💙We belong to each other-Final💙

942 104 48
                                    

ယနေ့……
ကျောင်းနောက်ဆုံးနေ့……
ကျွန်တော်တို့အားလုံး နှုတ်ဆက်ခွဲခွာရတော့မယ့်နေ့………

ကျောင်းနောက်ဆုံးနေ့ဖြစ်သလို နှုတ်ဆက်ပွဲလည်းရှိတာမို့ ကျောင်းဝင်းတစ်ခုလုံး ရှုပ်ယှက်ခတ်ဆူညံနေလေသည်။ ယနေ့ နှုတ်ဆက်ပွဲပြီးသည်နှင့် အပြည့်အဝအနားယူရန် ကျောင်းပိတ်ရက်ရှည်ကြီးကလည်း စောင့်ကြိုနေတာကြောင့် အားလုံးရဲ့မျက်နှာမှာ အပြုံးပန်းတို့ဝေဆာနေလေသည်။ အထူးသဖြင့် အပျော်ဆုံးကတော့ ကျွန်တော်တို့အထက်တန်းနောက်ဆုံးနှစ်သမားတွေပဲဖြစ်သည်။ ကျောင်းဆိုသောနေရာမှ အပြီးတိုင်ခွဲခွာကာ တက္ကသိုလ်ဆိုသော နယ်မြေသစ်သို့ချီတက်ရတော့မည်ဖြစ်၍ အားလုံးမြောက်ကြွမြောက်ကြွဖြစ်နေကြသည်။ ကျွန်တော်တို့ကျောင်း၏ ထုံးတမ်းစဉ်လာအရ ကျောင်းနှုတ်ဆက်ပွဲကို စာမေးပွဲအားလုံးပြီးမှ လုပ်လေ့ရှိသည်။ အဲဒါလည်း တစ်ခုကောင်းပါသည်လေ…စာမေးပွဲလည်းပြီးပြီဆိုတော့  ပျော်ပျော်ကြီးနှုတ်ဆက်ရတာပေါ့။ နို့မို့ဆို နှုတ်ဆက်ပွဲသာလုပ်နေရသည်…နောက်ရက်မှာ တန်းစီစောင့်နေသော စာမေးပွဲများကြောင့် ရတက်မအေးနိုင်ဖြစ်နေရသည်။ ခုတော့ စိတ်အေးလက်အေး နှုတ်ဆက်ပွဲလုပ်ရတော့မည်။

ကျောင်းနှုတ်ဆက်ပွဲကို မိဘတွေလည်းလာရောက် အားပေးကြပြီး ကလေးတွေရဲ့ဖျော်ဖြေမှုကို မျှော်လင့်တကြီးစောင့်စားနေကြသည်။ နှုတ်ဆက်ပွဲအတွက် အသီးသီး ကိုယ်သန်ရာသန်ရာကို ရွေးချယ်ဖျော်ဖြေကြမည်ဖြစ်သည်။ ဥပမာ- သီချင်းဆိုတော်တဲ့သူက သီချင်း၊ အကတော်တဲ့သူက အက၊ တူရိယာပိုင်းကျွမ်းကျင်တဲ့သူကလည်း သူနှစ်သက်ရာတူရိယာဖြင့် တီးမှုတ်ဖျော်ဖြေမည်ဖြစ်သည်။

ကျွန်တော်လား~~အင်း ကျွန်တော်ကတော့ သီချင်းဆိုမည်ဟု ဆုံးဖြတ်ထားသည်။ အစကတော့ တစ်ယောက်တည်းဆိုဖို့ စဉ်းစားထားပေမယ့် Jongdae က သူနဲ့နှစ်ယောက်တွဲဆိုရအောင်ဆိုတော့လည်း လက်ခံလိုက်မိသည်။ သူရော ကျွန်တော်ရောက အရင်ကျောင်းမှာတည်းက ဒီလိုပွဲမျိုးရှိရင် အတူဆိုနေကျဆိုတော့ သိပ်ပြီးလည်းညှိစရာမလိုဘူးလေ။ အစစအရာရာ အဆင်ပြေပါစေလို့တော့ ဆုတောင်းမိသည်။ ဘာသီချင်းလဲဆိုတော့ 1991 ခုနှစ်လောက်ကထွက်ခဲ့တဲ့ အဆိုတော် Lim Hee-Sook ရဲ့ Really I didn't Know ဆိုတဲ့ သီချင်းလေးပါ။ ကျွန်တော်နဲ့ Jongdae ကတော့ version နည်းနည်းပြောင်းဆိုဖို့လုပ်ထားသည်။ အားလုံးကြိုက်ကြမယ်လို့တော့ မျှော်လင့်မိသည်။
Yeollie ကတော့ ဘာလုပ်မလဲမသိဘူး။ ကျွန်တော်မေးတော့လည်း ဟိုလိုလိုဒီလိုလို… သူလုပ်မယ့်ဟာကို လျှို့ဝှက်နေတာနဲ့ ကျွန်တော်လည်းမမေးဖြစ်တော့။ ဂစ်တာတီးမလားမသိဘူး… Yeollie က ဂစ်တာတီးတာအရမ်းတော်တာ။ သူတစ်ခါတီးပြဖူးသည်…အဲ့တုန်းကဆို ကျွန်တော်အကြာကြီးငေးကြည့်နေမိလို့ Jongdae ရဲ့စတာနောက်တာတောင် ခံရသေးသည်။ ကျွန်တော်ငေးကြည့်မိတာလည်း ကျွန်တော့်အလွန်မဟုတ်ပါဘူး။ Yeollie ဂစ်တာတီးနေတဲ့အချိန်ဆို အရမ်းကြည့်ကောင်းတာပဲ။ ကျန်တဲ့အချိန်တွေလည်း ကြည့်ကောင်းပါတယ်…ဒါပေမယ့် ဂစ်တာတီးနေလျှင် ပိုကြည့်ကောင်းသည်... ပိုပြီးဆွဲဆောင်မှုရှိသည်ဆိုရမှာပေါ့။ ဟင်းးးး အဲလိုစဉ်းစားလိုက်တော့လည်း ဒီနေ့ဂစ်တာတီးမပြရင်ကောင်းမှာပဲ။ အတန်းထဲမှာ Yeollie ကို အသေအလဲကြိုက်နေတဲ့ မိန်းကလေးတွေမှအများကြီး။ Yeollie ရဲ့ဆွဲဆောင်မှုရှိရှိ ဂစ်တာတီးနေတဲ့ပုံသာ မြင်သွားကြည့်ပါလား…ချက်ချင်း အသေရရအရှင်ရရဆိုပြီး ဝိုင်းဆွဲရင်ခက်ရချည်ရဲ့။ ဂစ်တာမတီးရင်ကောင်းမှာပဲ…။ အတွေးနဲ့သာတားနိုင်သည်…လက်တွေ့မှာမလုပ်နဲ့ပြောလို့မရ။ သူငယ်ချင်းဆက်ဆံရေးမှာ အဲလိုတားပိုင်ခွင့်တွေမရှိဘူးလေ……။

💙We belong to each other💙Donde viven las historias. Descúbrelo ahora