သြော်…ဘာလိုလိုနဲ့ ကျွန်တော်တို့တွေ အထက်တန်းနောက်ဆုံးနှစ်တောင် ရောက်လာခဲ့ပြီပဲ။ အထက်တန်းဒုတိယနှစ် အစပိုင်းလောက်ကတည်းက Yeollie နဲ့ ကျွန်တော် သူငယ်ချင်းတွေစဖြစ်ခဲ့တာ။ အခုလား…အခုထိလည်း သူငယ်ချင်းအဆင့်ပဲ ရှိပါသေးတယ်။ အချိန်တွေသာကုန်သွားပေမယ့် ကျွန်တော်တို့နှစ်ယောက်ကတော့ သူငယ်ချင်းတွေလို ပြောဆိုဆက်ဆံနေတုန်းပဲ။ ကျွန်တော်ပြောခဲ့ဖူးတယ်မဟုတ်လား…ကျွန်တော့်ရင်ထဲက အချစ်တွေကို Yeollie သိအောင် ထုတ်ပြဖို့အစီအစဉ်မရှိပါဘူးလို့။ အဲလိုဆိုမှတော့ ခုထိသူငယ်ချင်းပဲပေါ့။ ကျွန်တော်သာဖွင့်ပြောခဲ့ရင် သူနဲ့အဆက်အသွယ်ပြတ်သွားတဲ့အခြေအနေလည်းရောက်နိုင်သလို ကံများကောင်းခဲ့ရင်တော့ သူနဲ့သူငယ်ချင်းကနေ အဆင့်တက်ပြီး ချစ်သူတွေဖြစ်ရင်ဖြစ်နိုင်မှာပေါ့။ ကျွန်တော့်ကံအခြေအနေကို ကျွန်တော်မသိတဲ့အတွက် ဖွင့်ပြောဖို့သတ္တိမရှိဘူးဖြစ်နေတယ်။ ချစ်သူအဖြစ်မနေရရင်နေပါစေ သူငယ်ချင်းတွေလိုပဲ ဆက်ခင်ရရုံနဲ့ ကျွန်တော်ကျေနပ်ပါတယ်။ Yeollie ရဲ့ကျွန်တော့်အပေါ်ထားတဲ့ သဘောထားကို ကျွန်တော်မမှန်းတတ်ဘူးဗျ။ သူကကျွန်တော့်ကိုအရမ်းဂရုစိုက်တာတော့ အမှန်ပဲ။ ဒါပေမယ့် ဒီလိုမျိုးဂရုစိုက်ရုံလေးနဲ့တော့ ကျွန်တော့်ကိုသူငယ်ချင်းတစ်ယောက်ဆိုတာထက် ပိုချစ်နေတယ်လို့ သတ်မှတ်လို့မရနိုင်ဘူးလေ။ ကျွန်တော့်ဘာသာ တစ်ယောက်တည်း စိတ်ကူးယဉ်ပြီး အထင်မှားနေလို့မဖြစ်ဘူး။ အကယ်၍များမဟုတ်ခဲ့ရင် မျှော်လင့်ချက်တပုံတပင်နဲ့ ကျွန်တော်ပဲရူးကျန်ခဲ့ရမှာ။ Jongdae ကတော့ ပြောတယ်။ Chanyeol ကလည်း မင်းကိုချစ်နေတဲ့ပုံပဲတဲ့…မင်းကိုကြည့်တဲ့ပုံတွေ ဂရုစိုက်တဲ့ပုံတွေက သာမန်သူငယ်ချင်းတစ်ယောက်ရဲ့ အပြုအမူနဲ့ အရမ်းကြီးကွာဟနေတယ်တဲ့။ အဲလိုသာဆိုရင် သိပ်ကောင်းမှာပဲလို့ ကျွန်တော်တွေးမိတယ်။ ဒါပေမယ့်လည်း သိပ်ပြီးမမျှော်လင့်ရဲပါဘူး…ကျွန်တော့်ကံတရားက ဘယ်လိုလဲမှမသိတာ။ အကယ်၍ ကျွန်တော်နဲ့ Yeollie သာ ဖူးစာမှန်ရင် တစ်ချိန်ချိန်တော့………ဟူးးးးး ကျွန်တော်မမှန်းရဲပါဘူးဗျာ။ ဒီတိုင်းလေးနေတာပဲ ကောင်းပါတယ်။