Chapter-1

661 46 1
                                    

"အဆောင်"
အဆောင်ဆိုတာ ကျွန်မဘ၀မှာအမုန်းဆုံးအရာ....
ကျွန်မကိုမိဘတွေနဲ့ ခွဲထားတဲ့နေရာ....၁ချိန်လုံးစာတွေပဲအတင်းလုပ်ခိုင်း....စာမေးပွဲတွေပဲစစ်ပြီး....
ကွန်မအတွက်ကောင်းကျိုးမပေးတဲ့အရာ.....
အခြားသူတွေစိတ်ထဲဘယ်လိုသတ်မှတ်လည်းမသိပေမဲ့ ကျွန်မကတော့အဲ့လိုပဲသတ်မှတ်တယ်....

TBS -  "The Best Student"အဆောင်ဟာ...ကျွန်မတို့ နေပြည်တော်..မှာနာမည်ကြီးပါတယ်
ကျယ်ဝန်းတဲ့ကျောင်းဝန်း..သင်ကြားမှုကောင်းတဲ့နာမည်ကြီးဘာသာပြတွေ...ကွပ်ကဲမှုကောင်းတဲ့ guide ဆရာ..ဆရာမလေးတွေကြောင့်..
TBSကျောင်းကို အနယ်နယ်အရပ်ရပ်ကပါလာတက်ကြတယ်လေ....
အဆောင်နေကျောင်းသားအရေအတွက်ကန့် သတ်ထားပြီး...Entrance-examကိုသတ်မှတ်ထားတဲ့ targetထိအောင်မြင်မှသာ..
ကျောင်းတက်ခွင့်ရတာ..

ဒီနှစ်အတွက်ကတော့၁၀တန်းကန့် သတ်အရေအတွက်က ၃၅၇ယောက်ပါ
အခုတော့ကျွန်မက၁၀တန်းပေါ့ ၉တန်းနှစ်ကတည်းက TBSမှာ အဆောင်နေခဲ့ရတာဆိုတော့ အဆောင်ဒုက္ခတွေကိုကောင်းကောင်းကြီးနားလည်နေတာ...

TBSက အဆောင်နေမယ့်ကျောင်းသားတွေအတွက် တကယ်တတ်ချင် မတက်ချင် သေချာဖို့ Prepare time 1လစမ်းတက်ခိုင်းလေ့၇ှိတယ်
Prepare timeကာလကတော့သင်္ကြန်မတိုင်ခင်လေ...

ကျွန်မတို့ TBSရဲ့ 
Airconမရှိပူလောင်အိုက်စက်တဲ့နွေရာသီရဲ့ prepare time 1monthကာလကို
ငို၁လှည့် ရီ၁လှည့်ကုန်ဆုံးပြီးနောက်မှာတော့
သင်္ကြန်ကျောင်းပြန်ပိတ်ချိန်ကိုရောက်ရှိခဲ့တယ်လေ...

Prepare ၁လတန်းမှာ သင်လာတဲ့၁၀တန်းစာတွေကို
သင်္ကြန်ရေနှင့်အတူသန့် စင်ပြီးနောက်..

၁ရွှေ့ ရွေ့ ကုန်လာတဲ့အချိန်တွေနဲ့ အတူ mayလ7ရက်နေ့ အဆောင်ပြန်ဝင်ရမယ့်နေ့ ကိုရောက်လာပြန်ရော

ဆောင်းသံချိုဟုအမည်တွင်အပ်သောကျွန်မသည် မိဘများအပေါ်ချွဲနွဲ့ ဆိုးနေတတ်သောမိန်းကလေး၁ယောက်မဟုတ်ပါ
အတော်အတန်ကြည့်ကောင်းသောခန္ဓာကိုယ်အချိုးအစားနှင့်....5'6.5"ဟူသည့် ရှည်လျားလှသောအရပ်အားပိုင်ဆိုင်ထား
သူတျောက်ပါ....

ကျောပေါ်ဝဲကျနေသောမရှည်၁ရှည်ဆံပင်တို့ သည်လည်း..ပိုးဖယောင်းအလား..သဘာဝအတိုင်းနူးညံ့လှတယ်ဟုပြောလေ့ရှိကြသလို
မေမေက ကြောင်မလေးတွေရဲ့ မျက်လုံးနှင့်တူသည်ဟု မကြာမကြာပြောတတ်သော...
မျက်ဝန်းလှလှနှင့်အတူ အမြဲလိုလိုcherryရောင်သန်းနေသောနှုတ်ခမ်းပါးအား...
ဘုရားပေးသောဆုလာဘ်အဖြစ်ကျွန်မရရှိထားပါသည်........

Forever Yours(hiatus)Where stories live. Discover now