လက်​တွေ့စမ်းသပ်ကြည့်ခြင်း [Rated-M]

4.2K 241 12
                                    

စစ်သားတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ အိပ်မက်ကြီးကို ရင်ဝယ်ပိုက်ပြီး စခန်းထဲ ဝင်လာခဲ့ချိန်ကတော့ Chanyeol ဟာ ဆယ့်ငါးနှစ်သာသာပဲ ရှိပါသေးတယ်။ စစ်သားတစ်ယောက်လုပ်ဖို့ စိတ်ကူးထဲတောင် မရှိခဲ့သူတစ်ယောက်ပါ။ အဲဒါက တပ်မကြီးတစ်ခုလုံးရဲ့ ဝေဖန်မှု ကဲ့ရဲ့မှုတွေ အားလုံးကို သိမ်းကျုံးယူသွားခဲ့တဲ့ နိုင်ငံခြားသား စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ သတင်းတွေကို မကြားမိခဲ့ချိန် အထိပေါ့။

အဲဒီသူရဲ့ အံ့မခန်းဖွယ် အရည်အသွေးတွေဟာ Chanyeol အပေါ် တော်တော်ကို ဝင်ရောက်စိုးမှိုးသွားခဲ့လိုက်တာဟာ သူကိုယ်တိုင် စစ်သားတစ်ယောက် ဖြစ်ချင်လာခဲ့မိတဲ့အထိပါပဲ။ ဘဝမှာ ကိုယ့်ရဲ့လောကကြီးအပေါ် အတွေးအမြင်တွေ အားလုံးကို ပြောင်းလဲပေးနိုင်တဲ့သူတစ်ယောက်နဲ့ မဖြစ်မနေ တစ်ကြိမ်တစ်ခါတော့ ကြုံခွင့်ရလိမ့်မယ်ဆို Chanyeol အတွက်ကတော့ ထိုသူပါပဲ။ သူ့ကိုယ်တိုင် မသိခဲ့ပေမယ့် ထိုသူဟာ သူ့အပေါ်ကို အတော်လွှမ်းမိုးနိုင်ခဲ့တာပါ။

Chanyeol အတွက်တော့ ထိုသူဟာ သူ့ရဲ့ အင်အား။ သူ့ရဲ့ ပန်းတိုင်။ သူ့ရဲ့ အရာအားလုံးပဲပေါ့။

ဒါကြောင့် Daeryeong ရဲ့ နူးညံ့တဲ့ အထိအတွေ့အောက်မှာ သူတုန်ယင်နေမိတယ်။ ဘဝတစ်လျှောက်လုံး ဒီလို ခံစားမှုမျိုး ပထမဦးဆုံးအကြိမ် ခံစားသိရှိရတာမို့ သူ ဘာမှ မတတ်နိုင်ခဲ့ဘူးလေ။


"တောင်းပန်ပါတယ်" အရယ်တစ်ချက်နဲ့အတူ Yifan တောင်းပန်လိုက်တယ်။ နူးညံ့တဲ့အပြုံးတစ်ခုဟာလည်း သူ့မျက်နှာပြင်ပေါ် လိုက်လာတယ်။ "တချို့နေရာတွေကတော့ သိပ်ပြီး နေလို့ကောင်းမယ်မထင်ဘူး ဟုတ်တယ်မလား?"

"ဟင်?" ဘာကိုဆိုလိုချင်နေမှန်း Chanyeol နားမလည်ဘူး ဖြစ်နေတယ်။ Yifan လုပ်သမျှ အရာအားလုံးကတော့ သူ့ကိုယ်သူ ကောင်းတယ်လို့ ခံစားနေရတာပဲလေ။

"ရမ္မက်သွေးကြွလွယ်တဲ့ အစိတ်အပိုင်းတွေ ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် မတူဘဲ ခြားနားလေ့ရှိတယ်။ တချို့သူတွေက ဒီနေရာကို အထိမခံနိုင်ပေမယ့် တချို့ကတော့ ခံနိုင်လေ့ရှိတယ်။ အခုအခြေအနေမှာတော့ ..."

ဗိုလ်ချုပ်ကြီး  Wu [Yifan x Chanyeol] (Completed)Hikayelerin yaşadığı yer. Şimdi keşfedin