ရှိုးတိုးရှန့်တန့်

1.9K 202 1
                                    

"ဟေ့ကောင်! အသက်ရှိသေးလား? မင်း အဆင်ပြေရဲ့လား?" သူငယ်ချင်းဖြစ်သူက သူ့ရဲ့မျက်နှာရှေ့မှာ လက်ကိုဝှေ့ရမ်းရင်း ပြောနေတယ်။


"ငါ့ကို တစ်ယောက်တည်း လွှတ်ထားလိုက်စမ်းပါကွာ" နေ့လည်စာစားဖို့အတွက် ခုံတန်းရှည်ကြီးမှာ ထိုင်နေတဲ့ Chanyeol စားပွဲပေါ်လက်တင် ခေါင်းငုံ့အိပ်လိုက်ရင်း စိတ်ပျက်စွာ ပြောလိုက်တယ်။ "အတော် ဆိုးရွားတဲ့ လုပ်ရပ်တစ်ခု ငါလုပ်လိုက်မိပြီ ထင်တယ်"


"ဘာကိုလဲ?" သူ့ သူငယ်ချင်းကတော့ သိပ်မအံ့သြတဲ့ လေသံနဲ့ မေးလိုက်တယ်။"Daeryeong က ငါ့ကို မုန်းသွားပြီ ထင်တယ်....""ဟင် အစကတည်းက မုန်းနေတာမဟုတ်ဘူးလား" xD"ဟေ့ကောင် မင်းစကားက ကူညီရာ မရောက်ဘူးကွ!" Chanyeol က စိတ်တိုတိုနဲ့လက်ထဲက ပေါင်မုန့်နဲ့ သူငယ်ချင်းကို ပစ်ပေါက်လိုက်တယ်။"ဘယ်လို လုပ်မလဲ... သူငါ့ကို မကြည်ဖြူတော့ရင် ဘယ်လိုလုပ်မလဲ? ဒါတွေအကုန်လုံး ပြီးဆုံးသွားရင် ဘယ်လိုလုပ်မလဲ?"


"ဒါဆိုလည်း အသစ်တစ်ယောက် ရှာလိုက်လေ" သူ့သူငယ်ချင်းက ပြောတယ်။ Chanyeol က ပြန်ပြီး ချေပမယ် ကြံရွယ်နေတုန်းမှာ သူ့သူငယ်ချင်းရဲ့ အကြည့်တွေက တခြားကို ရောက်သွားမှန်း သတိထားမိတယ်။ သူလည်း မျက်တောင်ခတ်လိုက်ရင်း အနောက်ကို လှည့်ကြည့်လိုက်တဲ့အခါ သူ့သူငယ်ချင်းရဲ့ ဆရာဖြစ်နေတဲ့ Junwi (ဝရမ်းအရာရှိ) က သူတို့ဘက်ကို လာနေတယ်လေ။ အဲဒီ အရာရှိက သူ့သူငယ်ချင်းကို အကောင်းဆုံးပြုံးပြလိုက်ပြီးနောက်မှာတော့ သူ့ရဲ့လက်ဖော်ကိုင်ဖက်တွေနဲ့အတူ တစ်ဖက်ကို ဆက်လျှောက်သွားပါတော့တယ်။


သူ့သူငယ်ချင်းကို ကြည့်လိုက်တော့ တစ်ယောက်တည်း အတွေးတွေလွန်နေတယ်။ Chanyeol ပစ်ပေါက်လိုက်တဲ့ ပေါင်မုန့်လေးကို လက်ထဲကိုင်ရင်း အူကြောင်ကြောင်နဲ့ ငေးကြည့်နေတယ်လေ။"ဆောရီးကွာ... မင်းဘာပြောလိုက်တာလဲ?" ခဏကြာမှ သတိပြန်ဝင်လာတယ်။"မင်း ... မင်းအဆင်ပြေရဲ့လား""ပြေတာပေါ့ကွ .. တကယ်တော့ ဒီထက်ပြေတဲ့အချိန်တောင် ရှိမယ်မထင်ဘူး .. မင်းဘာလို့မေးတာလဲ?""မဟုတ်.. မင်း...ကို.. ကြည့်ရတာ.. တစ်မျိုး..ဖြစ်..." ဘာမှန်းမသိတဲ့ အကြောင်းအရင်း တစ်ခုကြောင့် Chanyeol နေရထိုင်ရ ခက်လာတယ်။ သူ့သူငယ်ချင်း ဒီလို ဖြစ်သွားတာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဘယ်လိုပြောရမလဲ... သူ့သူငယ်ချင်း ဒီလို တောက်ပ လန်းဆန်းနေတာမျိုး တစ်ခါမှ မမြင်ဖူးဘူး။

ဗိုလ်ချုပ်ကြီး  Wu [Yifan x Chanyeol] (Completed)Wo Geschichten leben. Entdecke jetzt