💙We belong to each other-3💙

751 89 11
                                    

BH's pov……

ကံတရားကကျွန်တော့ဘက်မှာရှိနေသည်ထင်၏။ နောက်နေ့မနက်တွင် Yeollie တစ်ယောက် ကျွန်တော့်အိမ်ရောက်လာခဲ့သည်။ Baekhyunee နေမကောင်းမှန်းသိလို့ လူနာသတင်းလာမေးတာတဲ့လေ။ omma ကတော့ Yeollie ကို အတန်းခေါင်းဆောင်မို့လို့ပဲလားမသိ သဘောတွေစွတ်ကောင်းနေလေသည်။ ဘယ်လောက်ထိလဲဆိုလျှင် တစ်ခါပဲတွေ့ဖူးသည့်… ယခုတစ်ကြိမ်နှင့်မှ နှစ်ခါသာတွေ့ဖူးသေးသည့်သူကို ကျွန်တော်နှင့်သိပ်မရင်းနှီးမှန်းလည်းသိလျက် အခန်းထဲထိပေးဝင်ခဲ့သည်။ omma ကစိတ်ချပေမယ့် ကျွန်တော်ကမနေတတ်ဖြစ်နေသည်။ Yeollie က ကျွန်တော့်ကိုသက်သာလားဟုမေးရင်း နဖူးကိုလက်နဲ့စမ်းကြည့်သည်။ နောက်ပြီး မျက်မှောင်ကုတ်သွားကာ ကိုယ်တွေပူနေတုန်းပဲဟုပြောတော့ omma က ပျာပျာသလဲနှင့် ခုထိကိုယ်ပူမကျသေးတာလားဆိုပြီး လာစမ်းကြည့်သည်။ အမှန်က ကိုယ်ပူမကျတာမဟုတ်…Yeollie ကနဖူးကိုလာစမ်းလိုက်တော့ ရှက်စိတ်ကြောင့်ထူပူသွား၍ မျက်နှာတွေပါပူလာရခြင်းဖြစ်သည်။

မင်းနဲ့ပတ်သက်လာရင် အဖြစ်အပျက်သေးသေးလေးကအစ လိုက်ရင်ခုန်နေမိတာ မလွယ်ပါလား Yeollie ရာ…။

ကျွန်တော့်ကိုဆေးမှန်မှန်သောက်ပြီး မြန်မြန်နေကောင်းအောင်လုပ်ဖို့ပြောကာ သူပြန်သွားခဲ့သည်။ omma ကိုလည်း ကျွန်တော့်လွတ်သွားသောကျောင်းစာများနှင့်ပတ်သက်၍ သူကူညီပေးမည်ဖြစ်၍ စိတ်မပူရန်မှာသွားခဲ့သည်။ ကျွန်တော့်မှာ ကြည်နူးလိုက်တာလေ…။ ကိုယ်ချစ်ရသည့်သူက ကိုယ့်အတွက်အစစအရာရာကူညီပေးနေသည်ဆိုသောအသိက ရင်တစ်ခုလုံး ကြည်နူးမှုအပြည့်ဖြင့် နွေးထွေးသွားစေသည်။ ဝဲဘက်ရင်အုံအတွင်းမှလည်း လှစ်ခနဲနွေထွေးသွားမှုကို ခံစားလိုက်ရသည့်နည်းတူ နှလုံးအိမ်သည် ဆတ်ကနဲခုန်လှုပ်သွားရသည်။
သိပ်ချစ်တယ်…Yeollie~~~

💞💞💞💞💞

ထိုတစ်ပတ်လုံးကျောင်းမတက်ဖြစ်လိုက်ဘဲ ယနေ့မနက်မှကျောင်းပြန်တက်ရ၍ ယခုမှစာပြန်ကူးနေရခြင်းဖြစ်သည်။ တစ်ပတ်စာသင်ထားသောစာများကြောင့် တစ်ရက်ထဲအပြီးမကူးနိုင်မှန်းသိသော် ကျွန်တော်သည်ပင်ပန်းမည့်ကိစ္စကိုပင်မတွေးနိုင်ဘဲ နောက်ရက်တွေမှာလည်း အတန်းပြီးတိုင်း Yeollie နဲ့တွေ့ရမည်ကိုတွေးမိကာ ကြိတ်ပျော်နေမိသည်။ Yeollie ၏မျက်နှာချောချောကို အနီးကပ်ငေးကြည့်ရင်း အစိတ်အပိုင်းတစ်ခုချင်းစီကို အသေးစိတ်မှတ်သားနေမိသည်။ ကူးရမည့်စာများ၌ အာရုံမရောက်နိုင်ဘဲ ကျွန်တော့်အားပြုစားနိုင်လွန်းသော နတ်သားလေးဆီသို့ပင် စိတ်အစုံကလွင့်မျောနေမိသည်။ သူ့ကိုခိုးငေးနေမိသည့်အချိန် သူမော့ကြည့်လာသည်နှင့်တိုးသည့်အခါ မသိမသာအကြည့်လွှဲလိုက်ရသည့်အခါများရှိသည်။ ထိုသို့သောအခါများ၌ ဝဲဘက်ရင်အုံတွင်းရှိ  နှလုံးအိမ်မှာတော့ မျက်ဝန်းတို့ကဲ့သို့ဟန်မဆောင်နိုင်ဘဲ သစ္စာရှိစွာ ဆူညံခုန်ပေါက်နေတော့သည်။ ဒီလိုမျိုးဆို ကြာရင်ကျွန်တော်ရူးသွားမလားမသိနိုင်ပေမယ့် သူနဲ့တူတူရှိနေချိန်များကို တစ်စက္ကန့်လေးပဲဖြစ်ဖြစ် အမိအရဖမ်းဆုပ်ထားချင်မိသည်။

💙We belong to each other💙Tahanan ng mga kuwento. Tumuklas ngayon