Chapter-3

478 39 12
                                    

Forever yours

'ဆောင်း...သံ...ချို'

"ဟာခြူးမ ငါ့နာမည်ကို၁လုံးချင်းမခေါ်နဲ့ မကြိုက်ဘူးဆိုနေ...
ကဲငါ့ကိုထမင်းစားဆောင်ကနေ ဒီနေရာထိဆွဲခေါ်လာရတဲ့အကြောင်းအရင်းလေးပြော"

သူတို့ ရောက်နေတဲ့နေရာက အဆောင်မိန်းကလေးအိမ်သာရဲ့ အနောက်ဘက်ချောင်ကျကျနေရာ၁ခု..

ကျောင်းဆင်းလာကတည်းကသူ့ ကိုထမင်းမြန်မြန်စားခိုင်းပြီး..
ပြောစရာရှိ လို့ ဆိုပြီး...ဆွဲခေါ်လာတဲ့
အိမ့်ခြူးမေရယ်လေ....

"ဟို..ဟိုလေ..ငါ ခန့် ခန့် မှူးကို ကြိုက်နေပြီထင်တယ်..."

"ဘာ..ခန့် ခန့် မှူး..!!
အဲ့ဘောပြားမကိုများ...နင်မို့ လို့ ...
အေးပါ...ငါထင်တော့ထင်သားပဲ..အဲ့ဟာမကိုနင် Pre၁လတန်းကတည်းကကြွေနေတာမလား..."

"Heeheeဟုတ်တယ်....သူငါတို့ ထမင်းစားဝိုင်းကိုပထမဆုံးလာထိုင်တဲ့နေကတည်းကပဲ...
နင်ကတော့ကြည့်မရဘူးမလား...ငါသိတယ်.."

တွေးဆဆပြောနေတဲ့ကျွန်မသူငယ်ချင်း အိမ့်ခြူးမေဆိုတာလည်း...အတော်လှတဲ့ကောင်မလေးပါ
တရုတ်စပ်မို့ လို့ သူ့ အသားအရည်က
ကျွန်မလိုမြန်မာစစ်စစ်ထက် အတန်ငယ်ဖွေးနေတယ်
ပြီးတော့သူ့ မှာပြုံးလိုက်ရင်လှလှပပပေါ်လာတတ်တဲ့ ပါးချိုင့်လေးကလည်း
ပါး၂ဖက်မှာအစီအရီ

"ကြည့်မရတာထက် သောက်မြင်ကပ်တာဆိုပိုမှန်မယ် ခြူးမရေ...
နင့်ဟာကြီးက...သူ့ ကိုယ်သူဘာမှတ်နေမှန်းမသိ...
စကားပြောရင် တစ်ကိုယ်ကိုယ် နဲ့ 
ဒီကြားထဲ ကောင်မလေးချောချောလေးတွေဆိုငမ်းကြောထတဲ့မျက်လုံးနဲ့ လိုက်ကြည့်သေးတာ...
ကောင်မရာ ငါ့လောက်တောင်ပုံမလာပါဘူး......
နင်....ငါ့သာကြိုက်လိုက်....."

"အမလေး..ခန့် ခန့် ကိုမရရင်နေ....
ဆောင်းသံချိုဆိုအလကားပေးတောင်မယူဘူး....."

အချစ်ဆုံးသူငယ်ချင်းတွေမို့ လားမသိ...ပြောလိုက်ရင်ပိုးစိုးပက်စက်...
ပြီးရင်လည်းမျက်နှာ၁ချက်မပျက်ကြဘူး
အပြောခံရလွန်းလို့ ထူပူနေတာဖြစ်ပေလိမ့်မည်...

"အေးပါ...ငါတတ်နိုင်သလောက်ကူညီပေးမယ်...ဟုတ်ပြီလား...
အခုတော့နင့်ကြောင့် ငါ့ TODAY စာအုပ်တွေ ထမင်းစားဆောင်ရှေ့ က ခုံမှာကျန်ခဲ့ပြီ..."

"SORRYဟာ လိုက်ခဲ့ပေးမယ်..."

သူတို့ ကျောင်းဝန်းဟာ ပိတောက်ပင်တွေ အစီအရီနဲ့ လှပလွန်းပါသည်...

ပြီးတော့ပိတောက်ပင် ပင်စည်မှာ၁ပတ်လည်ခုံဝိုင်းလေးတွေ...ရိုက်ထားသေးသည်...

ပြီးတော့ကျောင်းဝန်းကနေလှမ်းမြင်ရတဲ့ တောင်တန်းတွေ...

ညနေတိုင်းမြင်ရနေကျ..နေ၀င်ခါနီးမြင်ကွင်းတွေ...ဒါတွေဟာသူတို့ ကျောင်းရဲ့အလှတွေပဲလေ....

ထမင်းစားဆောင်ကတော့...အစောကနှင့်မတူ စားသောက်ပြီးအဆောင်ပြန်သွားသောသူများနှင့်တိတ်ဆိတ်နေပြီ....

စာအုပ်တင်ထားတဲ့ခုံပေါ်မှာတော့သူ့ စာအုပ်လေးက အထီးကျန်စွာရှိမနေ...

"ဟဲ့ ခြူးမဒီမှာလည်း TODAYစာအုပ်၁အုပ်...ကျန်ခဲ့တာ...
မေတံခွန်ဦး တဲ့ နင်ကြားဖူးလား ဘယ်သူလည်းမသိဘူး??
ငါယူသွားပေးလိုက်ရမလား..."

"ယူမနေပါနဲ့ ....ကျောင်းမှာလူသစ်တွေထဲက နာမည်မသိတာက ခပ်များများရယ်
တိုင်ပတ်နေပါဦးမယ်..."

ခြူးအပြောကြောင့် ကိုယ့်စာအုပ်ကိုကောက်ယူရင်းအဆောင်ကိုအပြန်.....

"Ahh~
ဖြေးဖြေးပြေးပါဟ..."

ပခုံးကိုဖြတ်တိုက်သွားသောလူသား၁ဦးကြောင့်....

"အယ်...Sorryညီမ. အစ်မ အရေးကြီးနေလို့ ...."

ကြားလိုက်ရသောအသံချိုချိုလေး
လူတောင်အငွေ့ ပျံချင်သွားသည်...

သူ့ ရဲ့ repeaterမမ မိုးပြာရောင်Studyအင်္ကျီလေးနှင့်.....
ပြီးတော့ တောင်းပန်ပြုံးလေးလက်ဆောင်ပေးသွားသေးသည်...

ပြီးတော့သူတို့ အနားမှာ ခနတာ ဝေ့သီသွားခဲ့သော အနံ့ မွှေးမွှေးလေး

ပြေးသွားမှုကြောင့်လေထဲမှာဝေ့သွားတဲ့ဆံစလေးတွေ....

မျက်စိတို့ က အတောမသတ်နိုင်စွာ လိုက်ကြည့်တော့...
သူ့ မမဦးတည်သွားရာက...အထီးကျန်နေသော..ခုံပေါ်ကစာအုပ်လေးဆီ...

"Arr...ဘယ်လိုတောင်...ချစ်စရာကောင်းလိုက်တာ..."

ပါးစပ်ကနေ အသံသေးသေးလေးထွက်သွားပြီမှာ ရှက်ကိုးရှက်ကန်းနဲ့ ....ပါးစပ်ကိုပိတ်ပြီး
ခြူးကိုကြည့်တော့...
ခြူးကတော့...အံ့သြသောမျက်လုံးတွေနဲ့ ပါးစပ်အဟောင်းသားသူ့ ကိုကြည့်လို့ ...

"ကဲ ခြူးမ အံ့သြတော်မူမနေနဲ့ ငါအဲဒီ့ repeater မမကိုပိတ်ကြွေနေတာ...
နင့်ကိုပြောပြမလို့ ပဲ..."

အရှက်ပြေပြောလိုက်ရင်းသူ့ နှုတ်ခမ်းလှလှလေးတွေဆီက ရေရွတ်မိတဲ့နာမည်လေးက

"မေတံခွန်ဦး"တဲ့.....

Tbc.......










Forever Yours(hiatus)Where stories live. Discover now