သူတို့နှစ်ယောက်လုံး တစ်ခါမှ မမျှော်လင့်ထားတဲ့အရာတစ်ခုကို ကတိအဖြစ် ပေးလိုက်ခဲ့ကြပြီ။ Daeryeong ရဲ့ အခန်းမှာ တွေ့မယ်လို့လည်း ချိန်းဆိုခဲ့ကြပြီးပြီ။ ဒီအဖြစ်အပျက်တွေကို အခုအချိန်ထိ Chanyeol မယုံနိုင်သေးဘူး။
ဒီညမှာ တစ်ခုခုဖြစ်တော့မယ်ဆိုတာ သူကျိန်းသေနေတယ်။ သူ စိတ်ရော ကိုယ်ပါ အဆင်သင့် ဖြစ်နေပြီလား? သူ့ကိုယ်သူတောင် မသေချာပါ။ ဒါတင်မက နောက်ထပ်အရာပေါင်းများစွာကိုလည်း သူသေချာမရေရာ။
တပ်သားငယ်များရဲ့ အဆောင်ထိ လာခေါ်မယ့် Yifan ကို စောင့်ရင်း အတွေးပေါင်းများစွာ တွေးနေခဲ့တယ်။ စီနီယာ အရာရှိတွေရဲ့ အဆောက်အအုံနဲ့ဆို တစ်ဆောင်နှစ်ဆောင်သာ ဝေးတာပါ။ တုပ်တုပ်မျှ မလှုပ်နိုင်ဘဲ ခေါင်းအုံးထဲကို ခေါင်းနှစ်ရင်း တောင်စဉ်ရေရွတ် လျှောက်ပြောနေရုံကလွဲပြီး ဘာမှမလုပ်နိုင်တဲ့ သူ့အဖြစ်ကို သူ သည်းမခံနိုင်ဘူး ဖြစ်နေတယ်။ အခုပဲ အန်ထွက်တော့မလို ချက်ချင်းပဲ မေ့လဲသွားတော့မလို ခံစားနေရလောက်အောင် သူစိတ်လှုပ်ရှားနေခဲ့တာပါ။
"စိတ်ငြိမ်ငြိမ်ထားပါကွာ..." အခန်းရဲ့ တစ်ဖက်တစ်ချက်မှာ ရှိနေတဲ့ သူငယ်ချင်းက သူ့နားကို လျှောက်လာရင်း ခေါင်းလေးကို ပုတ်ကာ ပြောလိုက်တယ်။ "သူ့ရဲ့ အခန်းကို မင်းကို ဖိတ်ပါတယ်ဆိုမှတော့ မင်းကို သဘောကျလို့ပေါ့ကွာ.. အဲဒီလောက် ဘာတွေ စိတ်လှုပ်ရှားဖို့လိုလို့လဲ?"
"ဟိုလေ .. မင်း သိတယ်မလား..." Chanyeol ခေါင်းအုံးထဲ မျက်နှာနှစ်ရင်း ဗလုံးဗထွေးပြောလိုက်ပြန်တယ်။ "ငါတို့ ... ငါတို့ အဲဒါ လုပ်ဖြစ်ရင် ဘယ်လိုလုပ်မလဲ?"
"အဲတော့ရော ဘာဖြစ်လဲ?" Chanyeol က မွေးခါစ ခွေးပေါက်ငယ်လေး တစ်ကောင်လို အပြစ်ကင်းစင်မှန်း သိနေလို့ သူပိုပြီးတော့တောင် စချင်နေမိတယ်။
"မသိဘူးလေ!! အဲဒါကြောင့် စိတ်လှုပ်ရှားနေတာပေါ့!!"
"အဲဒါက ရှောင်လွှဲလို့ မရဘူးကွ Chanyeol ရ! စိတ်လှုပ်ရှားတယ်ဆို စိတ်လှုပ်ရှားတယ်လို့မှတ်!!"
"ဟေ့ကောင်!! ငါပုံစံကိုမြင်ပြီး သူငါ့ကို ဖိတ်လိုက်မိလို့ နောင်တရသွားရင် ဘယ်လိုလုပ်မလဲ??"
BẠN ĐANG ĐỌC
ဗိုလ်ချုပ်ကြီး Wu [Yifan x Chanyeol] (Completed)
Fanfictionဒီမှာ တခြားဆရာတွေလည်းရှိတယ် ဆိုတာ မင်းသိတယ်မလား?" ဝရမ်းအရာရှိတစ်ယောက်ရဲ့ တပည့်အဖြစ် ခံယူထားတဲ့သူ့သူငယ်ချင်းတစ်ယောက်က ပြောတယ်။ "ဘာဖြစ်လို့ သူ့ကိုမှ တမ်းတမ်းစွဲ ဖြစ်နေရတာလဲ?" "ဘာလို့လဲဆိုတော့!!" Chanyeol က ခပ်တည်တည်ပဲ ပြန်ဖြေပေးလိုက်တယ်။ "တစ်ယောက်...