💙We belong to each other-1💙

1.5K 118 8
                                    

"အတန်းပြီးရင် library မှာစောင့်နေနော်...ငါလာခဲ့မယ်"

...ဆိုပြီး ပြုံးကာပြောသွားသောသူ့ကို ပြန်မြင်ယောင်ရင်း ကျွန်တော်ပါပြုံးနေမိသည်။ သူဆိုတာကတော့ ကျွန်တော်တို့အတန်းရဲ့ အတန်းခေါင်းဆောင်ပေါ့။ သဘောလည်းအရမ်းကောင်းသလို ရုပ်ရည်ကလည်း အပြစ်ပြောစရာမရှိလောက်အောင်ပဲဆိုတော့ အတန်းထဲမှာသာမက တစ်ကျောင်းလုံးမှာပါ နာမည်ကြီးပြီး လူချစ်လူခင်ပေါသူတစ်ယောက်လေ။ အတန်းခေါင်းဆောင်တစ်ယောက်ပီသစွာ ဦးဆောင်နိုင်စွမ်းလည်းရှိသလို လိမ်လည်းလိမ္မာတော့ ဆရာ ဆရာမတွေရဲ့ ချီးကျူးအခံရဆုံး စံပြကျောင်းသားတစ်ယောက်လည်းဖြစ်သည်။ ကူလည်းကူညီတတ်လို့ သူက ကျောင်းသူတိုင်းရဲ့စိတ်ကူးထဲက မင်းသားလေးလိုပေါ့။ သူတစ်ခါ တစ်ခါပြုံးလိုက်လျှင် ဖြတ်သွားသည့်လူတောင် လည်ပြန်ငေးရသည်ဟု တင်စားကြသူများရှိသည်။

သူတို့တင်စားတာလည်းမလွန်ဘူးဟု ကျွန်တော်ထင်သည်။ တကယ်လည်းမှန်နေတာပဲကို...သူပြုံးလိုက်ရင် အရမ်းကြည့်ကောင်းတာ။ ကျွန်တော်ဆို သူပြုံးတဲ့အချိန်တိုင်း သတိလက်လွတ်ကို ငေးနေမိတာ။ ခုလိုပြောလိုက်တော့ အားလုံးနည်းနည်း အံ့သြသွားမယ်ထင်တယ်နော်။ ဟုတ်ပါတယ်...ကျွန်တော်ကိုယ်တိုင်ကလည်း သူ့ကိုသဘောကျနေတာပါ။ မဟုတ်သေးဘူး...သဘောကျတယ်ဆိုတာထက် ချစ်နေမိတယ်ဆိုပိုမှန်မယ်ထင်တယ်။ သူ့ကိုကြိတ်ချစ်နေမိသူပေါ့...ခုခေတ်စကားနဲ့ပြောမယ်ဆိုရင် သူက ကျွန်တော့် crush ပေါ့။ ကျွန်တော်ကလည်း ယောက်ျားလေးတစ်ယောက် သူကလည်း ယောက်ျားလေးတစ်ယောက်ဆိုတာသိပေမယ့် ကျွန်တော်သူ့ကို တကယ်ချစ်တယ်။ ယောက်ျားလေးတစ်ယောက်ကိုချစ်တယ်ဆိုလို့ ကျွန်တော့်ကို အခြောက်လို့ထင်သွားကြမှာပဲနော်။ ဟင့်အင်း ကျွန်တော်မခြောက်ပါဘူး။ ကိုယ့်ကိုယ်ကိုသေချာသိတာပေါ့...ကျွန်တော်အရင်က မိန်းကလေးတွေကိုပဲ သဘောကျခဲ့တာပါ။ ကျောင်းသူချောချောလေးတွေမြင်တိုင်း လိုက်ငေးမိတာမှ တမေ့တမော။ အရမ်းချောတဲ့ကောင်မလေးများတွေ့လိုက်ရင် ငါ့ကောင်မလေးသာဖြစ်လိုက်ရင်ဆိုပြီး စိတ်ကူးတွေမျိုးစုံယဉ်ခဲ့ဖူးသည်။ ဒါပေမယ့် ချစ်ခဲ့ဖူးတဲ့မိန်းကလေးတော့ မရှိခဲ့ပါ။ တစ်ချိန်ချိန်ချစ်ရတဲ့သူပေါ်လာခဲ့ရင် ချောချောလေးပဲဖြစ်လိမ့်မယ်လို့ တွေးခဲ့ဖူးသည်။ အခုလည်း တွေးခဲ့တဲ့အတိုင်းပါပဲ...တော်တော်လေးချောပါတယ်။ တစ်ခုပဲ...မိန်းကလေးတစ်ယောက်မဟုတ်ဘဲ ယောက်ျားလေးတစ်ယောက်ဖြစ်နေခဲ့တာပေါ့။ ကျွန်တော်သူ့ကိုချစ်မိသွားရုံနဲ့ ကျွန်တော်က ယောက်ျားလေးတွေကို သဘောကျတဲ့လူလို့သတ်မှတ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ယောက်ျားလေးတိုင်းကို သဘောကျတာမဟုတ်ဘူး...သူတစ်ယောက်တည်းကိုပဲ ချစ်မိသွားခဲ့တာ။ သူသာမဟုတ်ခဲ့ဘူးဆိုရင် အဲ့လူဟာ မိန်းကလေးဖြစ်နေခဲ့ရင်တောင် ကျွန်တော်ချစ်မိမှာမဟုတ်ပါဘူး။ ကျွန်တော့်နှလုံးသားကရွေးချယ်လိုက်တဲ့သူက သူဖြစ်နေလို့ပါပဲ။ ကျွန်တော်သူ့ကိုသိပ်ချစ်ပါတယ်......။

💙We belong to each other💙Where stories live. Discover now