို့ ဒီလောက်ပြုံးနေတာလည်း Oppa......"
"Aww Oppaရဲ့ ချစ်သူပါ... "
"ဟာ...... ချစ်သူရှိတာကို မပြောဘူး လျိုထားတယ် "
"မိဖန်နီရယ် နင်နဲ့ငါ တွေ့တာ ဘယ်နှနာရီရှိသေးလို့လည်း စားရင်းနဲ့ ပြောပြမှာပေါ့ဟ......"
"သူက ဘယ်သူလည်း ...."
"သူ့နာမည်က Jessica Jungတဲ့ သူလည်း Oppaလိုဘဲ share ၀င်ထားတာ Oppaနဲ့သူ company မှာ တွေ့ပြီး ချစ်သူဖြစ်သွားကြတာ......."
"Aww...... သူက ချောလား......."
"Omm အရမ်း အရမ်း ချောတယ်......."
"အမလေး သူ့ချစ်သူကို မြှောက်နေတာ မပြောချင်ဘူး "
"အစက သူလိုက်လာမလို့..... ဒါပေမယ့် သူ့ညီမ Krystal Jung နေမကောင်းလို့ဆိုပြီး လိုက်မလာတာ....... သူ လိုက်လာရင် Fanyနဲ့ မိတ်ဆက်ပေးမလို့......."
"ဒီတခါ မမိတ်ဆက်ရတော့လည်း နောက်တစ်ခေါက်ကျ မိတ်ဆက်ပေးပေါ့....."
"ဟုတ်ပါပြီဗျာ...... ငါ့ညီမရော...... ချစ်သူတွေ ဘာတွေ မရှိသေးဘူးလား မထားဘူးလား......."
Fany ၀ိုင် တစ်ငုံသောက်လိုက်ပြီး
"ဟင့်အင်း မထားချင်ဘူး ကိုယ့်အလုပ်နဲ့ကိုယ်တောင် မအားဘူးရယ် သူတို့ကိုလည်း အချိန်ပေးနိုင်မှာ မဟုတ်ဘူး......."
"ဒီလိုနဲ့ အပျိုကြီး ဖြစ်နေမယ်နော်"
"ဖြစ်တော့လည်း ကောင်းတာပေါ့ အခုခေတ်မှာ အပျိကြီးဆိုတာ ရှားပါး ပစ္စည်း ဖြစ်နေပြီ "
သူ့ညီမ စကားကြောင့် Yul အားရပါးရ ရယ်လိုက်တယ်......
Tiffany အိမ်ကို ပြန်ရောက်တော့ ခေါင်းကိုက်လာတာနဲ့ ဆေးသောက်ပြီး အိပ်နေလိုက်သည်.... ခေါင်းကိုက်မှာပေါ့ ခေါင်းလျှော်ပြီး ဆံပင်ပြောင်အောင် ခြောက်အောင် မသုတ်ဘဲ Tvကြည့်နေတာလေ..... အဲ့တာ အပြင် သူ့ကားကို အမိုးဖွင့်ပြီး မောင်းတော့ အအေးပတ်သွားတာ ဖြစ်မယ်...... Fanyလည်း ဆေးသောက်ဖို့ သတိမရဘဲ ခေါင်းအရမ်း ကိုက်လာတာနဲ့ အိပ်ပစ်လိုက်တယ်......
မနက်ရောက်သော်လည်း Fany ခေါင်းကိုက် မပျောက်သေးချေ...... ကိုယ်ကလည်း ပူခြစ်နေသည်...... ဒါနဲ့ ဆေးရုံကို မသွားဖို့ ဆုံးဖြတ်လိုက်ပြီး Sooyoung ဆီ ဖုန်းဆက်လိုက်သည်။
"အေး ပြော Fany ဘာလည်း ငါ့ကို မနက်စာ ၀ယ်ကျွေးမလို့လား......"
"ငါ ပြန်မနောက်နိုင်သေးဘူး Sooyoung...... ငါ ခေါင်း အရမ်းကိုက်ပြီး နေမကောင်း ဖြစ်နေလို့ ဒီနေ့ ဆေးရုံကို မလာနိုင်တော့ဘူး....."
"အေး အေး ငါ နင့်အစား ခွင့်တိုင်ပေးမယ်...... နင် အဆင်ပြေရဲ့လား Fany....."
"ပြေပါတယ် ဆေးသောက်လိုက်ရင် ပျောက်သွားမှာပါ...... ငါ ညက ဆေးမသောက်မိလို့ ခုလို ဖြစ်သွားတာ....."
"နင်ကလည်း ဂရုစိုက်မှပေါ့ နင့်အသံက တမျိုး ဖြစ်နေတယ် နင် အဆင်ပြေတယ်ဆိုတာ တကယ်လား ငါ လာခဲ့ရမလား......"
"မလာနဲ့ ငါ ဆေးသောက်ပြီး အိပ်လိုက်ရင် သက်သာမှာပါ ငါ့ကို မစိုးရိမ်ပါနဲ့ Kim Taeyeonကိုသာ ဂရုစိုက်ပေးပါ......"
"Tiffany နင်..... ဒါတော့ မဟုတ်သေးဘူး နင် ဒီလောက် ဖျားနေတာကို သူ့ကို စိတ်ပူနေတာလား...... ဆေးရုံမှာ Doctor nurseတွေ အများကြီး ရှိတယ် သူ့ကို စိတ်ပူမနေနဲ့ ကိုယ့်ကိုကိုယ်သာ စိတ်ပူပြီး ဂရုစိုက်စမ်းပါ..."
"ဒါပေမယ့်....."
တူ..... တူ...... တူ..... Fanyရဲ့ စကားတောင် မဆုံးသေး Sooyoung phချသွားလေသည်..... Fanyလည်း သက်ပြင်းချမိပြီး Taeyeon ကို စိတ်ပူနေတယ်...... Fanyကတော့ ဆန်ပြုတ်နဲ့ ဆေးသောက်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေပေမယ့် Taeyeonကတော့ ကုတင်ပေါ်မှာ တင်ပျေခွေထိုင်ရင်း Fanyကို စောင့်နေတယ်.. ..
"Fany ဘာလို့ မလာသေးတာလည်း ငါ သူ့ကို အရမ်း ကခိုင်းလို့ သူ စိတ်ကုန်ပြီး မလာတော့တာလား........."
အခန်းတံခါးဖွင့်သံကြားတော့ Fanyလားဆိုပြီး Taeyeon ၀မ်းသာအားရကြည့်လိုက်တယ်...... ဒါပေမယ့် Fany မဟုတ်ဘဲ အရပ်ရှည်ရှည်နဲ့ ဆရာဝန် ဖစ်နေတော့ Taeyeon မျက်နှာ စူပုပ်သွားတယ်.......
"Taeyeon shii....... မနက်စာ စားရအောင် စားပြီးရင် ဆေးသောက်မယ်နော်......."
Sooyoungရဲ့ စကားကို Taeyeon ခေါင်းခါပြပြီး
" မစားချင်ဘူး မသောက်ချင်ဘူး.. ..... သူ ဘယ်မှာလဲ သူ့ကိုခေါ်ပေး သူကျွေးမှ စားမှာ ခေါ်ပေး........"
"ဘယ်သူ့ကို ခေါ်ပေးရမှာလည်း........"
"Fanyလေ..... သူ့ကို ခေါ်ပေးပါ....."
Taeyeon ကလေးတစ်ယောက်လို နှုတ်ခမ်းစူကာ ပြောလိုက်သည်။ Taeyeonကို ကြည့်ပြီး Sooyoung ရယ်လိုက်မိတော့
"ခင်ညားက ဘာရယ်တာလည်း ငါပြောတဲ့ထဲ ရယ်စရာပါလို့လား........"
"မပါပါဘူး Fanyက ခုနက ဖုန်းဆက်တယ် သူ ခေါင်းအရမ်း ကိုက်ပြီး နေမကောင်းဖြစ်နေလို့ မလာနိုင်တော့ဘူးတဲ့ .........."
Sooyoungရဲ့ စကားကြောင့် Taeyeon စိတ်ပူသွားတယ်.....
"ဟင် Fanyက နေမကောင်းဘူး ဟုတ်လား ဘယ်လိုဖြစ်တာလည်း စိတ်ပူလိုက်တာ "
"ဘယ်လို ဖြစ်တာလည်းဆိုတာတော့ မမေးလိုက်ရဘူး ဒါပေမယ့် သူ့ရဲ့ အသံက သိပ်မကောင်းဘူး......."
"ဟိုလေ..... ခင်ညားဆီမှာ ဖုန်းပါလားဟင်......"
" ဘာလုပ်မလို့လည်း...... 😬"
"Fanyကို ဖုန်းဆက်ပြီး သက်သာလား မေးချင်လို့......."
အစက Sooyoung မပေးဘူးလို့ ဆုံးဖြတ်ထားပေမယ့် Taeyeonရဲ့ puppy eyes လေးကြောင့် သူ့ Duty coatထဲက ဖုန်းကို ထုတ်ကာ Fanyဆီကို ဖုန်းခေါ်လိုက်တယ်...... Taeyeon ကို ဖုန်းပေးလိုက်တယ်.. ....... Fanyကတော့ phကို silentလုပ်ပြီး အိပ်ပျော်နေတာကြောင့် Sooyoung phကို မကိုင်ချေ........ Taeyeon တစ်ခါ ဖုန်းခေါ်လို့ မကိုင်တော့ နောက်တစ်ခါ ဆက်ပြီး ဖုန်းခေါ်တယ်...... ဆယ်ခါနီးပါးရှိနေပြီ Taeyeon phဆက်တာ Tiffany မကိုင်သောကြောင့် Taeyeon စိတ်တိုလာပြီး Sooyoungရဲ့ ဖုန်းကို လွှင့်ပစ်လိုက်သည်။
"ခွမ်း......"
Sooyoungကတော့ တစ်စစီဖြစ်နေတဲ့ သူ့ဖုန်းလေးကို ကြေကွဲစွာနဲ့ ကြည့်နေတယ်...... Sooyoungကို ကြည့်ပြီး Taeyeon အားနာဟန်ဖြင့်
"Sorryပါဟာ ငါ စိတ်တိုသွားလို့ ခင်ဗျား ဖုန်းကို ဖျက်စီးမိသွားတယ်......."
"ရပါတယ်....."
Sooyoung ရပါတယ် ပြောနေပေမယ့် စိတ်ထဲမှာတော့ သူ့ကိုယ်သူ အပြစ်တင်နေလေရဲ့......
"ငါ ဘာလို့ သူ့လို အရူးကို ဖုန်းပေးမိလိုက်တာပါလိမ့် ငါ့ဖုန်းလေး နှမြောလိုက်တာ 💭💭"
"သစ်ကုလားအုတ်......"
Sooyoung သူမကို သစ်ကုလားအုတ်လို့ ခေါ်တာ မသိဘဲ လိုက်ရှာနေလေရဲ့.....
"ဘယ်မှာလည်း သစ်ကုလားအုတ်က "
"ဟာဗျာ ဘာတွေ လိုက်ကြည့်နေတာလည်း သစ်ကုလားအုတ်ဆိုတာ ခင်ညားကို ခေါ်တာ......"
"ဘာ..... ဘာ..... ဘယ်လို..... ငါ့ကို သစ်ကုလားအုတ် ဟုတ်လား "
"ဟီး ခင်ညားနာမည် ငါမှ မသိတာ အဲ့တော့ ခင်ညားက အရပ်ရှည်တော့ သစ်ကုလားအုတ်နဲ့ တူလို့ သစ်ကုလားအုတ်လို့ ခေါ်တာ ဟီး 😁😁"
Sooyoungမှာ သူ့ဖုန်းကို ကြည့်ပြီး ၀မ်းနည်းနေပါတယ်ဆို Taeyeonရဲ့ စကားကြောင့် သူ့မှာ ငိုရမလို ရယ်ရမလို ဖြစ်နေတယ်......
"Apk......"
"Fany ငါ့ကို စိတ်ကုန်သွားတာလားဟင် သစ်ကုလားအုတ်......"
"ငါ့နာမည်က Sooyoung.... သစ်ကုလားအုတ်လို့ မခေါ်နဲ့ဟာ......"
"Aww ok ok ငါ ခင်ညားကို သစ်ကုလားအုတ်လို့ မခေါ်တော့ဘူး ခင်ညားက ခင်ညားကို သစ်ကုလားအုတ်လို့ ခေါ်တာ မကြိုက်ဘူး ထင်တယ် အဲ့တာကြောင့် ငါ ခင်ညားကို သစ်ကုလားအုတ်လို့ မခေါ်တော့ဘူးနော် Sooyoung......"
"Apk "
"ဟီး Sooyoung shii......"
"ဘာတုံးပြော......"
"ဟာ လူနာကို စကားပြောတာက ဘယ်လိုကြီးတုံး "
" Nae အမိန့်ရှိပါ..... Taeyeon shii....."
"ရွဲ့တာလား "

YOU ARE READING
My Baby is Psycho
Fanfictionနင်လည်း ငါချစ်ခဲ့တဲ့ သူတွေလိုဘဲ တနေ့ကျ ငါ့ကို ထားခဲ့မှာ မဟုတ်လား Tiffany...... နင်ငါ့ကို ထားခဲ့ရင် ငါနင့်ကို သတ်ပစ်မှာနော် နင့်ကို ငါ့အနားကနေ ခေါ်သွားတဲ့ လူမှန်သမျှကို အကုန်သတ်မှာ #Taney #Myanmar နင်လည်း ငါချစ်ခဲ့တဲ့ သူတွေလိုဘဲ တ...